မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday 19 January 2016

မ၇မ်းသီးထမင်းထောင်း @ သက်သက်လွတ်ငါးချဉ်


















မ၇မ်းသီးထမင်းထောင်း @ သက်သက်လွတ်ငါးချဉ် ♡


ရှမ်းပြည်ကအစားအစာတခုဖြစ်တဲ့သက်လွတ်ငါးချဉ်ကြော်၊မရမ်းသီးထမင်းထောင်းလို့ခေါ်ပါတယ်။မရမ်းသီးအစားသ၇က်သီးလည်းသုံးလို့၇ပါတယ်။ထမင်းနဲ့တွဲစားလို့၇သလိုအစာပြေသားရေစာအဖြစ်လည်းလုပ်စားလေ့ရှိပါတယ်။လုပ်စားကြည့်၇အောင်နော် ။******
ထမင်းဖြူ - တစ်ပန်းကန်
မ၇မ်းသီး သို့ သ၇က်သီးစိမ်း - လက်တစ်ဆုပ်
ကြက်သွန်နီ -နှစ်လုံး
ကြက်သွန်ဖြူ - ၅ မြောင်း
ခရမ်းချဉ်သီး - တစ်လုံး
င၇ုပ်သီးစိမ်း - ၅တောင့်
နံနံပင် - အနည်းငယ်
ဆီ - အနည်းငယ်
အေ၇ာင်တင်မှုန့် - တစ်ဇွန်း 
နနွင်းမှုန့် - အနည်းငယ်
ဆား - လိုသလောက်
ဟင်းခပ်မှုန့် - အနည်းငယ်
နနွင်းအေ၇ာင်တင်မထည့်ဘဲအဖြူထည်လည်းကြော်စားနိုင်ပါတယ်။
ပြင်ဆင်ချက်ပြုတ်နည်း
************
(၁)ဦးစွာထမင်းနှင့်မ၇မ်းသီး သို့ သရက်သီးကိုထောင်းထားကြိတ်ထားပါ။
(၂)ကြက်သွန်နီပါးပါးစိတ်ထားပါ။ကြက်သွန်ဖြူသေးသေးစိတ်၊ခရမ်းချဉ်သီးသေးသေးစိတ်ထားပါ။င၇ုပ်သီးထက်ခြမ်းခြမ်းထားပါ။
(၃)အားလုံးအဆင်သင့်ဖြစ်ပါကအိုးထည်းတွင်ဆီထည့်ပြီးကြက်သွန်ကိုဆီသပ်ပါ။ကြက်သွန်ဖြူထည့်ပါ။နနွင်းအေ၇ာင်တင်ထည့်ပါ။
(၄)ကြက်သွန်နွမ်းပါကခ၇မ်းချဉ်သီးထည့်ပါ။ဆားဟင်းခပ်မှုန့်ထည့်ပါ။ထောင်းထားသောထမင်းကိုထည့်ပြီးသမအောင်မီးအေးအေးဖြင့် ကြော်ပါ။အိုးမကပ်စေ၇န်အဆက်မပျက်မွေပေးပါ။
(၅)အားလုံးသမပြီးဆီပြန်လုံးလာပါကအ၇သာအပေါ့အငံမြည်းပြီးင၇ုပ်သီးစိမ်းနှင့်နံနံပင်ထည့်ကာပန်းကန်တွင်တည်ခင်းသုံးဆောင်နိုင်ပါပြီ။

