Friday, 22 January 2016
ကောက်ညင်းဆနွင်းမကင်း
ကောက်ညင်းဆနွင်းမကင်း heart emoticon
(စိန်ဖေကြီး)
ပါဝင်ပစ္စည်း
******
ကောက်ညင်း - ဆန်ချိန်ခွက်၃ခွက်
သကြား - ဆန်ချိန်ခွက် ၁ခွက် ၁၅၀ ဂရမ်
အုန်းနို့ - ဘူးသေးတဘူး ၂၀၀ml
ဆား - လ္ဘက်ဇွန်းတဝက်
ဆီ - ၃ဇွန်း စားပွဲတင်
ပြင်ဆင်ပြုလုပ်နည်း
**********
(၁) ကောက်ညင်းကို ရေတည သို့ လေးနာရီခန့်စိမ်ထားပါ။
(၂)ထမင်းပေါင်းအိုးတွင်ကောက်ညင်းဆန်ထည့်ပါ။ရေနှင့်အုန်းနို့ရောပြီးဆန်နှင့်ရေမျက်နှာပြင်ညီထည့်ပါ။အုန်းနို့တဇွန်းခန့်မျက်နှာပြင်ကိုလူးရန်ချန်ထားပါ။
(၃)ဆား၊ သကြားနှင့်ဆီထည့်ပြီးမွေပေးပါ။
(၄)ခလုတ်နှိပ်ပြီးကောက်ညင်းကိုချက်ထားပါ။
(၅) ရေခမ်းပြီးခလုတ်ပြုတ်ပါက၁၅မိစ်ခန့်အဖုံးမဖွင့်ဘဲထားပါ။
(၆)ကျက်ပြီသားကောက်ညင်းကိုအထက်အောက်သေချာမွေပေးပါ။
(၇)ဆီသုတ်ထားသောမုန့်ဖုတ်မည့်ဘမ်းတွင်ဖိထည့်ပြီးမျက်နှာပြင်ညီအောင်ပြုလုပ်ပါ။
(၈)အပေါ်ဆုံးမှ ချန်ထားသောအုန့်နို့ကိုလူးပြီးအပေါ်မီးများများဖြင့်အရောင်ရအောင်ဖုတ်ပေးပါ။
(၉)အရောင်ရပါကအအေးခံကာလိုသလိုလှီးဖြတ်ပြီးသုံးဆောင်နိုင်ပါပြီ။
Sofia Food Paradise
Subscribe to:
Post Comments (Atom)
No comments:
Post a Comment