မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday 23 January 2016

ကြက်သားရခိုင်ချက်


















ချက်ရလွယ်...ကုန်ကျစရိတ်လည်းသက်သာပြီး
ထမင်းမြိန်စေတဲ့....
ကြက်သားရခိုင်ချက်
*******************
ဗမာကြက်သား(အိမ်ကြက်)............၁ခြမ်း
ငရုတ်သီးစိမ်း................................၁၅တောင့်ခန့်
ငါးပိ...............................................၁ဇွန်း
မန်ကျည်းသီးမှည့်..........................အနည်းငယ်
စပါးလင်.......................................၂ချောင်း
နံနံပင်..........................................အနည်းငယ်
ကြက်သားကိုရေဆေးသန့်စင်ပြီးအတုံးငယ်လေးများ
အဖြစ်တုံးကာဆား၊နနွင်းမှုန့်၊ဟင်းခတ်မှုန့်အနည်း
ငယ်ဖြင့်အရသာနယ်ထားပါ။
ငရုတ်သီးစိမ်းကိုအညှာခြွေပြီးငါးပိ၊နနွင်းမှုန့်တို့နှင့်
အတူရေအနည်းငယ်ထည့်ကာရေခမ်းသည်အထိပြုတ်ပါ။ရေခမ်းသွားပြီဆိုရင်ညှက်နေအောင်ထောင်းပါ။
အရသာနယ်ထားသောကြက်သားကိုစပါးလင်ဓားပြားရိုက်ထည့်ကာရေမြုပ်ရုံလေးထည့်ပြီးပြုတ်ပါ။
ကြက်သားတစ်ဝက်ကျက်လောက်အချိန်မှာထောင်းထားသောငါးပိအရောကိုထည့်ပြီးဆား၊ဟင်းခတ်မှုန့်၊
မန်ကျည်းသီးမှည့်အနှစ်တို့ဖြင့်အရသာသွင်းပါ။
စားခါနီးမှနံနံပင်လေးပေါင်းထည့်ပြီးမွှေပေးပါ။

ပာင်းချက်နည်းများ  

No comments:

Post a Comment