ပါဝင်ပစ္စည်း

Sofia Food Paradise 


ချာပါတီ ♡ Chapati




ချာပါတီ ♡ Chapati


ချပါတီလုပ်နည်းအမျိုမျိုးရှိပါတယ်။အခြေခံအားဖြင့်တော့တူညီကြပြီးပါဝင်ပစ္စည်းအနည်းငယ်ကွဲပြားကြပါတယ်။ဂျုံကြမ်းကိုသာအသုံးပြုပြီးပြုလုပ်ရပါတယ်။
ချပါတီDough
*********
Wheat Flour - ၃၅၀ဂရမ် (ဂျုံကြမ်း)
ကြက်ဥ - တစ်လုံး
ဆား - လ္ဘက်ဇွန်း တစ်ဝက်
သကြား - နှစ်ဇွန်း စားပွဲတင်ဇွန်း
ရေ - ၁၇၅ ml
ဆီ - ၂၀ ဂရမ်
ပြုလုပ်နည်း
*******
(၁)ဇလုံတခုတွင်ဂျုံမှုန့်နှင့်ပါဝင်ပစ္စည်းများကိုထည့်ပြီးဆယ်မိနစ်ခန့်နှယ် ပြီး နှပ်ထားပါ။
(၂)ဂျုံနှပ်လျှင်မိမိနှစ်သက်ရာဆိုဒ်အလုံးလေးများလုံးပါ(ခုလုပ်ထားတဲ့ ဆိုဒ်ရှစ်ခုရပါတယ်)
(၃)ပြီးလျှင်လုံးထားသောဂျုံကိုလိမ့်တုံးဖြင့်ဖြန့်ပြီးအလယ်တွင်ဆီသုတ်ကာလေးထောင့်လေးခေါက်ပြီးဘမ်းတခုတွင်ထည့်၍ဖုံးအုပ်ထားပါ။
(၄)ဂျုံလုံးအားလုံးခေါက်ပြီးပါကပထမဆုံးအလုံးမှစကာဂျုံမှုန့်ဖြူးပြီးသာသာ ဖြန့်ပါ ။
(၅)အိုးတခုတွင်ဆီ (သို့ ) ထောပတ်သုတ်ပြီး ကြော်ပါ မီးပျင်းရပါမယ်။အရောင်ရလျှင်တဖက်ကိုလှန်ပြီးဆက်ကြော်ပါ။အပေါ်မျက်နှာပြင်ကိုထောပတ်သို့ ဆီသုတ်ပေးပါ။
(၆)နှစ်ဘက်လုံးအရောင်ရလျှင်ချ ပြီးမသုံးဆောင်မှီအိုးတခုတွင် ထည့်ပြီးလေလုံအောင်အုပ်ထားပါ။(လေသလပ်ကမာခြောက်ခြောက် ဖြစ်တတ်ပါတယ်)
(၇)ကြက်သားဟင်း၊အာလူးဟင်း၊ပဲဟင်း၊စွတ်ပြုတ်နှစ်သက်၇ာဖြင့် (ကြက်သွန်၊ခရမ်းချဉ်သီးပူစီနံ)အချဉ်သုပ်ပြီးတွဲဖက်သုံးဆောင်နိုင်ပါပြီ။

Sofia Food Paradise

ပုဇွန်ကော်ပြန့်စိမ်း ♡ Popiah (Fresh Spring Rolls)
















ပုဇွန်ကော်ပြန့်စိမ်း ♡ Popiah (Fresh Spring Rolls)


ကော်ပြန့်ကြော်ကော်ပြန့်စိမ်းကိုနေရာဒေသအလိုက်ပုံစံအမျိုးမျိုးပြုလုပ်စားသုံးလေ့ရှိပါတယ်။ခုလုပ်ထားတဲ့ပုံစံကတော့စင်္ကာပူမှာpopiahလို့လူသိများတဲ့ကော်ပြန့်စိမ်းဖြစ်ပါတယ်။အချိုအစပ်ပုံစံနှစ်မျိုးရှိပါတယ်။လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
********
ကော်ပြန့် ဖက် - ၁၅ရွက်
ဆလပ်ရွက် - နှစ်ပင် ခင်းရန်
စိမ်းစားဥ - တလုံး အကြီး
မုန်လာဥနီ - တစ်တောင့်
ဂေါ်ဖီ - တစ်ထုပ် အသေး
ဘိုစားပဲ သို့ ရွှေပဲ - လက်တစ်ဆုပ်
ပဲပင်ပေါက် - ၁၅၀ဂရမ် တဆယ်သားခန့်
ပဲပြား - နှစ်တုံး
ကြက်သွန်ဖြူ - ၃မြောင်း
ကြက်သွန်မိတ် - ၅ပင်
ပုဇွန် - ၁၅ကောင်(ဂဏန်းနှစ်သက်ရာ)
ဆား - အနည်းငယ်
ဟင်းခပ်မှုန့် - တစ်ဇွန်း စားပွဲဇွန်း
ဆီ - အနည်းငယ်
တွဲဖက်ဆော့စ်
**********
Sweet Sauce
Sambal Sauce
ကြက်သွန်နီကြော်
မြေပဲနှမ်းထောင်း
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ကော်ပြန့်ဖက်ကိုခွာပြီးအဝတ်ရေစိုဖန့်ဖန့်ဖြင့်အုပ်ထားပေးပါ။
(၂)ပုဇွန်ကိုအခွံသင်ပြီးရေဆေးသန့်စင်ကာပြုတ်ထားသို့ကြော်ထားပါ။သတ်သတ်လွတ်လည်းလုပ်နိုင်ပါတယ်။
(၃)အသီးအနှံများဖြစ်သည့်ဂေါ်ဖီ၊ဥနီ၊ပဲသီးစိမ်းစားဥတို့ကိုရေဆေးသန့်စင်ပြီးသေးသေးစိတ်ထားပါ။ပဲပြားကိုသေးသေးစိတ်ပြီးကြော်ထားပါ။
(၄)အိုးတခုတွင်ဆီထည့်ပြီးကြက်သွန်ဖြူသေးသေးစိတ်ကာဆီသပ်ပါ။လှီးဖြတ်ထားသောသီးနှံများကိုထည့်ပြီးမီးပြင်းဖြင့်ကြော်ပါ။
(၅)ဆားဟင်းခပ်မှုန့်ထည့်ပြီးမွေပေးကာအရသာအပေါ့အငံမြည်းပြီးထွက်လာသောရေများကိုစစ်ထားပါ။
(၆)ရေစစ်သွားပါကကြက်သွန်မိတ်ပဲပြားကြော်တို့ကိုသေးသေးလှီးပြီးသမအောင်မွေပေးကာကော်ပြန့်ထုပ်ရန်အသင့်ဖြစ်ပါပြီ။
(၇)အားလုံးအသင့်ဖြစ်ပါကကော်ပြန့်ဖက်ကိုခင်းပါ။နှစ်သက်ရာဆော့ကိုအလယ်တွင်လူးပါ။ဆလပ်ရွက်ခင်းပြီးကြော်ထားသောသီးနှံစုံ၊ပုဇွန်တို့ကိုအပေါ်မှတင်ပြီးမိမိနှင့်နီးရာဘက်မှစတင်လိတ်ပေးပါ။(၈)ပြီးလျှင်လိုသလိုလှီးဖြတ်ပြီးပန်းကန်တွင်ထည့်ကာအပေါ်မှနှစ်သက်ရာဆော့စ်မြေပဲနှမ်းထောင်းကြက်သွန်ကြော်ဖြူးပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။ကြက်ဥထည့်လိုပါကကြက်ဥကိုအချပ်လိုက်ကြော်ပြီးအမျှင်စိတ်ကာထည့်နိုင်ပါတယ်။


