Friday, 29 January 2016
ေ၇ွှထမင်း ♡ Sweet Yellow Rice
ေ၇ွှထမင်း ♡ Sweet Yellow Rice
အိန္ဒိယအချိုပွဲတမျိုးဖြစ်တဲ့ေ၇ွှထမင်း(ထမင်းချို)လေးကိုပွဲတော်ရက်၊ဝတ်ပြုဆုတောင်းပွဲတွေမှာတည်ခင်းဧည့်ခံလေ့ရှိပါတယ်။ဒီအချိုပွဲလေးကိုငယ်ငယ်ကမကြာမကြာစားခဲ့ရဖူးလို့အလွမ်းပြေချက်စားရင်ချက်နည်းလေးကိုမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
*******
ဆန် ( Basmati ) - ၄ခွက် ဆန်ချိန်ခွက်
သကြား - ၂ခွက်
ထောပတ် - ၄ဇွန်း
Zaffron/ဆေးရောင်အဝါ - အနည်းငယ်
ကရဝေးရွက် - ၂ရွက်
ဖာလာစေ့ - ၅စေ့
ရေ - ၆ခွက်ခွဲ
စပျစ်ခြောက် - လက်တစ်ဆုပ်
သီဟိုဠ်စေ့ ၊ Almond Flake
ပြင်ဆင်ချက်ပြုတ်နည်း
*************
(၁)ဆန်ကိုရေဆေးပြီးနှစ်နာရီခန့်ေ၇စိမ်ထားပါ။ရေစစ်ထားပါ။
(၂)ချက်မည့်အိုးတွင်ထောပတ်ထည့်ပြီးက၇ဝေးနှင့်ဖာလာစေ့ကိုဆီသပ်ပြီးေ၇စစ်ထားသောဆန်ထည့်ပါ။ရေထည့်ပါ။သကြားနှင့်ဆေးေ၇ာင်ထည့်ပြီးတည်ပါ။ဆူပွက်ပါကသမအောင်မွေပေးပါ။ခလုတ်ပြုတ်ကျက်သည်ထိချက်ပါ။
(၃)ရွှေထမင်းကျက်ပါကစပျစ်ခြောက်နှင့်သစ်သီးခြောက်တို့ကိုထည့်ပြီးသမအောင်မွေပေးပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
***ဆန်အမျိုးအစားပေါ်မူတည်၍ရေကိုချိန်ထည့်ပါ။
Sofia Food Paradise
သာကူကျို နွားနို့ထမင်း
သာကူကျို နွားနို့ထမင်း
မွေးရပ်မြေနဲ့ ငယ်ဘဝအလွမ်းပြေ
သာကူကျိုနွားနို့ထမင်းကိုအညာဒေသမှာတော့နေ့လည်ခင်းအစာပြေအဖြစ်သုံးဆောင်ကြပါတယ်။လုပ်ရလွယ်ကူပြီးအာဟာရပြည့်ဝတဲ့သားရေစာတခုလည်းဖြစ်ပါတယ်။လုပ်နည်းလေးကြည့်ရအောင်နော်။
သာကူကျိုအတွက်ပါဝင်ပစ္စည်း
****************
သာကူ - ၂၅၀ ဂရမ် တစ်ထုပ်
ထန်းလျက် - ၄၀၀ ဂရမ် (၂၅ကျပ်သား )
ရေ - ၂လီတာ
ဆား - လ္ဘက်စားဇွန်းတဇွန်း
ပြုလုပ်နည်း
******
ထန်းလျက်ကို ရေဖြင့်ကျိုပြီး အမှိုက်များစစ်ထုတ်ပါ။ သာကူစေ့ကိုရေ၅မိနစ်ခန့်စိမ်ထားပါ။ဆူပွက်အောင်တည်ထားသောထန်းလျက်ရည်အတွင်းသို့ဆားနှင့်သာကူစေ့ချပြီးတချက်နှစ်ချက်မွေပေးပါ။ ပြန်လည်ဆူပွက်လာပါကမီးပိတ်ပြီးအဖုံးအုပ်ထားပေးပါ။ ၁၅မိနစ်ခန့်အုပ်ထားပြီးပါကသာကူစေ့အဆန်လေးများပျောက်ကာသုံးဆောင်လို့ရပါပြီ။ရေကျဲနေတယ်လို့ထင်ရပေမဲ့တဖြေးဖြေးပစ်လာကာအရေပျောက်သွားပါလိမ့်မယ်။
နွားနို့ထမင်းကျိုနည်း
***********
ဆန်ကိုရေဆေးပြီးဆားထည့်၍ရေများများဖြင့်ကျိုပါ။ဆန်စေ့များကြေကာနူးအိလာလျှင်နွားနို့ထည့်ကျိုပါ။နွားနို့ထည့်ပြီးပါကအိုးကပ်တတ်၍မကြာခဏမွေပေးရပါမယ်။အတော်နူးလာပါက လှည့်တံဖြင့်ကျေအောင်ချေပေးပါ။စက်ဖြင့်တချက်တချက်မွေ၍လည်းရပါတယ်။ပြီးလျှင်သကြားဖြူး၍သော်လည်းကောင်း၊ သာကူကျိုဖြင့်တွဲဖက်၍သော်လည်းကောင်းသုံးဆာင် နိုင်ပါပြီ။
(ဆန်ချိန်ခွက်သုံးခွက်ကိုနွားနို့၁လီတာသုံးထားပါတယ် ။
ရေကိုတော့ပထမစတည်ချိန်တွင်များများထည့်တည်ပြီးဆန်မနူးမချင်းဖြေးဖြေးချင်းထပ်ထည့်၍တည်ပါတယ်)
Sofia Food Paradise
Subscribe to:
Comments (Atom)

