မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, 23 January 2016

ပုစွန်ပူစပ်မွှေး


















ပုစွန်ပူစပ်မွှေး
*************
ပုစွန်အသေး.......၂၅ကျပ်သား
ကြက်သွန်နီ... ...၂လုံး
ကြက်သွန်ဖြူ.....၅တက်
ငရုတ်ကြမ်းမှုန့်...၂ဇွန်း
ဇီယာမှုန့်............အနည်းငယ်
ပျဉ်းတော်သိမ်ရွက်..၂ခက်
ပုစွန်ကိုရေဆေးသန့်စင်ကာအခွံခွာ၊ခေါင်းဖြုတ်ပြီး
အရသာအနည်းငယ်နယ်ထားပါ။
ကြက်သွန်နီ၊ဖြူကိုခပ်ကြမ်းကြမ်းထောင်းပါ။
ငရုတ်ခြောက်တောင့်ကိုကိုယ်တိုင်ထောင်းပါ။
ပထမဆုံးဆီပူပူမှာအရွက်ခြွေထားတဲ့ပျဉ်းတော်သိမ်ရွက်ကိုအကြွပ်ကြော်ပြီးစစ်ယူထားပါ။
ထိုဆီထဲမှာပဲထောင်းထားတဲ့ကြက်သွန်အရောကိုခြောက်နေသည်အထိဆီသတ်ပါ။
ရွှေအိုရောင်နီးပါးဆီသတ်ပြီးပြီဆိုမှအရသာနယ်ထားတဲ့ပုစွန်တွေထည့်ကြော်ပါ။
ခြောက်သွားပြီဆိုမှဇီယာမှုန့်နှင့်ငရုတ်ကြမ်းဖတ်ကို
ရောမွှေပြီးကြော်ပါ။
နောက်ဆုံးအကြွပ်ကြော်ထားတဲ့ပျဉ်းတော်သိမ်ရွက်လေးရောထည့်မွှေလိုက်ရုံပါ။

ပာင်းချက်နည်းများ  

ပဲကြာဇံနှင့်ကျောက်ပွင့်သုပ်



















ပဲကြာဇံနှင့်ကျောက်ပွင့်သုပ်
*************************
ဒီဟင်းပွဲရဲ့လျှို့ဝှက်ချက်ကငရုတ်သီးနှင့်နှမ်းလှော်ဆီ
ချက်ဖြစ်ပါကြောင်း
ပဲကြာဇံ............၁၀ကျပ်သား
ကျောက်ပွင့်.....၁ခု
မုန်လာဥနီ.......၂လုံး
တရုတ်နံနံ.......၂စည်း
ငရုတ်သီးဆီချက်အတွက်
***********************
ငရုတ်သီးကြမ်းမှုန့်.......၂ဇွန်း
နှမ်းလှော်....................၁ဇွန်း
ငရုတ်ခြောက်တောင့်အနည်းငယ်ကိုမီးအေးအေးနှင့်မွှေးနေအောင်လှော်ပါ။
ငရုတ်ကြမ်းမှုန့် အဖြစ်ကိုယ်တိုင်ကြိတ်ပြီးနှမ်းလှော်
နှင့်အတူရောမွှေထားပါ။
ဆီအနည်းငယ်ကိုအငွေ့ထွက်သည်အထိအပူပေးပြီး
ငရုတ်ကြမ်းမှုန့်ပေါ်သို့၁ဇွန်းချင်းလောင်းချလိုက်မွှေပေးလိုက်ပြုလုပ်ပါ။
ချိုချဉ် ဆော့စ်ရည်အတွက်
************************
သံပုရာရည်.............၅ဇွန်း
ဗီနီဂါ........................၁ဇွန်း
ကြက်သွန်ဖြူ...........၅တက်
နံနံပင်အမြစ်...........အနည်းငယ်
ငရုတ်ဆော့စ်အနှစ်..၂ဇွန်း
သကြား...................၃ဇွန်း
ပဲငံပြာရည် အကြည်.၂ဇွန်း
ဆား........................သင့်ရုံ
ကြက်သွန်ဖြူ နှင့်နံနံပင်အမြစ်ကိုညှက်နေအောင်ထောင်းပါ။
ပဲငံပြာရည် ၊သံပုရာရည်၊သကြား၊ငရုတ်ဆီအနှစ်
နှင့်ဆားတို့ကိုရောပြီးဆူပွက်သည်အထိအပူပေးပါ။
ဆူလာပြီဆိုရင်ထောင်းထားသောအရောကိုထည့်မွှေ
ပြီးပြန်ဆူလာလျှင်အအေးခံထားပါ။
ပြင်ဆင်ပုံ
ရေစိမ်ထားသောပဲကြာဇံနှင့်ကျောက်ပွင့်ဖတ်ငယ်လေးများကိုရောပြီးပြုတ်ပါ။(အချိန်ကြာသွားပါကပျော့ပြီးစားမကောင်းတာကြောင့်အချိန်မှီပြန်စစ်ဖို့အထူးဂရုပြုရပါမည်)
ရေအေးလောင်း၊အအေးခံ၊ရေစစ်ထားပါ။
မုန်လာဥနီ ကိုအမျှင်ငယ်လေးများအဖြစ်လှီးပါ။
ပြုတ်ထားသောကြာဇံအရော၊မုန်လာဥနီ၊ငရုတ်သ်ီး
နှမ်းဆီ ချက်၊ချိုချဉ်ဆော့ရည်တွေလိုအပ်သလို
ထည့်ပြီးသမသွားအောင်ခပ်ဖွဖွနယ်ပါ။
ပါးပါးလှီးထားသောတရုတ်နံနံလေးများဖြူးပြီးသုံး
ဆောင်ပါ။
ဝန်ခံချက်။ပုံတွင်တရုတ်နံနံအလွယ်တကူမရလို့
ရေခဲသေတ္တာထဲကရှောက်ရွက်ကိုအမျှင်လှီးအလှဆင်လိုက်ရပါသည်။

ပာင်းချက်နည်းများ