မြီးရှည်
မြီးရှည်လုပ်နည်းနေရာဒေသအလိုက်အကြိုက်မတူကြလို့လုပ်နည်းတွေလည်းမတူကြပါဘူး။ဒီနည်းလေးကဆိုဖီယာ တို့မိရိုးဖလာ လုပ်ရောင်းလာတဲ့နည်းလေးဘဲဖြစ်ပါတယ်။မတူညီမှုများရှိပါကမိမိနှစ်သက်ရာနည်းဖြင့်ပြုလုပ်နိုင်ပါတယ်။
မြီးရှည်ပြုလုပ်ရန်လိုအပ်ပစ္စည်းများ
**********************
မြီးရှည် မုန့်တီဖတ် -တပွဲစာ
ကြက်သားပြုတ် သို့ ပေါင်းထား - တစိတ်
ကြက်သွန်ဖြူဆီချက် - တဇွန်း (ဟင်းစားဇွန်း)
နှမ်း +(ဟွားကျောက်)ဆီချက်- တဇွန်း
ကော်ရည် - ၁ဇွန်း
ပဲငံပြာရည် - ဇွန်းတဝက်
ငရုပ်သီးဆီချက် - လိုသလောက်
မြေပဲထောင်း- တဇွန်း
ခရမ်းချဉ်သီးချက် - တဇွန်း
ပဲငပိချဉ်စပ် - တဇွန်း
ကြက်သွန်မိတ် နံနံမိတ် -တဇွန်း
ရှမ်းချဉ် (မုန်ညင်းချဉ်) လိုသလောက်

ကော်ရည်ကျိုရန်လိုအပ်သောပစ္စည်း
************************
ရေ - ၁လီတာခွဲ
ကြက်သွန်ဖြူ - ၂ မြောင်း
ဆား - ၁ဇွန်း ( Tbsp)
အချိုမှုန့် သို့ ဟင်းခပ်မှုန့် - ၁ဇွန်း
လိမ္မော်ရောင် အနည်းငယ် (food color)
ထန်းလျက် - ၃လုံး
ကော်မှုန့် - ၈၀ ဂရမ် ( ထမင်းစားဇွန်း ၈ဇွန်း)
ကော်မှုန့်ဖျော်ရန် ရေ - ၁၀၀ ml ( ၁၀ဇွန်းခန့် )
ကော်ရည်ခေါက်ဆွဲတွင် တပွဲလုံးအရသာကို ကော်ရည် ကယူပါတယ် ။
ကော်ရည်ကျိုနည်း
************
ဦးစွာ ရေဆူအရင်တည်ပါ ကြက်သွန်ဖြူ ရိုက်ထည့်ပါ ။ ပါဝင်သောအရသာအားလုံးထည့်ပါ ။ ချိုငန်အရသာလေးပါတယ်။အရသာအနေတော်ရပါက အရောင်အနည်းငယ်ထည့်ပါ။ မထည့်လည်းရပါတယ်။ပွက်ပွက်ဆူက ကော်မှုန့်နှင့်ရေ ရောဖျော်ထားသည်ကိုတ ဘက်မှ ဖြည်းဖြည်းလောင်းက တဖက်မှအဆက်မပျက်ေ မွပေးပါ။ ပြီးလျှင်မီးလျော့ကာပြန်ဆူလာပါကမီးဖိုမှချပြီး အသုံးပြုနိုင်ပါပြီ။
မှတ်ချက်။
ယခုပြုလုပ်သည့်အချိုးသည်ပွဲနှစ်ဆယ်ခန့်ပြင်၍ရပါသည်။မိမိပြုလုပ်မည့်ပွဲအရေအတွက်ကိုတိုင်းတာကိုချိန်ဆပြု လုပ်ပါရန်။
မြီးရှည်ခေါက်ဆွဲပြင်ဆင်ပုံ
****************
ဦးစွာ မြီးးရှည်ဖတ်ကို ရေနွေးဖျောပါ ။ မြီးရှည်အခြောက်ြ ဖစ်ပါက၂နာရီခန့်ကြိုတင်ပြီးရေစိမ်ထားရမည်။ ရေနွေးေ ဖျာပြီးပါကပန်းကန်တွင်ထည့်ပါ။ပြီးလျှင်အေ ပ်ါမှကော်ရည် ၊ကြက်သွန်ဖြူ ဆီချက်၊ နှမ်းဆီချက်၊ကြ က်သား၊ခရမ်းချ ဉ်သီးချက်၊ငရုပ်သီးဆီချက် ၊ပဲငံပြာရည်၊ မြေပဲ၊ပဲငပိချဉ်စပ်၊ ကြက်သွန်မိတ်နံနံမိတ် တို့ထည့်ပြီး ရှမ်းချဉ်ဖြင့်တွဲဖက်သုံးေ ဆာင်နိုင်ပါပြီ။
***နှမ်းနဲ့ဟွားကျောက်ဆီချက်ချက်ရန်နှမ်းလှော်တစ်ပန်းကန်လုံးကိုကြိတ်ပြီးကြွေပန်းကန်တွင်ထည့်ပါ။ဟွားကျောက်လှော်ပြီးထောင်းထားသည်ကိုထမင်းစားဇွန်းတစ်ဇွန်းထည့်ပါ။ဆီတစ်ပန်းကန်စာကိုပူကျက်နေအောင်ချ က်ပြီးနှမ်း ဟွားကျောက်ရောထားသည်ထဲလောင်းထည့်ကာအပေါ်မှအဖုံးအုပ်ထားပြီးခဏတွင်အသုံးပြုနိုင်ပါပြီ။ဟွားကျောက်ခေါ်ဇီချွမ်း ငရုပ်ကောင်းကိုဈေးမှကုန်စုံဆိုင်များတွင်ရနိုင်ပါသည်။

Sofia Food Paradise
No comments:
Post a Comment