မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday 5 February 2016

လိပ်ခေါင်းရောဂါပျောက်သည့် ဆေးနည်း

















လိပ်ခေါင်းရောဂါပျောက်သည့် ဆေးနည်း

(၁) အင်္ကောလအရွက်ခြောက်ကို အကျွမ်းလှော်၍ ပြာကဲ့သို့ဖြစ်အောင် အမှုန့်ချေထားပါ။
(၂) အင်္ကောလပြာ ၁ ပဲသား၊ ငရုတ်ကောင်း ၂၅ စေ့၊ ဒုတ္ထာမီးဖောက် ၃ ပဲသား၊ ကျောက်ဆေးဒန်း ၁ ပဲသားတို့ကို ရောစပ်၍ ကျောက်ဆုံဖြင့် ညက်နေအောင် ထောင်းထားပါ။
(၃) နှမ်းဆီနှင့် ပျားဖယောင်းတို့ကို သင့်တော်ရုံထည့်၍ ညက်နေအောင် ထပ်ထောင်းပါ။ 
(၄) ၄င်းဆေးကို မြင်းသရိုက် အပြင်လိပ်ဖြစ်သည့်နေရာကို တစ်နေ့ ၂ကြိမ်ခန့် လိမ်းပေးပါ။ 
၎င်းဆေးကို လိမ်းပေးပါက တစ်ပတ်အတွင်းမှာ လိပ်ခေါင်းရောဂါ
ခြောက်သွေ့သွားပြီး ကွာကျသွားကာ ပျောက်ကင်းသွားပါမည်။ သဘာဝဆေးနည်းဖြစ်သည့်အတွက် အနည်းငယ် စိတ်ရှည်ပေးရပါမည်။
(အင်္ကောလဆေးပင်ကို မန္တလေးမြို့ဟောင်း ပုထိုးတော်ကြီးအနီးအနားတွင် များစွာပေါက်နေကြသည်ဟု သိရပါသည်။ လိုအပ်သည့်အခြားဆေးများကို ပရဆေးဆိုင်များတွင် ၀ယ်ယူနိုင်ကြပါသည်)
လိပ်ခေါင်းဝေဒနာကို ခံစားနေရသည့် ဝေဒနာရှင်များအားလုံး အမြန်ဆုံးသက်သာပျောက်ကင်းနိုင်ကြပါစေ။


ကိုးကား - ဆရာဝရဇိန်မင်း၊ အစွမ်းထက်တိုင်းရင်းဆေးများ


Thursday 4 February 2016

သုံးရောင်ခြယ်ကြက်ဥပေါင်း ♡ Three Color Steam Egg

















သုံးရောင်ခြယ်ကြက်ဥပေါင်း ♡ Three Color Steam Egg

ကြက်ဥပေါင်းလေးကိုဧည့်ဖိတ်တွေမှာဖြစ်ဖြစ်ကိုယ်အိမ်မှာဘဲဖြစ်ဖြစ်သမရိုးကျပုံစံမဟုတ်ဘဲတမျိုးဆန်းပြားလှပအောင်လုပ်စားကြည့်ရအောင်နော်။
လိုအပ်သောပစ္စည်း
**********
ကြက်ဥ - ၄လုံး
ဆေးဘဲဥ - ၂လုံး
ဆားဘဲဥအစိမ်း - ၂လုံး
ပျားရည် - စားပွဲတင်ဇွန်းတစ်ဇွန်း
ပြင်ဆင်ပြုလုပ်နည်း
**********
၁။ဦးစွာကြက်ဥပေါင်းရန်ရေနွေးပေါင်းအိုးကိုအဆင်သင့်တည်ထားပါ။ ၂။ကြက်ဥကိုအကာနှင့်အနှစ်သီးသန့်ခွဲပြီးခေါက်ထားပါ။
အမြုတ်မထအောင်ခေါက်ပါ။ ၃။ဆေးဘဲဥကိုအခွံခွာပြီးအတွင်းသားမာအောင်ရေဆူတွင် ခဏပြုတ်ပြီးအတုံးလေးများလှီးထားပါ။
၎။ဆားဘဲဥအစိမ်းကိုအကာနှင့်အနှစ်သီးသန့်ထားပါ။
၅။ပေါင်းမည်ပန်းကန်သို့ခွက်တွင်စက္ကူခင်းပြီးဆေးဘဲဥလှီး ထားသည်ကိုထည့်ပါ။
၆။ကြက်ဥအကာကိုပျားရည်နှင့်ဆားဘဲဥအကာတဝက်(အလကားမဖြစ်အောင်ရယ် ဆားထည့်စရာမလိုအောင်)ထည့်
ခေါက်ပြီးဆေးဘဲဥပေါ်မှထည့်ပြီးရေနွေးအိုးတွင်၁၅မိနစ်ခန့်
ပေါင်းပါ။
၇။၁၅မိနစ်ပေါင်းပြီးအပြင်ထုတ်ယူကာကြက်ဥအနှစ်ကိုခေါက်
ပြီးအပေါ်မှလောင်းထည့်ပါ။
၈။အပေါ်ဆုံးမှဆားဘဲဥအနှစ်ကိုထပ်ခြမ်းခြမ်းပြီးစီထည့်ကာ
၁၀မိနစ်ခန့်ထပ်ပေါင်းပါ။
၉။ဆယ်မိနစ်ပြည့်ပါကကျက်မကျက်ကြည့်ကာပေါင်းအိုးမှချကာလှပစွာလှီးဖြတ်တည်ခင်းသုံးဆောင်နိုင်ပါပြီ။

Sofia Food Paradise