မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, 22 January 2016

တောက်တောက်ကြော်

















တောက်တောက်ကြော်

တောက်တောက်ကြော်ကဟင်းအသစ်အဆန်းကြီးမဟုတ်ပေမဲ့ဆိုင်ထမင်းဆိုင်ဟင်းစားတဲ့အချိန်ဆိုရင်တခါတရံရွေးချယ်တတ်ကြမယ်ထင်ပါတယ်။သီးနှံကြိုက်တဲ့ဆိုဖီယာအတွက်တော့မကြာခဏဆိုသလိုလုပ်စားဖြစ်ပါတယ်။ဒီနည်းလေးကတော့မိရိုးဖလာအစဉ်အဆက်ရောင်းလာတဲ့နည်းလေးဖြစ်ပါတယ်။
ပါဝင်ပစ္စည်း
******
ကြက်သားမုန့်နှစ်ကြော်အတွက် (ပွဲကြီးတစ်ပွဲစာ)
ကြက်သား - လက်တစ်ဆုပ် ၁၅၀ ဂရမ်
ကြက်ဥ -တစ်လုံး
တန်ပူရာမှုန့် (သို့) ဂျုံ - ၁၀၀ ဂရမ်
ဆား - အနည်းငယ်
ဆီ - ကြော်ရန်
သီးနှံစုံကြော်ရန်အတွက်
ကြက်သွန်ဖြူ - ၂မြောင်း
မုန်ညင်းဖြူ ၊ စိမ်း - ၂ပင်
မုန်လာဥနီ - သေးသေး တစ်တောင့်
ပြောင်းဖူး - ၅တောင့်
ေ၇ွှပဲ - ဆယ်တောင့်
ကန်စွန်း၇ွက် - လက်တစ်ဆုပ်
ပဲပင်ပေါက်- လက်တစ်ဆုပ်
ပန်းပွင့် /စိမ်း -တစ်ခက်
ဘိုစားပဲ - ၅တောင့်
ခရမ်းချဉ်သီး - တစ်ခြမ်း
ကြက်ပြုတ်ရည် - တစ်ပန်းကန်
ဆား - လိုသလောက်
ဟင်းခပ်မှုန့် - ၂ဇွန်းစားပွဲတင်ဇွန်း
ကော်မှုန့် - ၂ဇွန်း
ငရုတ်ဆီ - တစ်ပန်းကန် (chilli sauce )
ပြင်ဆင်ချက်ပြုတ်နည်း
*************
(၁)ဦးစွာပထမသီးနှံများအားလုံးကိုလိုသလိုလှီးဖြတ်ပြီးဆေးကြောသန့်စင်ကာရေစစ်ထားပါ။ကန်စွန်း၇ွက်ထည့်လိုပါကနောက်ဆုံးချခါနီးမှထည့်ပါ။
(၂)ကြက်သားကိုနုတ်နုတ်စင်းပြီးပန်းကန်လုံးတခုတွင်ထည့်ပါ။ကြက်ဥ၊ဆား၊အကြော်မှုန့်ထည့်ပါ။ေ၇အနည်းငယ်ထည့်ပြီးခပ်ပျစ်ပျစ်လေးဖျော်ထားပါ။(အရင်ကတော့ဂျုံမှုန့်သုံးပါတယ်)
(၃)အိုးထဲတွင်ဆီထည့်ပြီးပူလာပါကဖျော်ထားသောကြက်သားမုန့်နှစ်ကိုထည့်ပြီးအချပ်လိုက်အရောင်ရသည်ထိလှန်ကြော်ကာဆယ်ယူဆီစစ်ထားပါ။
(၄)ဆီစစ်ပြီးပါကအချပ်လိုက်ပုံမပျက်ခပ်သေးသေးစိတ်ပြီးပွဲပြင်မည့်ပန်းကန်တွင်ထည့်ထားပါ။
(၅)အိုးထဲမှပိုသောဆီကိုသွန်ထုတ်ပြီးလက်ကျန်ဆီအနည်းငယ်ဖြင့်ကြက်သွန်ဖြူဆီသပ်ကာသီးနှံများထည့်ကြော်ပါ။မီးပြင်းဖြင့်ကြော်ပါ။ကြက်ပြုတ်၇ည်ထည့်ပါ။အရသာဖြည့်စွက်ပါ။အေ၇ာင်အတွက်င၇ုပ်ဆီထည့်ပါ။ဆူပွက်ပါကအ၇သာအပေါ့အငံမြည်းပြီးကော်မှုန့်ေ၇ဖျော်ပြီးထည့်ကာခပ်မြန်မြန်မွေပြီးမီးဖိုမှချကာအသင့်လှီးဖြတ်ထားသောအကြော်ပန်းကန်အပေါ်မှဆမ်းပေးပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။


Sofia Food Paradise  & တရုပ်အစားအစာများ.

No comments:

Post a Comment