Friday, 29 January 2016
ကန်ဇွန်းဥဆနွင်းမကင်း ♡ Sweet Potato Walnut Cake
ကန်ဇွန်းဥဆနွင်းမကင်း ♡ Sweet Potato Walnut Cake
ငယ်ငယ်ကတည်းကနှစ်သက်ခဲ့တဲ့အချိုပွဲလေးဖြစ်ပါတယ်။ဒီမုန့်လုပ်နည်းအချိုးလေးကသူငယ်ချင်းLin Thawdarဆီကပါ။ပါဝင်ပစ္စည်းနဲ့လုပ်နည်းအဆင့်အနည်းငယ်ပြင်ပြီးပြုလုပ်ထားပါတယ်။ကျေးဇူးပါ Sis Lin Thawdar smile emoticon
ပါဝင်ပစ္စည်း
********
ကန်ဇွန်းဥ - တစ်ကီလို
သကြား - ၂၀၀ ဂရမ်
ရွှေကြည် - ၁၀၀ ဂရမ်
ဆား - ၁ဇွန်းလ္ဘက်ဇွန်း
အုန်းနို့ - အသေးတစ်ဘူး
ထောပတ် - ၂၀၀ ဂရမ်
သစ်ကြားသီး - ၁၀၀ ဂရမ် (သေးသေးစိတ်)
အုန်းသီးခြောက်အမှုန့် - အနည်းငယ်
ဘိန်းစေ့ - အနည်းငယ်
ပြုလုပ်နည်း
******
(၁)ဦးစွာကန်ဇွန်းဥကိုရေဆေးပြီးနူးအောင်ပြုတ်ထားပါ။
(၂)နူးအိပါကအခွံသင်ပြီးကျေအောင်ခြေပါ။ပါဝင်ပစ္စည်းများအားလုံးဘိန်းစေ့နှင့်အုန်းသီးမှအပအကုန်ထည့်ပြီးသမအောင်မွေပေးပါ။
(၃)အိုးတခုတွင်ထည့်ပြီးမီးဖိုပေါ်တင်ကာပျစ်ပြီးလုံးလာသည်ထိမွေပေးပါ။မုန့်ဖုတ်မည့်ဘမ်းကိုထောပတ်သုပ်ပြီးကန်ဇွန်းဥကိုထည့်ကာမျက်နှာပြင်ညီအောင်ညှိပါ။
(၄)အုန်းသီးမှုန့်နှင့်ဘိန်းစေ့ဖြူးပြီးovenအပူချိန် ၂၀၀ဒီဂရီဖြင့် ၃၀မိ နှစ်ခန့်ဖုတ်ပြီးမျက်နှာပြင်အရောင်ရပါကအအေးခံပြီးလိုသလိုလှီးဖြတ်သုံးဆောင်နိုင်ပါပြီ။
Sofia Food Paradise
လမုန့်
လမုန့်
ဂျုံကြမ်း - ၅၀၀ ဂရမ်
ဆီ - ၁၂၀ ဂရမ်
ဆော်ဒါ - တစ်ဇွန်း စားပွဲတင်
ကြက်ဥ - ၂လုံး
ကြံသကာရည် -၂၅၀ ml (ကြံသကာ၁၅၀ဂရမ်)
နှမ်း - ၃ဇွန်း
ကြက်ဥအနှစ် - ၁လုံး
(၁)ဇလုံတခုတွင်ဂျုံ ၊ဆော်ဒါ ထည့်ပြီးသမအောင်မွပါ။
(၂)ဆီထည့်ပြီးမွေပါ။
(၃)ကြက်ဥနှင့်ကြံသကာရည်ကိုဖြည်းဖြည်းဆီလောင်းထည့်ပြီးဂျုံသားချောမွေ့သည်ထိနှယ်ပေးပါ။
(၄)ချောမွေ့လာပါကအဝတ်ဖြင့်အုပ်ပြီးဆယ်မိနစ်ခန့်နှပ်ထားပါ။
(၅)အစာထည့်ရန်ပဲယိုအဆင့်သင့်ပြင်ထားပါ။
(၆)ဂျုံလုံးနှပ်ပါကနှစ်သက်ရာအရွယ်ဖြတ်ပြီးလုံးပါ။
(၇)ဂျုံကိုဖြန့်ပြီးပဲယိုထည့်ပြီးပြန်ပိတ်ကာပလပ်စတစ်အပေါ်အောက်ခံပြီးသာသာပြန့်အောင်ဖြန့်ပေးပါ။ပဲယိုများထွက်မလာအောင်ဂရုစိုက်ပြီးဖြန့်ပါ။
(၈) လိုအပ်သောအနေထားရပါကဆီသုပ်စက္ကူခင်းထားသောဘမ်းတွင်ထည့်ပြီးအပေါ်မျက်နှာပြင်ကြက်ဥနှစ်သုတ်ကာနှမ်းဖြူးပြီးOvenတွင်၁၇၀ဒီကရီဖြင့်၄၅မိနစ်ခန့်အရောင်ရလာသည်ထိကင်ပေးပြီးအအေးခံကာသုံးဆောင်န်ုင်ပါပြီ။
Sofia Food Paradise
Subscribe to:
Comments (Atom)