Sofia Food Paradise 

တုံယမ်းဟင်းချို



















တုံယမ်းဟင်းချိုTom Yum 


တုံယမ်းဟင်းချိုကိုဒေသအလိုက်မတူညီတဲ့ပုံစံအမျိုးမျိုးချက်ကြပါတယ်။ဆိုဖီယာ၇ဲ့ယိုးဒယားဆ၇ာနှစ်ယောက်ချက်တာလည်းတမျိုး ဆီပါ။တယောက်ကနို့စိမ်းနဲ့အုန်းနို့သုံးတယ်။တယောက်ကမသုံး ပါဘူး။ဆိုဖီယာတော့မထည့်တာပိုကြိုက်လို့ဒီနည်းကိုဘဲတင်ပေးလိုက်ပါတယ်။သူငယ်ချင်းတို့မတူတာတွေရှိခဲ့မယ်ဆိုလည်းကိုယ်ကြိုက်တဲ့နည်းနဲ့ကိုယ်ချက်နိုင်ပါတယ်နော်။
ပါဝင်ပစ္စည်း
*******
တစ်ပွဲ (၃ယောက်စာ)
ကြက်ပြုတ်၇ည် သို့ေ၇ - ၅၀၀ml
ကြက်သွန်နီ - တစ်လုံး
ခ၇မ်းချဉ်သီး - တစ်ခြမ်း
စပါးလင် - တစ်ချောင်း
ပဒဲကော- ၃ပြား
ရှောက်ခါး၇ွက် - ၂၇ွက်
မှို - လက်တစ်ဆုပ် (ကောက်၇ိုးမှို)
ကြက်သား သို့ ပုဇွန် ပင်လယ်စာ - တစ်ပန်းကန်
င၇ုပ်သီးစိမ်း - ဆယ်တောင့်
သံပု၇ာသီး - တစ်လုံး (စားပွဲတင်၂ဇွန်း)
ယိုးဒယားငံပြာ၇ည် - ၂ဇွန်း
ဟင်းခပ်မှုန့် သကြား - လ္ဘက်ဇွန်းတစ်ဇွန်း
တုံယမ်းအနှစ် - တစ်ဇွန်း စားပွဲတင်ဇွန်း
အခဲထည့်လိုကတခဲထည့်ပါ။
နံနံပင် - အနည်းငယ်
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)ဦးစွာပါဝင်ပစ္စည်းများအားလုံးကိုပြင်ဆင်လှီးဖြတ်ထား၇ပါမယ်။ကြက်သွန်ကိုအနေတော်အတုံးဖြတ်ထားပါ။ခ၇မ်းချဉ်သီးကိုအမြောင်းကြီးကြီးလှီးထားပါ။ကောက်၇ိုးမှိုကိုလေးစိတ်စိတ်ထားပါ။စပါးလင်ကိုအပြင်ခွံခွာပြီးခပ်စောင်းစောင်းထူထူလှီးဖြတ်ထားပါ။ပဒဲကောကိုပါးပါးလှီးထားပါ။ကြက်သားကိုအနေတော်အတုံးလှီးဖြတ်ထားပါ။ပုဇွန်ကိုသန့်စင်ထားပါ။ပင်လယ်စာထည့်လိုပါကပြင်ဆင်လှီးဖြတ်ထားပါ။
(၂)အားလုံးအဆင်သင့်ဖြစ်ပါကအိုးတခုတွင်ကြက်ပြုတ်၇ည် သို့ေ၇ကိုထည့်ပါ။ကြက်သွန်နီ၊စပါးလင်၊ပဒဲကော၊မှို ကြက်သားထည့်လိုကထည့်ပါ။တုံယမ်းအနှစ်ထည့်ပြီးမီးဖိုပေါ်တည်ပါ။
(၃)အရသာငံပြာ၇ည်နှင့်ဟင်းခပ်မှုန့်သကြားထည့်ပြီးဆူပွက်အောင်တည်ပါ။
(၄)ဆူပွက်ပါကရှောက်၇ွက်၊ပုဇွန်နှင့်ခ၇မ်းချဉ်သီးထည့်ပြီးပြန်လည်ဆူပွက်သည်ထိထားပါ။
(၅)ပြန်လည်ဆူပွက်လာပါကအ၇သာအပေါ့အငံမြည်းကာမီးပိတ်ပြီးသံပု၇ာ၇ည်နှင့်င၇ုပ်သီးစိမ်းထည့်ကာချဉ်ငံစပ်အ၇သာပြင်ပြီးနံနံပင်အုပ်ကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
မှတ်ချက်။
ေ၇ှာက်၇ွက်၊ခ၇မ်းချဉ်သီး၊ပုဇွန်နှင့်ပင်လယ်စာကို ချခါနီးမှထည့်ပါ။ နောက်ဆုံးသုံးဆောင်မည့်အချိန်မှသာင၇ုပ်သီး၊သံပု၇ာသီးထည့်ပါ။ငံပြာ၇ည်မထည့်ခင်သံပု၇ာ၇ည်မထည့်ရ။ဟင်းချိုကောင်းကောင်း၇ဖို့အတွက် ဒီအချက်လေးတွေကိုသတိထားပြီးထည့် ကြည့်ပါနော်။


