မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, 23 January 2016

ဂွေးသီးနုနုငရုတ်သီးချက်















ဂွေးသီးနုနုငရုတ်သီးချက်
****************
ဂွေးသီးစိမ်းနုနု.....................၈ လုံးခန်.
ကြက်သွန်နီ........................၂ လုံး
ကြက်သွန်ဖြူ.......................၇တက်
ခရမ်းချဉ်သီး........................၃လုံး
ပုစွန်ခြောက်.......................၂ ဇွန်း(ထမင်းစားဇွန်း)
ငရုတ်သီးခြောက်တောင့်.......... ၅ တောင့်ခန်.
ငါးပိ...................................အနည်းငယ်(ပါသည်ဆိုရုံ)
ဆီ......................................၃ ဇွန်း
ငါးငံပြာရည်
ဟင်းခတ်မှုန်.
ဂွေးသီးတွေကို..အပေါ်ယံအခွံစိမ်းတွေခွာထုတ်ပြီး..ခပ်ပါးပါးလေးလှီးပါ။
ငရုတ်သီးခြောက်တောင့်တွေကိုအညှာခြွေပြီးရေနွေးစိမ်ထားပါ။
အနည်းငယ်ပွလာလျှင်ကြက်သွန်နီ၊ ဖြူ.၊ ငရုတ်သီးခြောက်တောင့် ၊ပုစွန်ခြောက်တွေကိုရောပြီးညှက်အောင်ထောင်းပါ။
ခရမ်းချဉ်သီးတွေကိုလည်းနုပ်နုပ်စင်းပါ။
ဒယ်အိုးတစ်လုံးမှာ..ဆီ၊ နနွင်းမှုန်.အနည်းငယ်၊ အရောင်တင်၊ ထောင်းထား
သောအရော၊ ခရမ်းချဉ်သီး၊ ငါးပိ၊ ဟင်းခတ်မှုန်.ထည့်ပြီးရေအနည်းငယ်ဝိုက်ကာ
မီးအေးအေးမှာ...ဆီပြန်အောင်ချက်ပါ။
ဆီမပြန်ခင်..အဖုံးမဖွင့်ပါနှင့်..။
ပထမတစ်ရေခမ်းလို.ဆီပြန်လာလျှင်..ခပ်ပါးပါးလှီးထားတဲ့ဂွေးသီး
တွေပေါင်းထည့်ပြီးမွှေပေးပါ။
လိုအပ်လျှင်ရေအနည်းငယ်ထပ်ဖြည့်ပြီး..ဂွေးသီးတွေပျော်ဝင်ပြီး..ဆီပြန်
လာသည်အထိချက်ပါ။
ငရုတ်သီးစိမ်းတောင့်လေးအလှဆင်ပေးလိုက်ပါက..ထမင်းမြိန်စေအုံးမယ့်
ဟင်းတစ်ခွက်ရပြန်ပါပြီ..။

ပာင်းချက်နည်းများ  

ဝက်နံတုန်



































ဝက်နံတုန်
*********
ဝက်နံတုန်ကို...တောင်ပေါ်အအေးပိုင်းဒေသတွေ
မှာလုပ်စားလေ့ရှိကြပါတယ်....
ရေခဲ သေတ္တာ တွေခေတ်စားတဲ့မြို့ကြီးတွေမှာလုပ်စားလို့ရပေမယ့်..တကယ့်အရသာစစ်
ကိုတော့မရနိုင်ပါဘူး....။

ဝက်လက်.........၁ချောင်း
ဝက်ခေါင်းသား...အနည်းငယ်
ချင်း..................၁တက်
ကြက်သွန်မြိတ်...၅ပင်
နံနံပင်.. ...........အနည်းငယ်
နာနတ်ပွင့်........၂ခု

ဝက်လက်ကို ၄ပိုင်းလောက်ခုတ်ထစ်ပြီးရေဆေး
သန့်စင်ပြီးဝက်ခေါင်းသားနှင့်အတူ..ချင်းဓားပြားရိုက်၊နာနတ်ပွင့်မီးကင်တို့ထည့်ပြီးဆား၊
ဟင်းခတ်မှုန့်တို့နှင့်အတူပြုတ်ပါ။

ရေကို..အသားများမြုပ်ရုံလေးသာထည့်ပါ။
ထွက်လာသောအမြှုပ်နှင့်အညစ်အကြေးတွေကိုအဆက်မပြတ်စစ်ထုတ်ပေးပါ။
ရေအနည်းငယ်ထပ်ဖြည့်ပြီး..ထိုနည်းအတိုင်း
နောက်တစ်ကြိမ်ပြုလုပ်ပါ။
မီးပြင်းကိုလျှော့ချပြီး..အဖုံးအုပ်ပြီးအသားနှုးသည်အထိပြုတ်ပါ။
အသားတွေနှူးပြီဆို..ဆယ်ယူအအေးခံကာ..အသားငယ်လေးများဖြစ်အောင်ချေမွ
ပေးပါ။
ချင်းနှင့်နာနတ်ပွင့်ကိုဖယ်ထုတ်လိုက်ပြီး..လက်ကျန်ပြုတ်ရည်ကို..ဆူအောင်ပြန်အပူပေးပါ။
လေးထောင့်ဗန်း သို့ဆနွင်းမကင်းဗန်းမျိုးမှာ..
အသားတွေကိုဖြန်ထည့်..ဆူနေတဲ့ပြုတ်ရည်လောင်းပါ။
ပါးပါးလှီးထားတဲ့ကြက်သွန်မြိတ်၊နံနံပင်တွေဖြူး
ပြီး..ချေထားတဲ့အသားစလေးတွေကိုလည်းဖြန့်
ထည့်ပြီးအအေးခံထားပါ။
ဂျယ်လီကျောက်ကျောကဲ့သို့မာသွားပြီဆိုမှ..အတုံး.ငယ်လေးများအဖြစ်လှီးဖြတ်ပြီးသုံးဆောင်ပါ။
မှတ်ချက်...၀က်လက်သား၊ခေါင်းသားအသုံးပြုရခြင်းမှာအစေးပါသောအစိတ်အပိုင်းဖြစ်သောကြောင့်နံတုန်ဖြစ်ဖို့လွယ်ကူပါတယ်။

ပာင်းချက်နည်းများ