မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, 22 January 2016

ဂဏန်းပျော့ချဉ်စပ် ♡ Hot & Spicy Soft Shell Crab

















ဂဏန်းပျော့ချဉ်စပ် ♡ Hot & Spicy Soft Shell Crab

ထမင်းမြိန်စေမဲ့ချဉ်စပ်ဆိုင်ဟင်းလေးကိုအတော်များများနှစ်သက်ကြလိမ့်မယ်ထင်ပါတယ်။ချက်ရလွယ်ကူမြန်ဆန်တဲ့ ဟင်းတခွက်လည်းဖြစ်ပါတယ်။ဆိုဖီယာတော့ဆီပြန်ဟင်းတွေကိုအချိန်ပေးပြီးတမနက်ခင်းလုံးချက်ရတဲ့ဟင်းတွေထက်စာရင်ခုလိုခုကြော်ခုစားအကြော်ဟင်းပွဲလေးတွေပိုကြိုက်ပါတယ်။(ပျင်းတာ tongue emoticon ) ပါဝင်ပစ္စည်းများကြိုတင်လှီးဖြတ်ထားပြီးစားခါနီးမှသာလျှင်ကြော်ပြီးပူပူနွေးနွေ
းသုံးဆောင်နိုင်ပါတယ်။ချက်ကြည့်ရအောင်နော် ။
ပါဝင်ပစ္စည်း
******
ဂဏန်းပျော့ - နှစ်ကောင် (ပုဇွန်၊ငါး၊ကြက်၊အမဲသား)
ကြက်သွန်နီ - အနေတော် ၂လုံး
ဂျင်းကြက်သွန်ဖြူထောင်း - တစ်ဇွန်း လ္ဘက်ဇွန်း
ဆား -ဇွန်းတဝက်
ဟင်းခပ်မှုန့် - တစ်ဇွန်း
ကော်မှုန့် - နှစ်ဇွန်း
ငရုပ်ချဉ် - နှစ်ဇွန်း စားပွဲတင်
(ဈေးတွင်ရှမ်းချဉ်ဖြင့်တွဲေ၇ာင်းသောငရုပ်ချဉ်ရှိပါတယ်။အခုတော့ကိုယ်တိုင်လုပ်ထားတဲ့ငရုပ်ချဉ်နဲ့ကြော်ထားတာပါ။)
ခရမ်းချဉ်သီး -တစ်ခြမ်း
ကြက်သွန်မိတ် - ၂ပင်
ငရုပ်သီးစိမ်းနီ - ၃ တောင့်
သံပုရာသီး - တစ်ခြမ်း
ဆီ - လိုသလောက်
ပြင်ဆင်ချက်ပြုတ်နည်း
************
(၁)ဦးစွာပထမဂဏန်းကိုရေဆေးကာဆား၊ဟင်းခပ်မှုန့်၊ဂျင်းကြက်သွန်ဖြူထောင်း၊ကော်မှုန့်ထည့်ပြီးနယ်ထားပါ။
အရသာတဝက်သာထည့်ပြီးတဝက်ကိုဟင်းအနှစ်အတွက်ချန်ထားပါ။
(၂)ကြက်သွန်နီမထူမပါးလှီးထားပါ။ခရမ်းချဉ်သီးသုံးမြော င်းခပ်ထူထူစိတ်ထားပါ။ငရုပ်သီးထပ်ခြမ်းခြမ်းထားပါ။ကြက်သွန်မိတ်တစ်လက္မအရှည်ဖြတ်ထားပါ။
(၃)အားလုံးအဆင်သင့်ဖြစ်ပါကဂဏန်းကြော်ရန်ဒယ်အိုး တွင်ဆီထည့်ပြီးအပူပေးပါ။
(၂)ဆီပူလျှင်ဂဏန်းပျော့ကိုထည့်ကြော်ပါ။၃မိနစ်မှလေးမိနစ်ကြော်ပြီးဆယ်ယူဆီစစ်ကာပန်းကန်တွင်တည်ခင်းထားပါ။
(၃)ပြီးလျှင်ဆီအချို့ကိုဖယ်ထုတ်ပါ။(ဆီအနည်းငယ်ပိုထ ည့်ပေးမှဟင်းပွဲလှပါတယ်။)
မီးပြင်းဖြင့်ကြက်သွန်ထည့်ပြီးအေ၇ာင်ပြောင်း၇ုံကြော်ပါ။ငရုပ်ချဉ်ထည့်ပါ။(မွှန်ပါတယ်)လက်ကျန်အ၇သာဖြည့်စွက်ပါ။
(၄)အေ၇ာင်ပြောင်းပါကကြက်ပြုတ်ရည်သို့မဟုတ်ေ၇အနည်းငယ်ထည့်ပေးပါ။နည်းနည်းဆီထည့်ပါ။
(၅)သံပုရာသီးညစ်ပြီးအရသာအပေါ့အငံမြည်းပါ။(၆)ငရုပ်သီးခြမ်း၊ခ၇မ်းချဉ်သီး၊ကြက်သွန်မိတ်ထည့်ပြီးသမေ အာင်မွေပြီးမီးဖိုမှချကာအတင့်ကြော်ထားသောဂဏန်းပျော့အပေါ်မှဆမ်းပေးပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။(မီးပြင်းဖြင့်ကြော်ပြီးအရည်စပ်စပ်ဖြင့်ချပါ။ကြက်သွန်တ အားခြောက်ပြီးနွမ်းလျှင်စားမကောင်းပါ။)


Sofia Food Paradise  & တရုပ်အစားအစာများ. 

No comments:

Post a Comment