အာလူးပူရီဆိုတာ..လုပ်ရလွယ်ကူပေမယ့်..စားချင်တဲ့
အချိန်မျိုးမှာဆိုင်တွေမှာအလွယ်တကူမရလို့စိတ်မကျေမနပ်ဖြစ်ခဲ့ရတာလဲအခါခါမဟုတ်လား...
အချိန်မျိုးမှာဆိုင်တွေမှာအလွယ်တကူမရလို့စိတ်မကျေမနပ်ဖြစ်ခဲ့ရတာလဲအခါခါမဟုတ်လား...
ဒါကြောင့်..ဂျုံကြမ်းနဲ့အာလူးရှိရင်..ဒီအစားအသောက်အတွက်အလွယ်တကူစားလို့ရပါပြီ။
ပူရီအတွက်
***********
***********
ဂျုံကြမ်း...............၃ခွက်(လက်ဖက်ရည်ပန်းကန်လုံး)
ဆား....................၃/၄ဇွန်း(လက်ဖက်ရည်ဇွန်း)
ရေ......................၁ ၁/၂ခွက်
ဆီ...................... ၁လီတာ
ဆား....................၃/၄ဇွန်း(လက်ဖက်ရည်ဇွန်း)
ရေ......................၁ ၁/၂ခွက်
ဆီ...................... ၁လီတာ
ပထမဆုံးဂျုံမှုန့်ကိုဆန်ကာချပါ။ဆားနှင့်ရောမွှေပါ။
အလယ်မှာအပေါက်လေးဖောက်ပြီးရေထည့်ကာ
စတင်နယ်ပေးပါ။မုန့်သာလုံးသွားတဲ့အခါလက်ဖနှောင့်ထိုးဖိပြီးနယ်ပေးရပါမယ်။
စတင်နယ်ပေးပါ။မုန့်သာလုံးသွားတဲ့အခါလက်ဖနှောင့်ထိုးဖိပြီးနယ်ပေးရပါမယ်။
မိမိသုံးတဲ့ဂျုံအနေအထားကိုလိုက်ပြီးရေကိုအတိုးအလျှော့လုပ်ပေးရပါမယ်။နယ်ထားတဲ့မုန့်သားကပျော့နေ၊မာနေတာမျိုးမဟုတ်ပဲစေးထွေးထွေးအနေအထားမှာရှိနေဖို့လိုအပ်ပါတယ်။
နယ်ထားတဲ့မုန့်သားကို(၁၅)မိနှစ်ခန့်အဝတ်ပါးလေးအုပ်ပြီးခေတ္တနှပ်ထားပါ။
ထိုအချိန်အတွင်းအာလူးချက်နိုင်ပါတယ်(သီးသန့်ဖော်ပြပါ့မယ်)
အာလူးဟင်းအတွက်
*******************
အာလူးကြီးကြီး..........၂လုံး
ကြက်သွန်နီ.. ............၁ခြမ်း
ကြက်သွန်ဖြူ.............၃တက်
ခရမ်းချဉ်သီး..............၃လုံး
မုန်ညှင်းစေ့
ဟင်းချက်မဆလာ.......အနည်းငယ်စီ
*******************
အာလူးကြီးကြီး..........၂လုံး
ကြက်သွန်နီ.. ............၁ခြမ်း
ကြက်သွန်ဖြူ.............၃တက်
ခရမ်းချဉ်သီး..............၃လုံး
မုန်ညှင်းစေ့
ဟင်းချက်မဆလာ.......အနည်းငယ်စီ
အာလူးကိုအခွံခွာပြီးအတုံးငယ်လေးများတုံးကာဆီပူပူ
မှာခေတ္တကြော်ယူပြီးစစ်ထားပါ။
မှာခေတ္တကြော်ယူပြီးစစ်ထားပါ။
ကြက်သွန်နီ ၊ဖြူ ကို မဆလာ၊မုန်ညှင်းစေ့တို့နှင့်အတူဆီသတ်ပြီးမွှေးလာလျှင်ခရမ်းချဉ်သီးထည့်ပါ။
အနှစ်ကျလာပြီဆိုမှအာလူးတုံးလေးတွေ
ထည့်ကာနှုးအိသည်အထိချက်ပေးပါ။
ထည့်ကာနှုးအိသည်အထိချက်ပေးပါ။
မုန့်သားနှပ်ပြီဆိုရင်..၂၀ ဂရမ်လောက်အပိုင်းငယ်အဖြစ်အညီအမျှပိုင်းပါ။
ဆီအနည်းငယ်အသုံးပြုပြီးအလုံးငယ်လေးများရအောင်လှိမ့်ပေးပါ။
ပူရီကြော်ဖို့ဆီကိုအပူပေးပါ။အငွေ့ထွက်လာအောင်ဆီပူပြီဆိုရင်မီးပြန်လျှော့ချပါ။
ဂျုံသားအလုံးလေးတွေကို..မုန့်လှိမ့်တုံး (သို့.)
ပုလင်းကိုအသုံးပြုကာလက်ဖက်ရည်အောက်ခံ
ပန်းကန်ပြားဝိုင်းငယ်အရွယ်ရအောင်ညီညာစွာ
လှိမ့်ပြားပြီးဆီပူထဲထည့်ကြော်ပါ။
ပုလင်းကိုအသုံးပြုကာလက်ဖက်ရည်အောက်ခံ
ပန်းကန်ပြားဝိုင်းငယ်အရွယ်ရအောင်ညီညာစွာ
လှိမ့်ပြားပြီးဆီပူထဲထည့်ကြော်ပါ။
(ကြော်နေစဉ်အတွင်းဆီပူနေဖို့လိုအပ်ပြီးမီးရှိန်မပြင်းဖို့အထူးဂရုပြုပါ)
ဆီပူထဲထည့်ကြော်ချိန်မှာ..စစ်ပါသောကြော်ဇကာပြားလေးနဲ့ဖိလိုက်..အခြားဖက်သို့လှန်ပြီးတစ်ခါဖိလိုက်ပုံ
စံမျိုးကြော်ပေးရပါတယ်။သို့မှသာလေပူဖောင်းကဲ့သို့
ဖောင်းကားနေတဲ့မုန့်ကိုရရှိတာပါ။
စံမျိုးကြော်ပေးရပါတယ်။သို့မှသာလေပူဖောင်းကဲ့သို့
ဖောင်းကားနေတဲ့မုန့်ကိုရရှိတာပါ။
ကြော်ထားတဲ့မုန့်ကို..အဖုံးလုံတဲ့အိုးထဲကိုစက္ကူခင်းပြီး
ထည့်ထားပါ။
ထည့်ထားပါ။
အာလူးဟင်း၊ကြက်သွန်ချဉ်တို့နှင့်တွဲဖက်သုံးဆောင်ပါ။
ပာင်းချက်နည်းများ
No comments:
Post a Comment