မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, 23 January 2016

ကြက်တောင်ပံပျားရည်လူး

















ကလေးလူကြီးအကြိုက်......
ကြက်တောင်ပံပျားရည်လူး
••••••••••••••••••••••••••••••
ကြက်တောင်ပံ(CP)...၁၀ခုခန့်
ပျားရည်....................၂ဇွန်း
သံပုရာရည်...............၁ဇွန်း
ချင်းသေးသေး.. ........၁တက်
ငရုတ်ကောင်းမှုန့်......အနည်းငယ်
ကြက်တောင်ပံလေးတွေကိုရေဆေးသန့်စင်ပြီးရေစစ်
ထားပါ။
မီးဖိုချောင်သုံးစက္ကူလေးအသုံးပြုပြီးရေတွေကုန်အောင်စုပ်ယူပြီး၊ဆား၊သကြား၊ငရုတ်ကောင်းမှုန့်၊
ထောင်းထားတဲ့ချင်းအနှစ်ရည်တို့နှင့်ရောနယ်ပြီး
(၁၅)မိနစ်ခန့်နှပ်ထားပါ။
ပျားရည်နှင့်သံပုရာရည်ကိုသမသွားအောင်မွှေပေးထားပါ။
Non-stick (မကပ်သောအိုး)မှာဆီကိုအပူပေးပြီး
ကြက်တောင်ပံတွေကိုရွှေညိုရောင်ရသည်အထိ
ကြော်ယူဆီစစ်ပါ။
မီးဖိုချောင်သုံးစုတ်တံလေးအသုံးပြုပြီးမွှေထားတဲ့
ပျားရည်အရောလေးကိုနေရာအနံ့သုတ်လိမ်းပေးပါ။
ငရုတ်တောင့်နီ၊နံနံပင်လေးအလှဆင်လိုက်ရင်
စားချင်စဖွယ်ကြက်တောင်ပံပျားရည်လူးလေးအရံသင့်ဖြစ်နေပါပြီ။


ပာင်းချက်နည်းများ

No comments:

Post a Comment