မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, 23 January 2016

ဘဲဥနှင့်ဆူးပုတ်ရွက်ကြော်
























ဘဲဥနှင့်ဆူးပုတ်ရွက်ကြော်
••••••••••••••••••••••••••
ဘဲဥ........................၅လုံး
ကြက်သွန်နီ.. ............၁လုံး
ဆူးပုတ်....................၃စည်း
ဂျုံနုမှုန့်.....................၁ဇွန်း
ဆား+ငရုတ်ကောင်း.....အနည်းငယ်
ဆူးပုတ်ရွက်ကိုအပင်လိုက်ရေဆေးပြီးစစ်ပါ။ရေခြောက်သွားရင်နုတဲ့အပိုင်းလေးတွေရွေးပြီးခြွေပါ။
ကြက်သွန်နီနှင့်ခြွေထားတဲ့ဆူးပုတ်ရွက်ကိုနုပ်နုပ်လေးလှီးပါ။
ဇလုံတစ်ခုအတွင်းမှာဘဲဥကိုခွဲထည့်ပြီး.ဆား၊ငရုတ်ကောင်း၊ဟင်းခတ်မှုန့်အနည်းငယ်တို့နှင့်အတူအနှံ့အောင်ခေါက်ပါ။
ဘဲဥခေါက်နေစဉ်ဂျုံနမှုန့်လေးကိုအနည်းငယ်စီထည့်ပြီးပျော်ဝင်သည်အထိမွှေခေါက်ပါ။
(နာနာခေါက်တယ်ဆိုပေမယ့်ဘဲဥကိုအရည်ပုံစံဖြစ်သွားတဲ့အထိမခေါက်သင့်ပါဘူး)
ထိုစဉ်အတွင်းဇောက်ပါတဲ့ဒယ်အိုးထဲမှာဆီ၁လီတာရဲ့လေးပုံတစ်ပုံခန့်ကိုအပူပေးပါ။
ဘဲဥအနှစ်ရည်နှင့်ဆူးပုတ်၊ကြက်သွန်အရောကိုသမသွားအောင်မွှေပေးပြီး ဆီပူပူမှာထည့်ကြော်ပါ။
ကြော်နေစဉ်မှာတပြေးညီအကျက်ညီအောင်ဘဲဥရည်ကိုဖြန့်ပေးရမှာဖြစ်သလိုမီးရှိန်ကိုလဲလိုသလိုချိန်ညှိပေးရပါမယ်။
မျက်နှာပြင်နှစ်ဖက်လုံးအရောင်တူအကျက်ညီပြီဆိုရင်
ဇကာထဲထည့်ပြီးဆီပြန်စစ်ပါ။လိုအပ်လျှင်မီးဖိုချောင်သုံးတစ်ရှုးစက္ကူစနဲ့စုပ်ပေးပါ။
စဉ်းနီးပြားပေါ်တင်ပြီးစတုဂံပုံအတုံးငယ်လေးများအဖြစ်ပိုင်းဖြတ်ပြီးမှတည်ခင်းသုံးဆောင်ပါ။

ပာင်းချက်နည်းများ

No comments:

Post a Comment