Friday, 29 January 2016
မုန်လာဥဆနွင်းမကင်း
မုန်လာဥဆနွင်းမကင်း
စားနေကျဆနွင်းမကင်းနဲ့မတူဘဲအ၇သာကောင်းပြီးအရောင်လေးလည်းလှတဲ့မုန်လာဥနီခါကြက်ဥဆနွင်းမကင်းလေးလုပ်စားကြည့်၇အောင်နော်။အချိုလျော့ထားပြီးစိမ့်စိမ့်လေးလုပ်ထားတာမို့အချိုနှစ်သက်ပါကသကြားပိုထည့်နိုင်ပါတယ်။
ပါဝင်ပစ္စည်း
*******
မုန်လာဥ - ၂၅၀ ဂ၇မ်
ရွှေကြည် အနု - ၂၀၀ ဂရမ်
သကြား - ၁၅၀ ဂရမ်
အုန်းနို့ - ၂၅၀ ml
နွားနို့ - ၁၅၀ ml
အုန်းသီးစိမ်း - ရေနွေးပန်းကန်တစ်လုံး
အခြောက်မုန့် ထည့်လျှင် ၂၀ ဂရမ်
ထောပတ် - ၇၅ ဂရမ်
ကြက်ဥ - ၃လုံး
ဆား - အနည်းငယ်
ဘိန်းစေ့ - တစ်ဇွန်း စားပွဲတင်ဇွန်း
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)ဦးစွာပထမမုန်လာဥနီကိုေ၇ဆေးအခွံသင်ကာအုန်းသီးခြစ်ဖြင့်အမျှင်နုနုလေး၇အောင်ခြစ်ထားပါ။
(၂)အိုးတခုတွင်ပါဝင်ပစ္စည်းများအားလုံးဘိန်းစေ့မှအပထည့်ပြီးသမအောင်မွေပေးပါ။
(၃)မီးဖိုပေါ်တင်ကာမီးအနေတော်ဖြင့်ဆီပြန်လုံးလာသည်ထိအဆက်မပျက်မွေပေးပါ။ရွှေကြည်အနုအကြမ်းပေါ်မူတည်ပြီးအုန်းနို့သို့နွားနို့ ကိုပိုထည့်ပေးဖို့လိုပါတယ်။
(၄)ပြီးလျှင်ရှစ်လက်မအရွယ်ဘမ်းကိုဆီသုပ်ပြီးကျိုထားပြီးသောမုန်လာဥဆနွင်းမကင်ကိုသေချာဖိထည့်ပေးပြီးမျက်နှာပြင်ညီအောင်ချောအောင်လက်ဖြင့်ဖိသိပ်ပေးပါ။
(၅)ပြီးလျှင်အပေါ်မှဘိန်းစေ့ဖြူးကာ oven တွင် 200´Cဖြင့် ၁၅မိနစ်ခန့် ဖုတ်ပြီးအအေးခံကာလိုသလိုလှီးဖြတ်၍တည်ခင်းသုံး ဆောင်နိုင်ပါပြီ။
Sofia Food Paradise
ခုနှစ်လွှာပေါက်စီ
ခုနှစ်လွှာပေါက်စီ
ပေါက်စီလုပ်နည်းများစွာရှိပြီးတယောက်နဲ့တယောက်လုပ်နည်းများကွဲပြားကြပါတယ်ဘယ်လုပ်နည်းနဲ့လုပ်လုပ်ပေါက်စီမှာအစအလယ်အဆုံးအကုန်အရေးကြီးပါတယ်။တချို့မုန့်လုပ်နည်းများလိုပါဝင်ပစ္စည်းအချိုးအစားမှန်ရုံနဲ့ပေါက်စီလှလှကောင်းကောင်းမထွက်လာနိုင်တဲ့မုန့်တခုလည်းဖြစ်ပါတယ်။ပြုလုပ်နည်းအဆင့်ဆင့်ကိုအရှင်းဆုံးရေးပေးထားတဲ့အတွက်တဆင့်ချင်းကိုသေချာဖတ်ပြီးလိုက်လုပ်မယ်ဆိုရင်အဆင်ပြေနိုင်ဖို့မျော်လင့်ပါတယ်။
❀❀ဝါသနာရှင်များမေးထားတဲ့မေးခွန်းများအားလုံးကိုခြုံပြီးအတွေ့အကြုံများစွာကိုအခြေခံလို့အရေးကြီးလိုအပ်တဲ့သတိပြုရမဲ့အချက်တွေထပ်မံဖြည့်စွက်ပေးထားပါတယ်။အောင်မြင်ကြပါစေ....
