မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday 5 May 2017

သီးနှံအထွက်တိုးစေပြီးကောင်းကျိုးအဖြာဖြာဝေဆာနိုင်သည့်သီးညှပ်စို်ပျိုးခြင်း










သီးနှံအထွက်တိုးစေပြီး ကောင်းကျိုးအဖြာဖြာ ဝေဆာနိုင်သည့် သီးညှပ်စို်ပျိုးခြင်း
=====================================
သီးညှပ်စိုက်ပျိုးခြင်း (Intercropping) သည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာအရပ်ရပ်တွင် ရှေ့ယခင်ကပင် ကျင့်သုံးဆောင်ရွက်ခဲ့ကြသည့် သီးနှံစိုက်ပျိုးနည်းဖြစ်ပါသည်။ ယခုအထိလည်း မြန်မာနိုင်ငံရှိ နေရာဒေသများတွင် ကျင့်သုံးဆောင်ရွက်နေဆဲဖြစ်သည်။ သို့သော် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင်စက်များအသုံးပြုမှုများလာသည်နှင့် အမျှ ပိုမိုစီမံခန့်ခွဲရန် လွယ်ကူသည့် သီးနှံတစ်မျိုးတည်းသာ စိုက်ပျိုးခြင်းကြောင့် ပိုးမွှားရောဂါများနှင့် ပါင်းပင်များ လွယ်ကူစွာပွားများလာပြီး၊ ဘေးအန္တရာယ်အသွင်ဖြစ်ပေါ်မှုများ ပေါ်ပေါက်လာသည်။ ယခုအခါတွင် အမေရိကန်နိုင်ငံနှင့် ကနေဒါနိုင်ငံတို့ကဲ့သို့ စက်ယန္တရားကြီးများကို သုံးစွဲစိုက်ပျိုးနေသည့် နိုင်ငံများ၌ တီထွင်ကြံဆပြီး သီးညှပ်စိုက်ပျိုးခြင်းကို ဆောင်ရွက်နေကြောင်း တွေ့ရှိရပါသည်။
သီးညှပ်စိုက်ပျိုးခြင်းဆိုတာဘာလဲ
သီးညှပ်စိုက်ပျိုးခြင်းသည် ၄င်း၏ တိုက်ရိုက်အဓိပ္ပာယ်အတိုင်းပင် မတူသော သီးနှံ ၂မျိုးကိုလည်းကောင်း ၊နှစ်မျိုးထက်ပို၍ လည်းကောင်း စိုက်ပျိုးခြင်းဖြစ်သည်။
(က) သီးရောအဖြစ် သီးညှပ်စိုက်ပျိုးခြင်း (Mixed intercropping)
(ခ) အတန်းလိုက် သီးညှပ်စိုက်ပျိုးခြင်း (Row intercropping)
(ဂ) အကန့်လိုက် သီးညှပ်စိုက်ပျိုးခြင်း (Strip intercropping) နှင့်
(ဃ) သီးကြိုအဖြစ် သီးညှပ်စိုက်ပျိုးခြင်း (Relay cropping) နည်းလမ်းတို့ ဖြစ်ပါသည်။
သီးရောအဖြစ် သီးညှပ်စိုက်ပျိုးခြင်း
