မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday 5 May 2017

ကုလားပဲသိမ်းချိန်ဂရုပြုစရာများ




































ကုလားပဲ သိမ်းချိန် ဂရုပြုစရာများ
========================
မိုးစပါးရိတ်သိမ်းပြီး သီးထပ်စိုက်ပျိုးခဲ့ကြသော ပဲစိုက်ခင်းများသည် ပဲသိမ်း၊ ပဲနှုတ်၊ ပဲဖော်ကြမည့်အချိန် ရောက်ရှိလာကြပါပြီ။
အညာဒေသတွင် စိုက်ပျိုးမှုများသော ကုလားပဲသည် စပါးမရိတ်သိမ်းမီ စပါးခင်း
ထဲမှ အောင်ရေလွှတ်ချိန်၊ ရေခါချိန်၌၊ စပါးခင်းထဲတွင် ကုလားပဲစေ့များ ကြဲပက်
၍ ``ရေလိုက်ကြဲကုလားပဲ´´ စိုက်ပျိုးကြသည်။
ထို့ကြောင့် ရေလိုက်ကြဲ ကုလားပဲခင်းသည် စပါးရိတ်ပြီးလျှင် ချက်ချင်းကြီးထွား
၍ စောစောစိုက်ပျိုးပြီး စောစောပေါ်လာသောပဲ ဖြစ်သည်။
ကုလားပဲပင်သည် ဆောင်းသီးနှံစစ်စစ်ဖြစ်၍ ဆောင်းရာသီ၌သာ စိုက်ပျိုးကြ
သည်။ နှစ်ဓာတ်နှင့် ကြီးထွားကြသည်။ မြန်မာနိုင်ငံ အောက်ပိုင်းဒေသ၌ စိုက်ပျိုး
ဖြစ်ထွန်းမှုမရှိ၍ အညာဒေသနှင့် မြေလတ်ဒေသ၌သာ စိုက်ကြလေ့ရှိသည်။
ပဲခူးတိုင်းဒေသကြီး၊ အနောက်ဘက်ခြမ်းရှိ သာယာဝတီတွင် စမ်းသပ်စိုက်ပျိုးဘူး
သည်။ မအောင်မြင်ပါ။ ကုလားပဲပင်ကြီးထွားနှုန်းနှင့် အသီးသီးရန်၊ အထွက်
ကောင်းရန်၊ ရာသီဥတုအေး၍၊ ခြောက်သွေ့သောရာသီ လိုအပ်ပါသည်။ နေ့အပူ
ချိန် ၂၉ ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး ညအပူချိန် ၁၈ ဒီဂရီစင်တီဂရိတ် ရှိသင့်သည်။
အစိုဓာတ် လိုအပ်သည်ထက်များလျှင်ဖြစ်စေ၊ စိုထိုင်းဆများလျှင်ဖြစ်စေ၊ ထိခိုက်
သည်မှာ အစေ့တည်မှု၊ အစေ့ဖြစ်မှု ဖြစ်ပါသည်။ ထို့ကြောင့် မိုးရေချိန်ကလည်း ၂၀ ဖြစ်စေ ၃၀ လက်မဖြစ်စေ၊ ရွာသောဒေသ၌ စိုက်ပျိုးကြသဖြင့် စစ်ကိုင်းတိုင်း
ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးများတွင် ဆောင်း
ရာသီ အဓိကသီးနှံ ဖြစ်တော့သည်။
အဆိုပါဒေသများ၌ပင် နေရာတိုင်းစိုက်ပျိုး၍ မဖြစ်ထွန်းပါ။ ဆားငန်မြေ၊ ထုံးဓာတ်
များသည့်မြေ၊ အချဉ်ဓာတ်ကဲသည့်မြေများ၌ စိုက်ပျိုးထားလျှင် အပင်အထ နှေး၍ ပင်ညှိုးရောဂါ ကျပါသည်။ များသောအားဖြင့် မိုးစပါးအပြီး သီးထပ်အဓိကစိုက်ပျိုး
