မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, 23 January 2016

ကြက်သားရခိုင်ချက်


















ချက်ရလွယ်...ကုန်ကျစရိတ်လည်းသက်သာပြီး
ထမင်းမြိန်စေတဲ့....
ကြက်သားရခိုင်ချက်
*******************
ဗမာကြက်သား(အိမ်ကြက်)............၁ခြမ်း
ငရုတ်သီးစိမ်း................................၁၅တောင့်ခန့်
ငါးပိ...............................................၁ဇွန်း
မန်ကျည်းသီးမှည့်..........................အနည်းငယ်
စပါးလင်.......................................၂ချောင်း
နံနံပင်..........................................အနည်းငယ်
ကြက်သားကိုရေဆေးသန့်စင်ပြီးအတုံးငယ်လေးများ
အဖြစ်တုံးကာဆား၊နနွင်းမှုန့်၊ဟင်းခတ်မှုန့်အနည်း
ငယ်ဖြင့်အရသာနယ်ထားပါ။
ငရုတ်သီးစိမ်းကိုအညှာခြွေပြီးငါးပိ၊နနွင်းမှုန့်တို့နှင့်
အတူရေအနည်းငယ်ထည့်ကာရေခမ်းသည်အထိပြုတ်ပါ။ရေခမ်းသွားပြီဆိုရင်ညှက်နေအောင်ထောင်းပါ။
အရသာနယ်ထားသောကြက်သားကိုစပါးလင်ဓားပြားရိုက်ထည့်ကာရေမြုပ်ရုံလေးထည့်ပြီးပြုတ်ပါ။
ကြက်သားတစ်ဝက်ကျက်လောက်အချိန်မှာထောင်းထားသောငါးပိအရောကိုထည့်ပြီးဆား၊ဟင်းခတ်မှုန့်၊
မန်ကျည်းသီးမှည့်အနှစ်တို့ဖြင့်အရသာသွင်းပါ။
စားခါနီးမှနံနံပင်လေးပေါင်းထည့်ပြီးမွှေပေးပါ။

ပာင်းချက်နည်းများ  

အိန္ဒိယအချိုပွဲ..စမိုင်




















စမိုင်လို့ပဲသိထားပါတယ်။မှားနေရင်ပြင်ဆင်ပေးကြပါအုံးလို့ကြိုတင်မေတ္တာရပ်ခံအပ်ပါတယ်။
အိန္ဒိယအချိုပွဲ..စမိုင်
******************
စမိုင်ချောင်း.......၁ထုပ်(၃၀ကျပ်သား)
နွားနို့..................၁လီတာ
နို့စိမ်း............. ....၁ခွက်(လက်ဖက်ရည်ပန်းကန်လုံး)
ထောပတ်..........၂ဇွန်း
စပျစ်ခြောက်......၁၅ကျပ်သား
သီဟိုဠ်စေ့..........၁၀ကျပ်သား
ဖာလာစေ့..........၅စေ့ခန့်
စမိုင်ချောင်းကိုအိန္ဒိယဆိုင်များမှာအလွယ်တကူဝယ်ယူနိုင်ပါတယ်။စမိုင်ချောင်းလေးတွေကိုဘယ်လိုပြုလုပ်ထားတယ်ဆိုတာတော့ကျွန်တော်မသိပါဘူး။
ဒယ်အိုးသန့်သန့်မှာစမိုင်ချောင်းလေးတွေကိုမွှေးပြီး
ဝါရောင်သန်းလာသည်အထိလှော်ပြီးအအေးခံထားပါ
(အချို့တွေကတော့အညိုရောင်သန်းသည်အထိလှော်တတ်ကြပါတယ်၊ပိုပြီးအရောင်လှသလိုပိုပြီးမွှေးတယ်လို့လည်းဆိုကြပါတယ်)
ဖာလာစေ့နှင့်သီဟိုဠ်ခြမ်းလေးတွေကိုလည်းလှော်ပြီး
အအေးခံပါ။
အိုးသန့်၁လုံးမှာထောပတ်ကိုအပူပေးပြီးဖာလာစေ့ကို
ဆီသတ်ပါ။
မွှေးလာပြီဆိုနွားနို့တွေထည့်ပေါင်းပါ။သန့်စင်သောသကြားပျော်ပြီးဆူပွက်သည်အထိအပူပေးပါ။
ဆားပါသည်ဆိုရုံလေးထည့်ပေးပါ။အရသာလေးနက်စေရန်အတွက်ဖြစ်ပါတယ်။
နွားနို့ဆူလာပြီဆိုမှအအေးခံထားတဲ့စမိုင်ဖတ်လေးတွေထည့်ကာသီဟိုဠ်စေ့၊သန့်စင်ထားသောစပျစ်သီးခြောက်တွေထည့်ပြီးမီးအေးအေးလေးနှင့်နှပ်ထားပါ။
အရသာစိမ့်ဝင်လောက်တဲ့အချိန်မှနို့စိမ်းလေးထည့်မွှေပေးပါ။
အပူ ၊အအေးနှစ်သက်သလိုသုံးဆောင်နိုင်ပါတယ်။

ပာင်းချက်နည်းများ