မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday 6 January 2016

ပုဇွန်ပေါင်း ♡ Steamed Prawn with Lime sauce





















ပုဇွန်ပေါင်း ♡Steamed Prawn with Lime sauce


ယိုးဒယားအစားအစာထဲကလူကြိုက်များတဲ့ချဉ်ငံစပ်ပုဇွန်ပေါင်းလေးဖြစ်ပါတယ်။ပုဇွန်ပေါင်းဆိုပေမဲ့ပုဇွန်ကိုပြုတ်ပြီးချဉ်ငံစပ်ဆော့စ်နဲ့တွဲဖက်စားခြင်းဖြစ်ပါတယ်။ပါတီပွဲ၊မိတ်ဆုံစားပွဲတွေမှာလှပတဲ့ခံတွင်းဖွင့်စာအနေနဲ့တည်ခင်းနိုင်ပါတယ်။ပါဝင်ပစ္စည်းအနည်းငယ်နဲ့ပြုလုပ်ရလွယ်ကူတဲ့ပုဇွန်ပေါင်းနဲ့ဆော့စ်ပြုလုပ်နည်းလေးကိုမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
******
ပုဇွန် - လိုသလောက်
ကြက်သွန်ဖြူ - လေးမြောင်း
ငရုပ်သီးစိမ်း - ငါးတောင့်
ယိုးဒယားငံပြာရည် - ၂ဇွန်း စားပွဲဇွန်း
သံပုရာရည် - ၂ဇွန်း
ဟင်းခပ်မှုန့် - တစ်ဇွန်း လ္ဘက်ဇွန်း
သကြား - တစ်ဇွန်း လ္ဘက်ဇွန်း
နံနံပင်အရိုး - တစ်ဇွန်း( နုတ်နုတ်စင်း)စားပွဲတင်ဇွန်း
နံနံပင်/သံပုရာသီး - အလှဆင်ရန်
ပြုလုပ်နည်း
******
(၁)ဦးစွာအိုးတွင်ေ၇ထည့်ပြီးအသင့်တည်ထားပါ။လပ်ဆပ်သောပုဇွန်ကိုအမွှေးအမျှင်များသန့်စင်ထားပါ။ဘေးတွင်ဇလုံတခုဖြင့်ေ၇ခဲေ၇အဆင်သင့်ပြုလုပ်ထားပါ။
(၂)ေ၇ဆူပွက်ပါကေ၇ထဲသို့သံပု၇ာသီးတစ်ခြမ်းညစ်ထည့်ပါ။
(၃)သန့်စင်ပြီးသားပုဇွန်ကိုေ၇ဆူတွင်လေးမိနစ်ခန့်ပြုတ်ပြီးဆယ်ယူကာအသင့်ပြုလုပ်ထားသောရေခဲရေတွင်စိမ်ပြီးဆယ်ယူရေစစ်ထားပါ။
(၄)ဆော့စ်ပြုလုပ်ရန်အတွက် ကြက်သွန်ဖြူ၃မြောင်းကိုနုတ်နုတ် စင်းပြီးတစ်မြောင်းကိုပါးပါးစိတ်ထားပါ။
(၅)ငရုပ်သီးစိမ်းနှင့်နံနံပင်အရိုးကိုနုတ်နုတ်စိတ်ထားပါ။
(၆)ပန်းကန်လုံးတခုတွင်ကြက်သွန်ဖြူ၊ငရုပ်သီး၊နံနံရိုးစင်းထားသည်တို့ကိုထည့်ပြီးငါးငံပြာရည်၊သံပုရာရည်၊ဟင်းခတ်မှုန့်၊သကြားတို့ကိုထည့်၍မွေပေးပါ။
(၇)ချဉ်ငံစပ်အရသာလိုအပ်ပါကဖြည့်စွက်ပါ။ဆော့စ်များများပြုလုပ်လိုပါကဆတိုးပြုလုပ်နိုင်ပါတယ်။
(၈)ပွဲပြင်မည့်ပန်းကန်တွင်ပုဇွန်များကိုဖြန့်၍စီထည့်ပြီးဆော့စ်ပန်းကန်ဖြင့်တွဲဖက်အလှဆင်ကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
*** (အကျက်မလွန်စေ၇န်ရေခဲစိမ်ရခြင်းဖြစ်ပါတယ်)


Sofia Food Paradise 



No comments:

Post a Comment