ကြသည့် ပဲဖြစ်ပါသည်။
စိုက်ပျိုးသည့် မျိုးများကလည်း ကောင်းလာသည်။ စိုက်ပျိုးမည့်နည်းစနစ်များက
လည်း ကောင်းလာသည်။ ထို့ကြောင့်ကုလားပဲစိုက်ခင်းများသည် ဖြစ်ထွန်း
အောင်မြင်ကြသည်က များပြားပါသည်။
မိုးနှမ်း၊ မိုးကြိုဝါ၊ အစေ့ထုတ်ပြောင်း ရိတ်သိမ်းပြီးလျှင်လည်း စိုက်ကြသေးသည်။ အဓိက မှာ ဆောင်းရာသီမှာစိုက်ပျိုးနိုင်အောင် စိုက်ကြရခြင်းဖြစ်သည်။
အောက်တိုဘာလနှင့် နိုဝင်ဘာလသည် စိုက်ချိန်အမှန်ကန်ဆုံးလ ဖြစ်သည်။
အချိန်စောစိုက်ပျိုးလျှင် အပင်ကြီးထွားချိန်၌ အပူချိန်မြင့်မားမှု ကြုံရသည်။ အစို
ဓာတ်မှာ စိုက်ချိန်များလွန်းသဖြင့် အပင်ဟုန်ပြီး အသီးနည်းသည်။ နောက်ကျ
စိုက်လျှင်လည်း အထွက် သိသိသာသာ လျော့ နည်းသည်။
ဂရုပြုသင့်သည်မှာ ရိတ်သိမ်းချိန်ဖြစ်သည်။ ရက် ၉၀ ကျော်၊ ရက် ၁၂၀ နှင့် ရင့်
မှည့်သဖြင့် မိမိစိုက်ပျိုးသောမျိုး၏သက်တမ်းကို သိသင့်သည်။ ရင့်ချိန်တွင် အပင် ရှိ အရွက်အားလုံး အဝါရောင်ပြောင်းလဲ၍ စတင်ကြွေကျသည်။ အသီးများ
ကောက်ရိုးရောင် ပြောင်းလာသည်။ ရိတ်သိမ်းချိန်နောက်ကျလျှင် အသီးများကွဲ၍
အထွက်နည်းသွားမည်။ ရိတ်သိမ်းရာတွင် အပင်ခြေမှ တံဇဉ်နှင့် ကပ်ရိတ်နိုင်
သည်။ အပင်ကို လက်နှင့်ဆွဲ နုတ်ယူနိုင်သည်။
အသီးများ ၉၀ ရာခိုင်နှုန်းရင့်မှည့်လျှင် မည်မျှပင်လုပ်ငန်းများ ရှုတ်ထွေးမှုရှိနေ
ပါသော်လည်း ကုလား ပဲစိုက်ခင်းကိုတော့ သိမ်းဖြစ်အောင်သိမ်းပါ။ တစ်ရက်
နောက်ကျလျှင် တစ်ရက်သိသာပါသည်။ ရိတ်သိမ်းပြီးအပင်များ နေလှမ်းခြွေလှေ့
ရာတွင်လည်း နှစ်ရက်၊ သုံးရက်သာ လှမ်းပါ။ အစေ့များသန့်စင်ပြီး သိုလှောင်
မည် ဆိုပါကလည်း အစိုဓာတ် ၁၀ ရာခိုင်နှုန်းဖြင့် နေလှမ်းမှု သုံးရက်၊ လေးရက်
သာ လှမ်းပါ။ ဈေးကွက်တွင် ပဲသန့်မှ၊ ပဲခြောက်မှ၊ ဖုံ၊ ခဲ၊ သဲ အမှိုက်ရှင်းမှ အရည်
အသွေးကောင်း ဖြစ်ပါသည်။
ကိုရဲ (စိုက်ပျိုးရေး) ၊ 

Sources: The Farmer Media
myanma awba group


No comments:

Post a Comment