ဖရုံသီးပူတင်း
ဖရုံသီးပူတင်းအတွက်ဦးစွာပထမ ဖရုံသီးနုနုတလုံးကို ရေ ဆေးသန့်စင်ပါ ။ ပုံမှာ ပါတဲ့အတိုင်း ဓားချွန်ချွန်နဲ့အရာပေးပြီးအိုးပုံစံလေးလှီးထုတ်ပါ ။ အဆင်မပြေလည်းအကွင်း လိုက်လှီးလိုက်လို့ရပါတယ် ။ ပြီးလျှင်အတွင်းမှ အသားများအစေ့များကို ဇွန်းဖြင့်ကော်ထုတ်သန့်စင်လိုက်ပါ ။ ဖရုံသီးအိုးလေးအဆင်သင့်ပြီဆိုပါက ရေ နွေးအိုးပေါင်းဖို့အဆင်သင့်တည်ထားလို့ရပါပြီ။ အတွင်းမှာ ထည့်ဖို့ပူတင်းအတွက်ပြင်ဆင်ပါ့မယ်။
ကိုယ်လုပ်မဲ့ဖရုံသီးအိုးအရွယ်ကို ကြည့်ပြီးပူတင်း အချိုးကို ချိန်ဆပါ။
ပူတင်းအတွက်လိုအပ်ပစ္စည်း
***************
နို့စိမ်း -၂၀၀ ဂရမ်
ကြက်ဥ - ၂လုံး
သကြား -၂ဇွန်း (အချို ကြိုက်ရင် ပို ထည့်ပါ)
ပျားရည် - ၁ဇွန်း
ပြင်ဆင်ပြုလုပ်နည်း
**********
(၁)အိုးတခုတွင် နို့စိမ်း၊သကြား၊ပျားရည် ထည်ပြီးအပူပေးပါ။ (၂)ကြက်ဥကိုခေါက်ထားပါ ။
(၃)အပူပေး ထားသောနို့စိမ်းဆူပွက်စရာမလိုပါ (၄)ပူပြီးသကြားပျော်ပါကခေါက်ထားသောကြက်ဥကို ဖြေးဖြေးချင်း ထည့်ကာအဆက်မပျက်မွေပေးပါ (၅)နို့နှင့်ကြက်ဥတသားထည်းဖြစ်ပါကဇကာတခုဖြင့် စစ်ထုတ်လိုက်ပါ ။ နို့တအားပူလျှင်ကြက်ဥကျက်ပြီးအဖတ်များဖြစ် တတ်ပါတယ်။ (၆)စစ်ပြီးသားပူတင်းရည်ကိုအဆင်သင့်လုပ်ထားသောဖရုံသီးအိုးလေးထည်း ထည့်ပြီးအဖုံးပြန်ဖုံးထားပါ။ (၇)ရေဆူတည်ထားသောပေါင်းအိုးတွင်ဖရုံသီးအောက်ခြေငြိမ်အောင်ပန်းကန်တခုခံပြီးပေါင်းပါ ။ (၈)ဖရုံသီးကြီးသေးပေါ်မူတည်ပြီးပေါင်းချိန်ကြာမြင့်ပါ မယ်။ ခုလုပ်ထားသောအရွယ်ကိုတနာရီပေါင်းရပါတယ်။နာရီဝက်တခါလောက်ဖရုံသီးအိုးလေးဖွင့်ကြည့်ကာပူတင်း သားကျက်မကျက်ကြည့်ပါ အလယ်တည့်တည့်ကိုဖိကြည့်ပြီးမာခဲလာလျှင်မီးဖိုမှချပြီးအအေးခံပါ။ပေါင်းထားသောပန်းကန်လိုက်ကိုရေခဲသေတ္တာတွင်ထည့်ပြီးလုံးဝအေးမှသာလျှင်ထုတ်ယူပြီးလိုသလိုလှီးဖြတ်သုံးဆောင်နိုင်ပါပြီ ။ အရသာပူတင်းချိုချိုအေးအေးနဲ့ဖရုံစိမ့်စိမ့်တွဲဖက်ပြီးစားရတာထူးကဲတဲ့အရသာပါ ။

Sofia Food Paradise
No comments:
Post a Comment