Sofia Food Paradise

တုံယမ်းထမင်းကြော် ♡ Seafood Tom Yum Fried Rice














တုံယမ်းထမင်းကြော် ♡Seafood Tom Yum Fried Rice


တုံယမ်းဆိုရင်များသောအားဖြင့်ဟင်းချိုဘဲလုပ်သောက်ကြတာများပါ တယ်။ခုတော့ထမင်းကြော်လေးကြော်ထားတယ်နော်။ထမင်းကြော် အရမ်းကြိုက်ပြီးပုံစံရိုးရိုးစားရတာငြီးငွေ့နေသူ များအတွက်ပုံစံအသစ် တမျိုးနဲ့အရသာထူးကဲလှတဲ့ပင်လယ်စာ တုံယမ်းထမင်းကြော် ချဉ်စပ် လေးကြော်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
******
ထမင်းဖြူ - တစ်ပွဲ
ကြက်ဥ - တစ်လုံး
ကြက်သွန်နီ - တစ်ခြမ်း
ကြက်သွန်ဖြူ - တစ်မြောင်း
တုံယမ်းနှစ် - တစ်ဇွန်း စားပွဲတင်ဇွန်း
(အခဲဆိုရေဖျော်သုံးပါ)
ပုဇွန် - ၅ ကောင် (နှစ်သက်ရာအသား)
စပါးလင် - တစ်ပိုင်း
ရှောက်ရွက် - နှစ်ရွက်
ပဒဲကော - ၃ပြား
ငရုပ်သီးစိမ်း - နှစ်တောင့်
ငံပြာရည် - ဇွန်းတဝက် စားပွဲတင်ဇွန်း
ခရုဆီ - တစ်ဇွန်း
နံနံပင် - အနည်းငယ်
ခရမ်းချဉ်သီး - သူံးမြောင်း
သခွားသီး - အနည်းငယ်
ဆီ - ၃ဇွန်း
ပြင်ဆင်ချက်ပြုတ်နည်း
************
(၁)ထမင်းဖြူတစ်ပွဲကိုအအေးခံထားပါ။ပုဇွန်ကိုကျောခွဲသန့်စင်ထားပါ။ကြက်သွန်ပါးပါးစိတ်၊ကြက်သွန်ဖြူငရုပ်သီးစိမ်းသေးသေးစိတ်စပါးလင်ကိုအတွင်းနုသည့်အပိုင်းထိခွာပြီးပါးပါးလေစိတ်ထားပါ။ပဒဲကောပါးပါးစိတ်ထားပါ။ရှောက်ခါးရွက်ကိုလည်းအမျှင်လေးဖြစ်အောင်စိတ်ထားပါ။ကြက်ဥကိုခေါက်ထားပါ။ခရမ်းချဉ်သီး စိတ်ထားပါ။
(၂)အားလုံးအဆင်သင့်ဖြစ်ပါကဒယ်အိုးကိုအပူပေးပြီးဆီအနည်းငယ်ဖြင့်အိုးကင်းကပ်ပါးပါးလေးကြော်ပြီးအပြင်ထုတ်ကာအမျှင်လေးများစိတ်ထားပါ။တခါတည်းရောကြော်လိုကကြော်ပါ။
(၂)ဆီတစ်ဇွန်းထည့်ပြီးပုဇွန်ကြာ်ပြီးဖယ်ထုတ်ထားပါ။
(၃)ဆီတစ်ဇွန်းထည့်ပြီးကြက်သွန်နီ၊ကြက်သွန်ဖြူ၊စပါးလင်၊ပဒဲကော၊ရှောက်ရွက်တို့ကိုဆီသပ်ပါ။တုံယမ်းအနှစ်ထည့်ပြီးဆီသပ်ပါ။
(၄)ထမင်းဖြူထည့်ပါ။ငံပြာရည်၊ခရုဆီထည့်ပြီးသမအောင်မွေပေးပါ။
(၅)အရသာအပေါ့အငံမြည်းကာကြက်ဥပုဇွန်ခရမ်းချဉ်သီးငရုပ်သီးတို့ကိုထည့်ပြီးသမအောင်မွေပေးပြီးပန်းကန်တွင်တည်ခင်းကာနံနံပင်သခွာသီးနှင့်တွဲဖက်၍အရသာရှိလှသောတုံယမ်းထမင်းကြော်ကိုသုံးဆောင်နိုင်ပါပြီ။

