မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, 29 January 2016

ရွှေကြည်ဆနွင်းမကင်း






















ရွှေကြည်ဆနွင်းမကင်း


ဆနွင်းမကင်းဆိုရင်မြန်မာအစားစာတခုဖြစ်လို့လူတိုင်းသိပြီးသားပါလုပ်နည်းလည်းတူကြပါတယ်။အချိုးကတော့တယောက်နဲ့တယောက်နည်းနည်းဆီကွဲကြတယ်။ခုလုပ်ထားတဲ့အချိုးလေးပြောပြပါ့မယ်။
ပါဝင်ပစ္စည်း
******
ရွှေကြည် - ၅၀ကျပ်သား
သကြား - ၄၀ကျပ်သား
အုန်းနို့ - တစ်ဘူး
ဘဲဥ - ၅လုံး
ဆီ - ၂၀သား
ထောပတ် - ၅ကျပ်သား
ဘိန်းစေ့ - ၂ဇွန်း
ရေ - လိုသလောက်
ပြင်ဆင်ပြုလုပ်နည်း 
**********
(၁)အိုးတခုတွင်ရွှေကြည်ကိုခွက်ဖြင့်အရင်ချိန်ကြည့်ပြီးထည့်ပါ ။ ရွှေကြည်၎ခွက်ရှိလျှင်ရေနဲ့အုန်းနို့အရော၅ခွက်ထည့်ရပါမယ်။ရွှေကြည်အစေ့ကြီးကပိုထည့်ပေးရပါ့မယ်။
(၂)ကျန်ပါဝင်ပစ္စည်းအားလုံးဘိန်းစေ့မှအပထည့်ပြီးနှံ့အောင်မွေပေးပါ။
(၃)ပြီးလျှင်မီးဖိုပေါ်တင်ကာမီးအေးအေးဖြင့်ဆီပြန်ပြီးလုံးလာသည်ထိမွေပေးပါ။
(၄)အိုးမကပ်ဘဲဆီပြန်၍လုံးလာပါကဘမ်းတွင်ထည့်ပြီးကျစ်နေအောင်ဖိပေးပါ။
(၅)မျက်နှာပြင်ချောမွေ့လာပါကဘိန်းစေ့ဖြူးပြီးအပေါ်မီးအောက်မီးဖြင့်ဖုတ်ပြီးအရောင်ရပါကအအေးခံကာလိုသလိုလှီးဖြတ်သုံးဆောင်နိုင်ပါပြီ။ 
မှတ်ချက် ။ မိမိစိတ်ကူးရှိသလိုဒူးရင်းယိုစပျစ်ခြောက်ဖရုံယိုအစရှိသည်တ်ို့ထည့်ပြီးလည်းပြုလုပ်နိုင်ပါတယ် ။

Sofia Food Paradise

No comments:

Post a Comment