မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, 23 January 2016

ဖက်ဆွတ်မှိုခရုဆီကော်ရည်



















ဖက်ဆွတ်မှိုခရုဆီကော်ရည်
°°°°°°°°°°°°°°°°°°°°°°°°°°°°
ဖက်ဆွတ်မှို...............၃၀ကျပ်သားခန့်
ကင်းပုံညွှန့်................၁၀ညွှန့်ခန့်
ကြက်သွန်နီ.. ...........၁ခြမ်း
ကြက်သွန်ဖြူ............၅တက်
ငရုတ်သီးစိမ်း.. .........၅တောင့်
မှိုကို..သဲ၊မြေကြီးပြောင်စင်အောင်ဆားပါတဲ့ရေလေး
မှာထည့်စိမ်ပြီးသန့်စင်ဆေးကြောပါ။
ထက်ခြမ်းခွဲလေးများအဖြစ်မွထားပါ။
ကင်းပုံညွှန့် ကိုနုတဲ့အပိုင်းလေးတွေခြွေပါ။
ဒယ်အိုးတစ်လုံးမှာပါးပါးလှီးထားတဲ့ကြက်သွန်နီ၊ဖြူ
ကိုဆီသတ်ပြီး..အနည်းငယ်မွှေးလာတာနဲ့မှိုတွေထည့်
ကြော်ပါ။
ဆား၊ဟင်းခတ်မှုန့်၊ပဲငံပြာရည်၊ခရုဆီတို့ဖြင့်အရသာသွင်းပါ။
ထက်ခြမ်းခွဲထားတဲ့ငရုတ်သီးစိမ်းနဲ့ကင်းပုံညွှန့်လေး
တွေထည့်ပေါင်းပြီးအရည်အနည်းငယ်ပျစ်သွားအောင်ကော်ရည်လေးဖျော်ထည့်ပါ။
ငရုတ်ကောင်းမှုန့် လေးဖြူးပြီးသုံးဆောင်ပါ။


ပာင်းချက်နည်းများ 

No comments:

Post a Comment