Sofia Food Paradise

Wednesday 6 January 2016

ပုဇွန်ကုန်းဘောင်















ပုဇွန်ကုန်းဘောင် ♡
ထမင်းမြိန်စေမဲ့ပုဇွန်ကုန်းဘောင်ကြီးကြော်ဆိုင်ဟင်းလေးကို အတော်များများနှစ်သက်ကြလိမ့်မယ်ထင်ပါတယ်။ချက်ရလွယ်ကူမြန်ဆန်တဲ့ဟင်းတခွက်လည်းဖြစ်ပါတယ်။ဆိုဖီယာတော့ဆီပြန်ဟင်းတွေကိုအချိန်ပေးပြီးတမနက်ခင်းလုံးချက်ရတဲ့ဟင်းတွေထက်စာရင်ခုလိုခုကြော်ခုစားအကြော်ဟင်းပွဲလေးတွေပိုကြိုက်ပါတယ်။(ပျင်းတာ tongue emoticon ) ပါဝင်ပစ္စည်းများကြိုတင်လှီးဖြတ်ထားပြီးစားခါနီးမှသာလျှင်ကြော်ပြီးပူပူနွေးနွေးသုံးဆောင်နိုင်ပါတယ်။ချက်ကြည့်ရအောင်နော် ။
ပါဝင်ပစ္စည်း
******
ပုဇွန် - ဆယ်ကောင် (ကြက်၊ငါး၊အမဲသား)
ကြက်သွန်နီ - အနေတော် ၂လုံး
ဂျင်းကြက်သွန်ဖြူထောင်း - တစ်ဇွန်း လ္ဘက်ဇွန်း
ဆား -ဇွန်းတဝက်
ဟင်းခပ်မှုန့် - တစ်ဇွန်း
ကော်မှုန့် - တစ်ဇွန်း
ခရမ်းချဉ်သီး -တစ်ခြမ်း
ရွှေပဲ - ၅တောင့်
ငရုပ်သီးခြောက် - ၅ တောင့်
ရှောက်ကော တရုပ်မဆလာ - အနည်းငယ်
Sweet Soya Sauce - တစ်ဇွန်း
(အနောက်ရည်)
ဆီ - လိုသလောက်
ပြင်ဆင်ချက်ပြုတ်နည်း
************
(၁)ဦးစွာပထမပုဇွန်ကိုရေဆေးသန့်စင်ကျောခွဲထားပါ။ဆား၊ဟင်းခ ပ်မှုန့်၊ဂျင်းကြက်သွန်ဖြူထောင်း၊ကော်မှုန့်ထည့်ပြီးနယ်ထားပါ။
(၂)ကြက်သွန်နီအတုံးကြီးလှီးထားပါ။ခရမ်းချဉ်သီးအတုံးကြီးစိတ်ထားပါ။ငရုပ်သီးခြောက်ချွေထားပါ။ရွှေပဲကိုတဝက်စိတ်ထားပါ။
(၃)အားလုံးအဆင်သင့်ဖြစ်ပါကဒယ်အိုးတွင်ဆီထည့်ပြီးအပူပေးပါ။(ဆီအနည်းငယ်ပိုထည့်ပေးမှဟင်းပွဲလှပါတယ်။)
(၄)ဆီပူလျှင်ငရုပ်ခြောက်ကိုကျွမ်းအောင်ကြော်ပြီးဖယ်ထုတ်ထား ပါ။ပုဇွန်ကိုဆီပူတွင်တချက်ချကြော်ပါ။တဝက်ကျက်အနေထားရပါကဆယ်ယူဆီစစ်ထားပါ။
(၅)အိုးထဲမှဆီအချို့ကိုဖယ်ထုတ်ပြီးကြက်သွန်ထည့်ပြီးကြော်ပါ။ မီးပြင်းဖြင့်အေ၇ာင်ပြောင်း၇ုံကြော်ပါ ။ပုဇွန်၊ေ၇ွှပဲ၊ခရမ်းချဉ်သီးတို့ကို ထည့်ကြော်ပါ။
(၆)ကြက်ပြုတ်ရည်သို့မဟုတ်ေ၇အနည်းငယ်ထည့်ပေးပါ။အနောက်ရည်ထည့်ပြီးမွေပေးပါ။နောက်ဆုံးတွင်ရှောက်ကောမှုန့်ထည့်ပြီးငရုပ်သီးခြောက်ကြော်ထည့်ကာသမအောင်မွေပေးပြီးပန်းကန်တွင်တည်းခင်းသုံးဆောင်နိုင်ပါပြီ။

