မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday 20 January 2016

မာလာဟင်းအနှစ်
















မာလာဟင်းအနှစ်

ဟင်းအနှစ်သီးသန့်ချက်ထားပြီးလွယ်ကူမြန်ဆန်စွာချက်စားနိုင်ဖို့နဲ့အချို့လွယ်ကူစွာမရနိုင်သောသူများကိုယ်တိုင်သန့်ရှင်းလပ်ဆပ်စွာချက်စားနိုင်ဖို့မာလာဟင်းအနှစ်ချက်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း (ငါးပွဲစာ)
********
ကြက်သွန်နီ - တစ်လုံး အနေတော်
ကြက်သွန်ဖြူ - နှစ်ဥ
ငရုပ်သီးအလှော်မုန့် - နှစ်ဇွန်း စားပွဲဇွန်း
ဟွားကျောက်မှုန့် - တစ်ဇွန်း
‪#‎Sichuanpepper‬
ရှောက်ကောမှုန့် - တစ်ဇွန်း
‪#‎Blackcardamom‬
နှမ်းထောင်း - ၃ဇွန်း
ငရုပ်ချဉ်(ချဉ်စပ်ငရုပ်) - သုံးဇွန်း
ပဲငပိအစပ် - ၅ဇွန်း
ဟင်းခပ်မှုန့် - နှစ်ဇွန်း
ဆီ - ၅ကျပ်သား
ုပြင်ဆင်ပြုလုပ်နည်း
*************
(၁)ကြက်သွန်နီကြက်သွန်ဖြူသေးသေးစိတ်ထားပါ။
(၂)အိုးထဲတွင်ဆီထည့်ပြီးအပူပေးပါ။ဆီပူလာပါကကြက်သွန်နီကြော်ပါ။အရောင်အနည်းငယ်ရပါကကြက်သွန်ဖြူထည့်ကြော်ပါ။
(၃)ကြက်သွန်များရွှေဝါရောင်သမ်းပါကနှမ်းထောင်း၊ဟွားကျောက်၊ရှောက်ကော၊ငရုပ်သီးမှုန့်တို့ကိုထည့်ပါ။မီးလျော့ထားပါ။
(၄)ဆီသပ်နံ့မွေးလာပါကချဉ်စပ်ငရုပ်နှင့်ပဲငပိဟင်းခပ်မှုန့်တို့ကိုထည့်ပြီးအနည်းငယ်ခြောက်အောင်ချက်ပေးပါ။အေးသွားပါကပုလင်းသန့်သန့်တွင်ထည့်ပြီးသိမ်းဆည်းထားပါ။
***မာလာဟင်းချက်သောအခါတပွဲစာကိုနှစ်ဇွန်းသို့မဟုတ်လိုအပ်သလိုထည့်ပြီးချက်နိုင်ပါတယ်။


Sofia Food Paradise  

1 comment: