မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, 23 January 2016

ဝက်ပင်စိမ်း(ကဖောင်မူ)















































ဝက်ပင်စိမ်း(ကဖောင်မူ)
°°°°°°°°°°°°°°°°°°°°°°°°
ဝက်သား...................၂၀ကျပ်သား
ငရုတ်စိမ်းတောင့်နီ.....၁၀တောင့်ခန့်
ကြက်သွန်ဖြူ.............၇တက်
ပဲတောင့်ရှည်............၁၀တောင့်
ကဖောင်ပင်စိမ်း........လက်တစ်ဆုပ်ခန့်
ဝက်သားကိုခပ်ကြမ်းကြမ်းနုပ်နုပ်စဉ်းပြီးအရသာနယ်ထားပါ။
ငရုတ်စိမ်းတောင့်နီနှင့်ကြက်သွန်ဖြူကိုခပ်ကြမ်းကြမ်းပဲထောင်းပါ။
ပဲတောင့်ရှည်ကိုလက်မဝက်အရွယ်ခပ်စောင်း
စောင်းလှီးပါ။ကဖောင်ပင်စိမ်းရွက်ကိုအရွက်ခြွေထားပါ။
ဒယ်အိုးပြားတစ်ခုမှာဆီအနည်းငယ်ကိုအပူပေးပြီး
ထောင်းထားသောအရောကိုဆီသတ်ပါ။
နွမ်းပြီးရနံ့မွှေးလာလျှင်အရသာနယ်ထားတဲ့ဝက်သားတွေထည့်ကြော်ပါ။
ငါးငံပြာရည်၊သကြား၊ဟင်းခတ်မှုန့်၊ခရုဆီတို့ဖြင့်အရသာသွင်းပါ။
မီးအရှိန်ကိုအနည်းငယ်မြှင့်တင်ပြီးပဲသီးနှင့်ကဖောင်
ပင်စိမ်းရွက်တွေထည့်ကြော်ပါ။
ငရုတ်ကောင်းမှုန့်လေးဖြူးလိုက်ရင်...ကမ္ဘာကျော်တဲ့
ထိုင်းဟင်းတစ်မယ်ရပါပြီ။
ကဲ..တကယ်ပဲလွယ်ပါတယ်နော်။

ပာင်းချက်နည်းများ  

No comments:

Post a Comment