မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, 21 January 2016

ပဲပိုးတီကြော်





















ပဲပိုးတီကြော် 

heart emoticon
ပါဝင်ပစ္စည်းများ
******
ပဲပိုးတီ - ၂၅၀ ဂရမ်
ကြက်သားသို့ နှစ်သက်ရာအသား - ၂၀၀ ဂရမ်
ကြက်သွန်နီ - တလုံး
ဂျင်းသေးသေးစိတ် - တဇွန်း
ကြက်သွန်ဖြူ - ၂မြောင်း
ခရမ်းချဉ်သီး - တလုံး
ရှမ်းမုန်ညင်းချဉ် - ၂၀၀ ဂရမ်
နံနံပင် - ၃ပင်
ငရုပ်သီး -၂တောင့်
ဆား - အနည်းငယ်
ဟင်းခပ်မှုန့် - တစ်ဇွန်း
ဆီ - အနည်းငယ်
ရှောက်ကောမှုန့် - လ္ဘက်ဇွန်းတစ်ဇွန်း
ပြင်ဆင်ချက်ပြုတ်နည်း
************
(၁)ဦးစွာကြက်သားသို့နှစ်သက်ရာအသားကိုပါးပါးစိတ်ပြီးဂျင်းကြက်သွန်ဖြူ၊ ဆားဟင်းခပ်မှုန့်ဖြင့်နှယ်ထားပါ။
(၂)ကြက်သွန်နီပါးပါးလှီးထားပါ။ငရုပ်သီးထပ်ခြမ်းခြမ်းထားပါ။ခရမ်းချဉ်သီအမြောင်းစိတ်ထားပါ။နံနံပင်ကိုလက်နှစ်ဆစ်ခန့်ဖြတ်ထားပါ။ပဲပိုးတီကိုရေဆေးသန့်စင်ထားပါ။
(၃)အားလုံးအဆင်သင့်ဖြစ်ပါကဒယ်အိုးတခုတွင်ဆီထည့်ပြီးကြက်သွန်ကြော်ပါ။
(၄)ကြက်သွန်နွမ်းလာပါကအသားထည့်ကြော်ပါ။
(၅)အသားအရောင်ပြောင်းပါကပဲပိုးတီထည့်ကြော်ပါ။ပဲပိုးတီကျက်မှသာလျှင်မုန်ညင်းချဉ်၊ငရုပ်သီး၊ခရမ်းချဉ်သီးတို့ထည့်ကြော်ပါ။ရေအနည်းငယ်ထည့်ပေးပြီးအရသာဖြည့်စွက်ပါ။
(၆)အပေါ့အငံမြည်းကာနံနံပင်အုပ်ပြီးတချက်နှစ်ချက်မွေကာပန်းကန်တွင်တည်ခင်းသုံးဆောင်နိုင်ပါပြီ။

Sofia Food Paradise 

No comments:

Post a Comment