ပါဝင်ပစ္စည်း ၁၂လုံးစာ
***********
ဂျုံ - ၅၀၀ ဂရမ် (All Purpose Flour)
Yeast ပွဆေး - ၁/၃ စားပွဲတင်ဇွန်း
သကြား - ၅၀ဂရမ်
ဆား - ၃ ဂရမ် အနည်းငယ်
ဆီ - ၅၀ ဂရမ်
ကြက်ဥ - တလုံး
ရေ - ၂၀၀ ml
ဆီစာအတွက်လိုအပ်သောပစ္စည်း
*****************
ဆီ - ၁၀၀ ဂရမ်
ဂျုံ - ၁၅၀ ဂရမ်
ပြင်ဆင်ပြုလုပ်နည်း
**********
(၁)ဂျုံကိုဇလုံတခုတွင်ထည့်ပြီးပါဝင်ပစ္စည်းအားလုံးဖြင့်ဂျုံသားချောမွေ့လာသည်ထိနှယ်ပါ။ ချောမွေ့လာပါကသုံးပိုင်းခွဲပြီးဆယ်မိနစ်ခန့်နှပ်ထားပါ။
❀❀ရေကိုအကုန်မထည့်ဘဲဖြည်းဖြည်းဆီထည့်နယ်ပါ၊ဂျုံအမျိုးအစားပေါ်မူတည်ပြီးအပျော့အမာကွဲနိုင်ပါတယ်။
❀❀မုန့်သားဖြူရန်ဂျုံနယ်သားကျရန်အရေးကြီးပါတယ်။လက်ဖြင့်နယ်လျှင်မိနစ်၂၀နှင့်စက်ဖြင့်၁၂မိနစ်။
(၂)နှပ်ထားစဉ်ဆီစာပြုလုပ်ပါ။ဆီနှင့်ဂျုံကိုသမအောင်ရောမွေထားပြီးသုံးပုံပုံထားပါ။
(၃)ပြီးလျှင်နှပ်ထားသောဂျုံလုံးကိုပြားပြီးဆီစာထည့်ပြီးပြန်လုံးထားပါ။ဆီစာမထွက်လာစေရန်အထူးဂရုပြုပါ။
(၄)မိမိနှစ်သက်ရာအစာကိုအဆင်သင့်လုပ်ထားပါ။(ပဲယို၊ အုန်းသီးသို့ အသား)
(၅)ဂျုံသားနှပ်ပါကလိမ့်တုန်းဖြင့်ပြားပြီးပြန့်နေအောင်ဖြန့်ပါ။ဆီစာများပေါက်မထွက်စေရန်ဂရုပြုရပါမယ်။
(၆)အပြန့်ညီပါကအစွန်းတဖက်မှစ၍အတွင်းဘက်သို့ကျစ်နေအောင်လိပ်ပေးပါ။
(၇)ရလာသောအလိပ်ကိုလေးပိုင်းပိုင်းပြီးထောင်၍စီထားပါ။ရေစိုအဝတ်ပါးဖြင့်ဖုံးအုပ်ထားပါ။
(၈)ဂျုံသုံးလုံးစလုံးလိပ်ပြီးဖြတ်ပြီးပါကပထမဆုံးလိပ်ထားသောအလိပ်မှစတင်ပြီးထောင်ထားသည့်အတိုင်းပြားပေးပါ။အလွှာများမကွဲအောင်ဂရုပြုပါ။
(၉)ပြားပြီးပါကနှစ်သက်ရာအစာထည့်ပြီးလုံအောင်ပိတ်ပါ။ခုနှစ်လွှာပေါက်စီသည်ပန်းဖော်ရန်မလွယ်ကူပါ။ပိတ်ထားသောဘက်ကိုအောက်ဖက်တွင်ထားရမည်။အလွယ်တကူပွင့်ထွက်နိုင်သည်။