သီးရောအဖြစ် သီးညှက်စိုက်ပျိုးခြင်းဆိုသည်မှာ စိုက်ကွက်တစ်ခုထဲတွင် သီးနှံနှစ်မျိုး သို့မဟုတ် ၄င်းထက်ပိုသည့် သီးနှံမျိုးများကို အတန်းသီးခြားမဟုတ်ဘဲ ရောပြွမ်းစိုက်ပျိုးခြင်းဖြစ်ပါသည်။ ဥပမာ- ပဲတီစိမ်း၊ နှမ်းနှင့် ပြောင်းဖူးတို့အား ရော၍ ကြဲချစိုက်ပျိုးခြင်း သို့မဟုတ် ၄င်းသီးနှံသုံးမျိုးအားရော၍ တစ်တန်းတည်းတွင် စိုက်ပျိုးခြင်းမျိုးဖြစ်ပါသည်။
အတန်းလိုက်သီးညှပ်စိုက်ပျိုးခြင်း
အတန်းလိုက် သီးညှပ်စိုက်ပျိုးခြင်းဆိုသည်မှာ စိုက်ကွက်တစ်ခုတည်းတွင် သီးနှံနှစ်မျိုး သို့မဟုတ် ၄င်းထက်ပိုသည့် သီးနှံမျိုးများကို သီးနှံအလိုက် အတန်းသီးခြားစီညှပ်၍ စိုက်ပျိုးခြင်းဖြစ်ပါသည်။ ဥပမာ - ပဲတီစိမ်း ၄တန်း၊ ပြောင်းဖူး ၁ တန်းညှပ်ခြင်း သို့မဟုတ် ပဲတီစိမ်း ၆တန်း၊ နေကြာ ၁တန်း စသည်တို့ဖြစ်သည်။
အကန့်လိုက်သီးညှပ်စိုက်ပျိုးခြင်း
အကန့်လိုက်သီးညှပ်စိုက်ပျိုးခြင်းဆိုသည်မှာ စိုက်ကွက်တစ်ခုတည်းတွင် သီးနှံနှစ်မျိုး သို့မဟုတ် ၄င်းထက်ပိုသည့် သီးနှံမျိုးများကို သီးနှံအလိုက် အကန့်သီးခြားစီ စိုက်ပျိုးခြင်းဖြစ်သည်။ ဥပမာ - ပဲတီစိမ်း ၁၀ တန်း တစ်ကန့် ၊ ပြောင်းဖူး ၅ တန်း တစ်ကန့် ၊အကန့်လိုက် စိုက်ပျိုးခြင်းမျိုးဖြစ်ပါသည်။
သီးညှပ်စိုက်ပျိုးခြင်း၏အကျိုးများ
(က) ကျရောက်သည့် အင်းဆက်ပိုးမွှားများ၏ အရေအတွက်ကို လျော့နည်းစေခြင်း၊
(ခ) မိတ်ဆွေပိုးများအား ပိုမိုလာရောက်ရန် စွဲဆောင်ခြင်း၊
(ဂ) မြေဆီလွှာ တိုက်စားခံရမှုကို သက်သာစေခြင်း၊
(ဃ) အပင်ရောဂါကျရောက်မှုကို လျော့နည်းစေခြင်း၊
(င) ပေါင်းနှိမ်နင်းစရိတ်သက်သာ စေခြင်း၊
(စ) လယ်ယာမြေအားထိရောက်စွာ သုံးစွဲနိုင်ခြင်း၊
(ဆ) နေရောင်ခြည်အား ထိရောက်စွဲသုံးစွာနိုင်ခြင်း၊
(ဇ) စုစုပေါင်းအထွက်နှင့် အမြတ်ကို တိုးစေခြင်း၊
(ဈ) မိသားစုအတွက်အစားအစား နှစ်မျိုး သို့မဟုတ် နှစ်မျိုးထက်ပို၍လည်း ထုပ်ပိုးပေးနိုင်ခြင်းစသည်တို့ဖြစ်ပါသည်။

Ref; နည်းသစ်စွယ်စုံ၊စိုက်ပျိုးရေးနှင့် မွေးမြူရေးနည်းပညာ ဂျာနယ်၊ သီးနှံအထွက်တိုးစေပြီး ကောင်းကျိုးအဖြာဖြာ ဝေဆာနိုင်သည့် သီးညှပ်စို်ပျိုးခြင်း၊ဒေါက်တာမောင်မာ (စိုက်ပျိုးရေး)၊ အတွဲ (၂)၊ အမှတ်(၁၀)
mega grow international co.,ltd.


No comments:

Post a Comment