မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, 23 January 2016

မိုးကုတ်ဆီချက်ခေါက်ဆွဲ
























မိုးကုတ်ဆီချက်ခေါက်ဆွဲက..အခြားမြို့များမှာပြုလုပ်တဲ့နည်းနဲ့သိပ်မကွာခြားလှပါဘူး။ခေါက်ဆွဲရဲ့ဂျုံသားရယ်၊ကြက်သွန်ဖြူဆီချက်မသုံးတာပဲကွာခြားပြီးမုန့်ကြွပ်ကြော်(ခေါက်ဆွဲကြွပ်ကြော်)များများသုံးတာကတော့ထူးခြားမှုတစ်ခုပါ။
ခေါက်ဆွဲဂျုံသားကို(ရန်ကုန်မှာဆိုရင်တော့)(၁၇)
လမ်းကရွှေမူဆယ်၊ဝင်ကပါလမ်းကမိုးကုတ်ဒေါ်ရှန်ဆိုင်မှာဝယ်ယူရရှိနိုင်ပါတယ်။
မိုးကုတ်ဆီချက်ခေါက်ဆွဲ
•••••••••••••••••••••••••
(၁၅)ယောက်စာ
•••••••••••••••••
ဂျုံခေါက်ဆွဲအစိမ်း...........၁ ပိဿာ(၂၀)ကျပ်သား
ဝက်ပေါင်သား................၅၀ကျပ်သား
ကြက်သွန်မြိတ်..............၁၀ပင်ခန့်
နံနံပင်.........................၅ပင်ခန့်
ပဲငံပြာရည်
သကြား
ငရုတ်ကောင်းမှုန့်
ဂျုံခေါက်ဆွဲ(၂၀)ကျပ်သားကို(၃)နာရီခန့်အခန်း
အပူချိန်မှာဖြန့်ထားပါ။
ဝက်ပေါင်သားကို ၃မြောင်းလောက်အလျားလိုက်ခွဲပြီး
ပဲငံပြာရည်အကြည်၊ဆားသကြား၊ဟင်းခတ်မှုန့်တို့နှင့်နယ်ကာချင်းဓားပြားရိုက်ထည့်ပြီးပြုတ်ပါ။
ပြုတ်ရည်အနည်းငယ်ကိုစစ်ယူထားပြီးရေခမ်းပြီးနှုးသည်အထိဆက်ပြုတ်ပါ။
ဝက်သားနှုးသွားပြီဆိုစစ်ယူထားပါ။
ဒယ်အိုးတစ်လုံးမှာဆီလီတာဝက်ခန့်ကိုအပူပေးပါ။
ဆ်ီပူလာလျှင်ဖြန့်ထားတဲ့ခေါက်ဆွဲတွေထည့်ပြီးရွှေရောင်ရအောင်ကြော်ယူပြီးစစ်ပါ။
ထို့နောက်ဝက်သားတွေကိုရွှေညိုရောင်ရအောင်ကြော်ယူပြီးအအေးခံထားပါ။
ထိုစဉ်အတွင်းခေါက်ဆွဲပြုတ်ရန်ရေနွေးအိုးတည်ထားပါ။
ကြော်ထားတဲ့ခေါက်ဆွဲတွေကိုချေပြီးလေလုံအောင်ထုပ်ပါ။
ကြော်ထားတဲ့ဝက်သားတွေကိုပါးပါးလှီးပါ။
ကြက်သွန်မြိတ်နှင့်နံနံပင်ကိုရောပြီးပါးပါးစိပ်ပါ။
ပြုတ်ရည်ဆူပြီဆိုမိမိပြင်ဆင်နိုင်တဲ့ပမာဏပန်းကန်(၃)ပွဲ၊(၅)ပွဲကို..ပန်းကန်တစ်ခုချင်းဆီမှာပဲငံပြာရည်အကြည်၊ဟင်းခတ်မှုန့် ၊ ငရုတ်ကောင်းမှုန့် ၊သကြား၊
မိမိနှစ်သက်သလောက်ဝက်သားကြော်ထားတဲ့ဆီ၊ချန်ထားတဲ့ဝက်ပြုတ်ရည်ထည့်ပြီးပြင်ဆင်ထားပါ။
မိမိပြင်ဆင်ထားသလောက်ပွဲအရေအတွက်အတိုင်း
ခေါက်ဆွဲကိုပြုတ်ပါ(မပျော့၊မမာအနေအထား)မှာ
ရေကိုစင်အောင်စစ်ပြီးပန်းကန်တွေထဲခွဲထည့်ပြီးနှံ့အောင်မွှေပေးပါ။
အပေါ်ကနေပါးပါးလှီးထားတဲ့ဝက်သားပြား၊ကြက်သွန်မြိတ်၊မုန့်ကြွပ်ကြော်များပြင်ဆင်ပြီးရှမ်းချဉ်(သို့)မိမိနှစ်သက်ရာဂေါ်ဖီချဉ်၊ကြက်သွန်ချဉ်၊ဟင်းချိုရည်တို့နှင့်တွဲဖက်သုံးဆောင်နိုင်ပါသည်။

ပာင်းချက်နည်းများ

No comments:

Post a Comment