(၁၀)အစာသွပ်ပြီးသားပေါက်စီကိုမိမိပေါင်းမည့်ဘမ်းတွင်စက္ကူခံပြီးမှောက်၍တင်ပါ။
(၁၁)အားလုံးပြီးပါက အဖုံးအုပ်ပြီး ပူနွေးသောနေရာတွင်အပွခံထားပါ။ (၁၂)အပွခံထားစဉ်ပေါက်စီပေါင်းမည်အိုးကိုရေနွေးအစဉ်သင့်တည်ထားပါ။
(၁၃)အပွခံထားသောမုန့်လိုအပ်သောအပွအနေထားသို့ရောက်ပါကဆူပွက်နေသောရေပေါင်းခံအိုးသို့တင်ပြီးအဖုံးလုံလုံဖြင့်ဆယ်မိနစ်ခန့်ပေါင်းပြီးလျှင်သုံးဆောင်နိုင်ပါပြီရှင်။
ပဲယိုပြုလုပ်နည်း
*********
ပဲလွန်း - ၂၅ကျပ်သား
ထန်းလျက် ၂၅ကျပ်သား
ဆီ - ၁၅ ကျပ်သား
ဆား - အနည်းငယ်
(၁)ပဲလွန်းကိုရေတညစိမ်ပြီးဆော်ဒါလ္ဘက်ဇွန်းတစ်ဇွန်းထည့်ပြီးပြုတ်ပါ။
(၂)ပဲနူးပါကရေစစ်ထားပြီးကြိတ်စက်ဖြင့်ကြေအောင်ကြိတ်ပါ။
(၃)ထန်းလျက်ကိုရေအနည်းငယ်ဖြင့်ကျိုပြီးအမှိုက်များစစ်ထုတ်ပါ။ပြီးလျှင်ညောင်စေးကျအောင်ပြန်ကျိုထားပါ။
(၄)ပဲယိုထိုးမည့်ဒယ်အိုးတွင်ဆီထည့်ပြီးထန်းလျက်ထည့်ကြော်ပါ။
(၅)မွှေးပြီးထန်းလျက်ပွလာပါကပဲကြိတ်ထားသည်ကိုထည့်ပါ။ဆားအနည်းငယ်ထည့်ပြီးရေခမ်းဆီပြန်လာသည်ထိမွေပေးပါ။
ပဲနှင့်ထန်းလျက်တွင်ရေကျန်ပါကကျိုနေစဉ်တွင်အပူများစင်တတ်၍ဂရုပြုပါ။
(၆)အထားခံရန်ဆီပြန်ပြီးလုံးလာသည်ထိကျိုပေးပါ။ပြီးလျှင်အအေးခံထားကာလိုသလိုအသုံးပြုနိုင်ပါပြီ။
ကြက်သားအစာသွပ်ရန်အတွက်
*****************
(၁)ကြက်သွန်နီအတုံးသေးသေးစိတ်ပြီးကြော်ပါ။
(၂)ကြက်သားစင်းကောထည့်ပါ။
(၃)ဆား၊ဟင်းခတ်မှုန့်၊ ရှောက်ကောထည့်ပါ။
(၄)ကျိုချိုက် ထည့်ပါ။ နှစ်သက်ပါကပဲပင်ပေါက်ထည့်ပါ။
(၅)အရသာမြည်းကာဆယ်ယူဆီစစ်ထားပါ။
(၆)အစာသွပ်မည့်အချိန်တွင်ကြက်ဥအစိမ်းတလုံးထည့်ကာမွေပေးပါ။
Sofia Food Paradise
Subscribe to:
Comments (Atom)

