ခါဂျာမုန့် ♥♥♥
ငယ်ငယ်ကမကြာမကြာစားခဲ့ရတဲ့သားရေစာမုန့်လေးပါ။ ပါဝင်ပစ္စည်းအနည်းငယ်နဲ့လုပ်ရလွယ်ကူပြီးအထားခံတဲ့မုန့်လေးလည်းဖြစ်ပါတယ်။
လိုအပ်သောပစ္စည်း
***********
ဂျုံမှုန့် - ၂၅၀ ဂရမ်
ဆား - တစ်ဇွန်း လ္ဘက်ဇွန်း
ရေ - ၁၅၀ ml
ဆီ - ၂ဇွန်း စားပွဲတင်ဇွန်း(အတွင်းတွင်လူးရန်)
ဂျုံမုန့် - ၂ဇွန်း (အတွင်းတွင်ဖြူးရန် )
သကြား - ၂၀၀ဂရမ် (သကြားရည်ဆမ်းရန်)
ပြုလုပ်နည်း
******
(၁)ဦးစွာဂျုံကို ဆားထည့်ပြီးနှယ်ပါ။ရေကို ဖြည်းဖြည်းဆီထည့်နှယ်ပါ။
(၂)ဂျုံသားချောမွတ်လာပါက၁၅မိနစ်ခန့်ဖုံးအုပ်ပြီးနှပ်ထားပါ။
(၃)ဂျုံသားနှပ်ပါက စာပွဲပေါ်တွင်ဂျုံဖြူးပြီးနှပ်ထားသောဂျုံလုံးကို လိမ့်တုန်းဖြန့်ပါ ။မိမိဖြန့်သည့်အပြားနေထားပေါ်မူတည်ပြီးမုန့် အထပ် အထူအပါးကွာပါမည်။
(၄)ပြန့်အောင်ဖြန့်ပြီးပါကဆီနှစ်ဇွန်းကိုဖြန့်ထားသောဂျုံအပြားပေါ်တွင်နေရာနှံ့အောင်လူးပေးပါ။လိုအပ်ပါကထပ်ထည့်ပါ။ပြီးလျှင်၎င်းဆီလူးထားသောအပေါ်မှဂျုံမုန့်ဖြူးပြီးနှံ့အောင်လူးပေးပါ။ (၅)မျက်နှာပြင်တခုလုံးဆီနှင့်ဂျုံလူးမိပြီဆိုပါကမိမိနင့်နီးရာဘက်အခြမ်းမှစပြီးကျစ်နေအောင်လိပ်ပေးပါ။၎င်းအလိပ်ကိုတစ်လက်မခွဲခန့်ဖြတ်ပြီးထားပါ။
(၆)အားလုံးဖြတ်ပြီးပါကစားပွဲတွင်ဂျုံမုန့်ဖြူးကာဖြတ်ထားသောလိပ်အတိုင်းအရှည်ဖြစ်အောင်ဖြန့်ပေးပါ။ဘေးနှစ်ဘက်သည်အထပ်များမြင်ရသောဘက်ဖြစ်ရမည်။အလိပ်ကိုကန့်လန့်အနေထားဖြင့်ရှည်အောင်ပြားရမည်။အဝိုင်းလုပ်လိုပါကအလိပ်ကိုထောင်ပြီးဖိချကာအဝိုင်းလုပ်ယူနိုင်သည်။
(၇)ပြီးလျှင်ဂျုံမုန့်ဖြူးပြီး တခုနှင်တခု မကပ်အောင်ထားပါ။ (၈)အားလုံးဖြန့်ပြီးပါကအိုးတခုတွင်ဆီထည့်ပြီးအပူပေးပါ။ဆီပူပါကမုန့်ကိုတခုဆီချကြော်ပေးပါ။
(၉)ချချချင်းမုန့်ကိုယောက်မဖြင့်လှုပ်ခါပေးပြီးအထပ်များကွာအောင်လှုပ်ပေးပါ။အထပ်များကွာပါကဟိုဘက်ဒီဘက်လှန်ကာအရောင်ရသည်ထိကြော်ပေးပါ။ (၁၀)အရောင်ရပြီးကြွပ်လာပါကဆယ်ယူဆီစစ်ထားပြီးအအေးခံထားပါ။
(၁၁)ပြီးလျှင်သကြားရေကျိုပါ့မယ်။သကြားကိုအိုးတခုတွင်ထည့်ပြီး ရေနှစ်ဇွန်းခန့်ထည့်ကာသကြားပျော်အောင်မွေပေးပါ ။ (၁၂)သကြားအားလုံးပျော်ပါက အအေးခံထားသောမုန့်များအပေါ်မှ သကြားရည်ဆမ်းပေးပါ ။ (၁၃)ပြီးလျှင်သကြားရည်ခြောက်အောင်လေသလပ်ထားပြီးခြောက်ပါကသုံးဆောင်နိုင်ပါပြီ။ လေလုံသောပုံးဖြင့်ထည့်ပြီးသိမ်းထားပါကနှစ်ပတ်ခန့်ထားလို့ရပါသည်။

Sofia Food Paradise
No comments:
Post a Comment