မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, 29 January 2016

မုန့်လက်ကောက်























မုန့်လက်ကောက်

မြန်မာမုန့်လက်ကောက်ကိုအနောက်တိုင်းမူပြုထားတယ်ဘဲဆို
ပါတော့နော်။ smile emoticon 
ပါဝင်ပစ္စည်း 
****** 
ကောက်ညင်းမှုန့် - ၃၀၀ ဂရမ်
ဆန်မှုန့် - ၃ဇွန်း
ရေ ကျက်အေး - ၃၀၀ ml
Baking Powder - ၂ဇွန်း လ္ဘက်ဇွန်း
ဆား - အနည်းငယ်
နှမ်း - တစ်ပန်းကန်
ပြုလုပ်နည်း 
******
ဇလုံတခုတွင်ပါဝင်ပစ္စည်းများအားလုံးထည့်ပြီးနံ့အောင်နယ်ပေးပါ။ရေကိုဖြည်းဖြည်းဆီထည့်နှယ်ပါ။နှယ်ပြီးပါကတနာရီခန့်အဖုံးအုပ်ပြီးနှပ်ထားပါ။
မုန့်သားနှပ်ပါကမုန်လုံးတလုံးကို၂၅ဂရမ်အလုံးလေးများချိန်ထားပါ။မုန့်လုံးတလုံးဆီကိုပြားပြီးအလယ်အပေါက်လုပ်၍နှမ်းဖြင့်ကပ်ပြီးဆီပူတွင်ချကြော်ပါ။အရောင်ရပါကဆယ်ယူပြီးနှစ်သက်ရာ ထန်းလျက်ရည် ၊ပျားရည်၊ချောကလတ်ဆော့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။
မှတ်ချက် ။။ ဆီပူတွင်ချကြော်ပါကအကြာကြီးမကြော်ရပါ။ဆီပေါ်ပေါလောပေါ်လာပြီးအရောင်ရလျှင်အမြန်ဆယ်ယူပါ။

Sofia Food Paradise

မုန့်ကျွဲသည်း



































မုန့်ကျွဲသည်း


နှစ်ပေါင်းများစွာမစားဖြစ်တဲ့မုန့်ကျွဲသည်းလေးလုပ်စားဖြစ်ပါတယ်။မုန့်ကျွဲသည်း၊ဆန်တိုဖူးနဲ့မုန့်လက်ဆောင်းဖတ်ပြုလုပ်နည်းအချိုးအတူတူမို့ရှမ်းပြည်မှာတော့နေရာထဲမှာအတူတူေ၇ာင်းတတ်ပါတယ်။Tapiocaထည့်တဲ့အတွက်မုန့်သားကအိအိတုန်တုန်လေးဖြစ်စေမှာဖြစ်ပါတယ်။ Sis Khine Chaw Su ဆန်တိုဖူး ပြုလုပ်နည်းကိုအခြေခံပြီးပြုလုပ်ထားခြင်းဖြစ်ပါတယ်။ကျေးဇူးပါအမ smile emoticon 
ပါဝင်ပစ္စည်း
******
ဆန်မှုန့် - ၂ခွက် (1Cup = 250ml )
Tapioca powder ပလောပီနံမှုန့် - ၃ ဇွန်း စားပွဲတင်ဇွန်း
ထန်းလျက် ရည် - ၄ခွက် (=တလီတာ)
ရေ - ၂ခွက်
ထုံးရည် ကြည် - ၂ခွက်
အုန်းသီး - တွဲဖက်စားရန် 
ပြုလုပ်နည်း
******
(၁)ဦးစွာထုံးရည်ကြည်ပြုလုပ်ထားပါ။ ထုံးလ္ဘက်ဇွန်းတဝက်ကိုရေ၂ခွက်ဖြင့်ဖျော်ပြီးအနယ်ထိုင်ထားပါ။အပေါ်ရေကြည်၂ခွက်ကိုယူထား ပါ။
(၂)ထန်းလျက်၃၀၀ဂရမ်(၂၀ကျပ်သား)ခန်ု့ကိုရေ၄ခွက်ဖြင့်ကျိုပြီးအမှိုက်စစ်ထားပါ။
(၃)ဆန်မှုန့်နှင့်Tapiocaမှုန့်ကိုရောပြီးရေ၂ခွက်ဖြင့်ဖျော်ပါ။
(၄)ဆန်မှုန့်ဖျော်ထားသည့်ထဲသို့ထန်းလျက်ရည်ထည်ပြီးကျိုပါ။ အလုံးများမဖြစ်စေရန်ပုံမှန်မီးဖြင့်အဆက်မပျက်မွေပေးပါ။
(၅)ကျိုနေသည့်ဆန်မှုန့်စတင်ပျစ်လာပါကထုံးရည်ကြည်ထည့်ပြီးအဆက်မပျက်မွေပေးပါ။ကြွက်မြီးတန်းအနေထားထပ်ပိုပျစ်လာသောအနေထားတွင်ချပြီးအအေးခံမည့်ခွက်ထည်းလောင်းကာအအေးခံပြီးအေးသွားလျှင်လိုအပ်သလိုလှီးဖြတ်ပြီးအုန်းသီးဆံဖြင့်တွဲဖက်သုံးဆောင် နိုင်ပါပြီ ။

Sofia Food Paradise