Sofia Food Paradise &  
တရုပ်အစားအစာများ.



ပုဇွန်ပေါင်း ♡ Steamed Prawn with Lime sauce





















ပုဇွန်ပေါင်း ♡Steamed Prawn with Lime sauce


ယိုးဒယားအစားအစာထဲကလူကြိုက်များတဲ့ချဉ်ငံစပ်ပုဇွန်ပေါင်းလေးဖြစ်ပါတယ်။ပုဇွန်ပေါင်းဆိုပေမဲ့ပုဇွန်ကိုပြုတ်ပြီးချဉ်ငံစပ်ဆော့စ်နဲ့တွဲဖက်စားခြင်းဖြစ်ပါတယ်။ပါတီပွဲ၊မိတ်ဆုံစားပွဲတွေမှာလှပတဲ့ခံတွင်းဖွင့်စာအနေနဲ့တည်ခင်းနိုင်ပါတယ်။ပါဝင်ပစ္စည်းအနည်းငယ်နဲ့ပြုလုပ်ရလွယ်ကူတဲ့ပုဇွန်ပေါင်းနဲ့ဆော့စ်ပြုလုပ်နည်းလေးကိုမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
******
ပုဇွန် - လိုသလောက်
ကြက်သွန်ဖြူ - လေးမြောင်း
ငရုပ်သီးစိမ်း - ငါးတောင့်
ယိုးဒယားငံပြာရည် - ၂ဇွန်း စားပွဲဇွန်း
သံပုရာရည် - ၂ဇွန်း
ဟင်းခပ်မှုန့် - တစ်ဇွန်း လ္ဘက်ဇွန်း
သကြား - တစ်ဇွန်း လ္ဘက်ဇွန်း
နံနံပင်အရိုး - တစ်ဇွန်း( နုတ်နုတ်စင်း)စားပွဲတင်ဇွန်း
နံနံပင်/သံပုရာသီး - အလှဆင်ရန်
ပြုလုပ်နည်း
******
(၁)ဦးစွာအိုးတွင်ေ၇ထည့်ပြီးအသင့်တည်ထားပါ။လပ်ဆပ်သောပုဇွန်ကိုအမွှေးအမျှင်များသန့်စင်ထားပါ။ဘေးတွင်ဇလုံတခုဖြင့်ေ၇ခဲေ၇အဆင်သင့်ပြုလုပ်ထားပါ။
(၂)ေ၇ဆူပွက်ပါကေ၇ထဲသို့သံပု၇ာသီးတစ်ခြမ်းညစ်ထည့်ပါ။
(၃)သန့်စင်ပြီးသားပုဇွန်ကိုေ၇ဆူတွင်လေးမိနစ်ခန့်ပြုတ်ပြီးဆယ်ယူကာအသင့်ပြုလုပ်ထားသောရေခဲရေတွင်စိမ်ပြီးဆယ်ယူရေစစ်ထားပါ။
(၄)ဆော့စ်ပြုလုပ်ရန်အတွက် ကြက်သွန်ဖြူ၃မြောင်းကိုနုတ်နုတ် စင်းပြီးတစ်မြောင်းကိုပါးပါးစိတ်ထားပါ။
(၅)ငရုပ်သီးစိမ်းနှင့်နံနံပင်အရိုးကိုနုတ်နုတ်စိတ်ထားပါ။
(၆)ပန်းကန်လုံးတခုတွင်ကြက်သွန်ဖြူ၊ငရုပ်သီး၊နံနံရိုးစင်းထားသည်တို့ကိုထည့်ပြီးငါးငံပြာရည်၊သံပုရာရည်၊ဟင်းခတ်မှုန့်၊သကြားတို့ကိုထည့်၍မွေပေးပါ။
(၇)ချဉ်ငံစပ်အရသာလိုအပ်ပါကဖြည့်စွက်ပါ။ဆော့စ်များများပြုလုပ်လိုပါကဆတိုးပြုလုပ်နိုင်ပါတယ်။
(၈)ပွဲပြင်မည့်ပန်းကန်တွင်ပုဇွန်များကိုဖြန့်၍စီထည့်ပြီးဆော့စ်ပန်းကန်ဖြင့်တွဲဖက်အလှဆင်ကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
*** (အကျက်မလွန်စေ၇န်ရေခဲစိမ်ရခြင်းဖြစ်ပါတယ်)


