မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, 21 January 2016

ပိန်းဥမုန်ညင်းချဉ်ဟင်းရည်























ပိန်းဥမုန်ညင်းချဉ်ဟင်းရည် heart emoticon


ထူးဆန်းတဲ့ဟင်းမဟုတ်ပေမဲ့အလွမ်းပြေဟင်းတခွက်မို့တင်ပေးလိုက်ပါတယ်။တနေ့ကတည်ထားတဲ့ရှမ်းချဉ်လေးနဲ့ပိန်းဥဟင်းချိုချက်ထားတာပါ။ချက်နေရင်းကဇာတိမြေလေးကိုသတိရလိုက်တာ smile emoticon
ပါဝင်ပစ္စည်း
******
ပိန်းဥ - ၁ကီလို
ရှမ်းချဉ် - တပန်းကန်လုံး
ဆား - အနည်းငယ်
ဟင်းခပ်မှုန့် - တစ်ဇွန်း
နံနံပင် - အနည်းငယ်
ငရုပ်သီးစိမ်း - အနည်းငယ်
ပြင်ဆင်ချက်ပြုတ်နည်း
************
(၁) ပိန်းဥကိုအခွံသင်ပါ ရေမထိပါစေနဲ့ ။
(၂) လိုသလိုအတုံးတုံးပြီးချက်မည့်အိုးတွင်ထည့်ပြီးရေတချက်လောင်းဆေးပြီးလျှင်ရေမြုတ်အောင်ထည့်ပြီးတည်ပါ။
(၃)ထွက်လာသောအမြုပ်များကိုခပ်ထုတ်ပေးပြီးအရသာဖြည့်စွက်ပါ။
(၄)ပိန်းဥနူးလာပါကရှမ်းမုန်ညင်းချဉ်ထည့်ပြီးဆူပွက်အောင်တည်ပြီးနံနံပင်အုပ်ကာ၊အစပ်စားလိုပါကငရုပ်သီးစိမ်းရိုက်ထည့်ပြီးသုံးဆောင်နိုင်ပါပြီ။


Sofia Food Paradise 

No comments:

Post a Comment