Sofia Food Paradise 



တုံယမ်းကြာဇံကြော် ♡ Tom Yum Fried Vermicelli
















တုံယမ်းကြာဇံကြော် ♡ Tom Yum Fried Vermicelli


တုံယမ်းဆိုရင်များသောအားဖြင့်ဟင်းချိုဘဲလုပ်သောက်ကြတာများပါ တယ်။ခုတော့ကြာဇံကြော်လေးကြော်ထားပါတယ်။
ကြာဇံကြော်အရမ်းကြိုက်ပြီးရိုးရိုးအချိုစားရတာငြီးငွေ့နေသူများအတွက်ပုံစံအသစ်တမျိုးနဲ့အရသာထူးကဲလှတဲ့တုံယမ်းကြာဇံကြော်ချဉ်စပ်လေးကြော်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း 
******
ဆန်ကြာဇံ - တစ်ပွဲစာ
ကြက်ဥ - တစ်လုံး
တုံယမ်းနှစ် - တစ်ဇွန်း စားပွဲတင်ဇွန်း
(အခဲဆိုရေဖျော်သုံးပါ)
ပုဇွန် - ၅ ကောင်
ကြက်သား -အနည်းငယ်
ပဲပင်ပေါက် - လက်တစ်ဆုပ်
ပဲပြား - တစ်စိတ်
ကျိုချိုက်/ကြက်သွန်မိတ် - သုံးပင်
ငရုပ်သီးစိမ်း - နှစ်တောင့်(အစပ်ကြိုက်လျှင်)
ငံပြာရည် - ဇွန်းတဝက် စားပွဲတင်ဇွန်း
ခရုဆီ - တစ်ဇွန်း
နံနံပင် - အနည်းငယ်
ဆီ - ၃ဇွန်း
ပြင်ဆင်ချက်ပြုတ်နည်း
************
(၁)ဆန်ကြာဇံကိုနာရီဝက်ခန့်ကြို ပြီးရေစိမ်ထားပါ။ကြက်သားသေးသေးစိတ်ထားပါ။
ပုဇွန်ကိုကျောခွဲသန့်စင်ထားပါ။ကြက်ဥကိုခေါက်ထားပါ။
(၂)အားလုံးအဆင်သင့်ဖြစ်ပါကဒယ်အိုးကိုအပူပေးပြီးဆီအနည်းငယ်ဖြင့်ကြက်ဥကိုအိုးကင်းကပ်ပါးပါးလေးကြော်ပြီးအပြင်ထုတ်ကာအမျှင်လေးများစိတ်ထားပါ။တခါတည်းရောကြော်လိုကကြော်ပါ။
(၂)ဆီတစ်ဇွန်းထည့်ပြီးပဲပြားအတုံးသေးသေးကိုအရောင်ရသည်ထိကြော်ပြီးဖယ်ထုတ်ထားပါ။
ကြက်သားနှင့်ပုဇွန်ကိုလည်းကြော်ပြီးဖယ်ထုတ်ထားပါ။
(၃)ဆီအနည်းငယ်ထပ်ထည့်ပြီးတုံယမ်းအနှစ်ထည့်ပြီးဆီသပ်ပါ။
(၄)ရေစိမ်ထားသောကြာဇံထည့်ပါ။ငံပြာရည်ခရုဆီဟင်းခပ်မှုန့်ထည့်ပြီးသမအောင်မွေပေးပါ။ကြာဇံနူးစေရန်ရေသို့မဟုတ်ကြက်ပြုတ်ရည်အနည်းငယ်ထည့်ပေးပါ။
(၅)ကြာဇံနူးပါကအရသာအပေါ့အငံမြည်းကာကြက်သားပဲပင်ပေါက်ကျိုချိုက်ပဲပြားကြော်တို့ကိုထည့်ပြီးသမအောင်မွေပေးပြီးပန်းကန်တွင်တည်ခင်းကာကြက်ဥနံနံပင်ငရုပ်သီးနှင့်တွဲဖက်၍အရသာရှိလှသောတုံယမ်းကြာဇံကြော်ကိုသုံးဆောင်နိုင်ပါပြီ။



Sofia Food Paradise 


အိမ်ရှင်မများနှင့်ထမင်းချက်ခြင်းအကြားင်းလျှို့ဝှက်ချက်များ










































































 အိမ်ရှင်မများနှင့်ထမင်းချက်ခြင်းအကြားင်းလျှို့ဝှက်ချက်များ
============================================
အိမ်ရှင်မများအတွက်ထမင်းချက်ရာတွင် အရသာသာမက ကျန်းမာရေးအတွက်အာဟာရဓ်ာတွေပါမဆုံးရှုံးစေမည့် အလွယ်တစ်ကူတစ်ခါတည်းပြီးပြည့်စုံစေမယ့် နည်းလေးများကို စုစည်း တင်ပြပေးလိုက်ရပါတယ်။
.
၁။ရှာလကာရည်
ထမင်းချက်ရာတွင်ရှာလကာရည်တစ်စက်၊နှစ်စက်ထည့်ပေးရုံဖြင့်ထမင်းရဲ့အနံ့အရသာကိုပိုပြီးထင်ပေါ်မွှေးပျံ့စေနိုင်မယ့်အပြင်ရာသီဥတုအလွန်ပူပြင်းပြီးထမင်းသိုးခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။(ရှာလကာရည်နံ့လုံးဝမထွက်ပါ)

၂။ဘီယာ
ဆန်ဟောင်းများအထားကြာသွားပြီးချက်ပြုတ်ရာမှာအနံ့အရသာက ဆန်သစ်လောက် မကောင်းတဲ့အချိန်မှာစိတ်မပူပါနဲ့ဆန်အဟောင်းကိုချက်ချိန်မှာဘီယာအနည်းငယ်သာ ထည့်လိုက်ပါပေါ်ဆန်းမွှေးပမာမွှေးပျံ့တဲ့ထမင်းကိုရရှိစေမှာဖြစ်ပါတယ်။

၃။မြေပဲဆီ
ထမင်းချက်ရာမှာဆားအနည်းငယ်နဲ့မြေပဲဆီအနည်းငယ်ထည့်ပေးပါကာရောပြီးမွှေပေးပါကဆန်ဖွာခြင်းမရှိပဲခံတွင်းကိုတွေ့စေမှာဖြစ်ပါတယ်။
၎။ဆား
လက်ကျန်ထမင်းကိုပြန်နွေးရာတွင်ဆားအနည်းငယ်ထည့်ပေးခြင်းအားဖြင့်အနံ့ဆိုးများကိုပျောက်စေသည့်အပြင်ခံတွင်းတွင်လည်းနူးညံ့နေစေမှာသေချာပါတယ်။
၆။ဆန်အရက်၊အရက်ဖြူ
ထမင်းကြော်ရာတွင် ထမင်းတွင်အရက်သုံး၊လေးစက်အနည်းငယ် ထည့်ကာကြော်ပေးပါက နတ်သဒ္ဓါပမာထမင်းအရသာကိုရစေနိုင်ပါတယ်။ အကယ်၍ထမင်းကျက်တ၀က်မကျက်တဝက်ဖြစ်နေတဲ့အခြေအနေမျိုးနဲ့ကြုံပါကဇွန်း၂ဇွန်းစာဆန်အရက်ကိုထည့်ပြီးနွေးပေးခြင်းနဲ့ထမင်းကိုလုံးဝကျက်စေနိုင်ပါတယ်။
၇။ရေကျက်အေး
ထမင်းချက်ချိန်မှာရေကျက်အေးနဲ့ချက်ပါကဆန်မှာပါဝင်တဲ့ဗီတာမင် B1 ဓာတ်ကို အပြည့်အ၀ရရှိစေမှာဖြစ်ပါတယ်။
၈။ကြက်သွန်မြိတ်
ထမင်းတူးသွားပါကထမင်းကြားမှာကြက်သွန်မြိတ်တစ်ပင်ကိုထည့်ပြီးခဏအဖုံးအုပ်ထားပေးပါကတူးနံ့များကိုယူပစ်လိုက်သလိုပြောက်ကင်းသွားမှာဖြစ်ပါတယ်။
၉။လက်ဖက်
ရေနွေးကြမ်းကိုထမင်းချက်ရာမှာထည့်ပြီးသာမာန်အတိုင်းထမင်းချက်ပါကရရှိလာတဲ့ထမင်းကအနံ့အရသာကိုပြည့်စုံရုံသာမကအာဟာရလည်းအလွန်ဖြစ်စေပါတယ်။
၁၀။သံလွင်ဆီ
ထမင်းချက်ရာတွင်သံလွင်ဆီအနည်းငယ်ထည့်ပေးပါကဆန်ထဲရှိသကြားဓာတ်တိုးမြှင့်မှုကို ထိန်းချုပ်နိုင်တဲ့အပြင်အစာအိမ်ကိုလည်းဥပဒ်မဖြစ်စေနိုင်ပါဘူး။ဆီးချိုသမားများအတွက်လည်းသင့်လျှော်ပါတယ်။
Sofia Food Paradise