မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday 6 January 2016

ပုဇွန်ကုန်းဘောင်















ပုဇွန်ကုန်းဘောင် ♡
ထမင်းမြိန်စေမဲ့ပုဇွန်ကုန်းဘောင်ကြီးကြော်ဆိုင်ဟင်းလေးကို အတော်များများနှစ်သက်ကြလိမ့်မယ်ထင်ပါတယ်။ချက်ရလွယ်ကူမြန်ဆန်တဲ့ဟင်းတခွက်လည်းဖြစ်ပါတယ်။ဆိုဖီယာတော့ဆီပြန်ဟင်းတွေကိုအချိန်ပေးပြီးတမနက်ခင်းလုံးချက်ရတဲ့ဟင်းတွေထက်စာရင်ခုလိုခုကြော်ခုစားအကြော်ဟင်းပွဲလေးတွေပိုကြိုက်ပါတယ်။(ပျင်းတာ tongue emoticon ) ပါဝင်ပစ္စည်းများကြိုတင်လှီးဖြတ်ထားပြီးစားခါနီးမှသာလျှင်ကြော်ပြီးပူပူနွေးနွေးသုံးဆောင်နိုင်ပါတယ်။ချက်ကြည့်ရအောင်နော် ။
ပါဝင်ပစ္စည်း
******
ပုဇွန် - ဆယ်ကောင် (ကြက်၊ငါး၊အမဲသား)
ကြက်သွန်နီ - အနေတော် ၂လုံး
ဂျင်းကြက်သွန်ဖြူထောင်း - တစ်ဇွန်း လ္ဘက်ဇွန်း
ဆား -ဇွန်းတဝက်
ဟင်းခပ်မှုန့် - တစ်ဇွန်း
ကော်မှုန့် - တစ်ဇွန်း
ခရမ်းချဉ်သီး -တစ်ခြမ်း
ရွှေပဲ - ၅တောင့်
ငရုပ်သီးခြောက် - ၅ တောင့်
ရှောက်ကော တရုပ်မဆလာ - အနည်းငယ်
Sweet Soya Sauce - တစ်ဇွန်း
(အနောက်ရည်)
ဆီ - လိုသလောက်
ပြင်ဆင်ချက်ပြုတ်နည်း
************
(၁)ဦးစွာပထမပုဇွန်ကိုရေဆေးသန့်စင်ကျောခွဲထားပါ။ဆား၊ဟင်းခ ပ်မှုန့်၊ဂျင်းကြက်သွန်ဖြူထောင်း၊ကော်မှုန့်ထည့်ပြီးနယ်ထားပါ။
(၂)ကြက်သွန်နီအတုံးကြီးလှီးထားပါ။ခရမ်းချဉ်သီးအတုံးကြီးစိတ်ထားပါ။ငရုပ်သီးခြောက်ချွေထားပါ။ရွှေပဲကိုတဝက်စိတ်ထားပါ။
(၃)အားလုံးအဆင်သင့်ဖြစ်ပါကဒယ်အိုးတွင်ဆီထည့်ပြီးအပူပေးပါ။(ဆီအနည်းငယ်ပိုထည့်ပေးမှဟင်းပွဲလှပါတယ်။)
(၄)ဆီပူလျှင်ငရုပ်ခြောက်ကိုကျွမ်းအောင်ကြော်ပြီးဖယ်ထုတ်ထား ပါ။ပုဇွန်ကိုဆီပူတွင်တချက်ချကြော်ပါ။တဝက်ကျက်အနေထားရပါကဆယ်ယူဆီစစ်ထားပါ။
(၅)အိုးထဲမှဆီအချို့ကိုဖယ်ထုတ်ပြီးကြက်သွန်ထည့်ပြီးကြော်ပါ။ မီးပြင်းဖြင့်အေ၇ာင်ပြောင်း၇ုံကြော်ပါ ။ပုဇွန်၊ေ၇ွှပဲ၊ခရမ်းချဉ်သီးတို့ကို ထည့်ကြော်ပါ။
(၆)ကြက်ပြုတ်ရည်သို့မဟုတ်ေ၇အနည်းငယ်ထည့်ပေးပါ။အနောက်ရည်ထည့်ပြီးမွေပေးပါ။နောက်ဆုံးတွင်ရှောက်ကောမှုန့်ထည့်ပြီးငရုပ်သီးခြောက်ကြော်ထည့်ကာသမအောင်မွေပေးပြီးပန်းကန်တွင်တည်းခင်းသုံးဆောင်နိုင်ပါပြီ။

Sofia Food Paradise &  
တရုပ်အစားအစာများ.



ပုဇွန်ပေါင်း ♡ Steamed Prawn with Lime sauce





















ပုဇွန်ပေါင်း ♡Steamed Prawn with Lime sauce


ယိုးဒယားအစားအစာထဲကလူကြိုက်များတဲ့ချဉ်ငံစပ်ပုဇွန်ပေါင်းလေးဖြစ်ပါတယ်။ပုဇွန်ပေါင်းဆိုပေမဲ့ပုဇွန်ကိုပြုတ်ပြီးချဉ်ငံစပ်ဆော့စ်နဲ့တွဲဖက်စားခြင်းဖြစ်ပါတယ်။ပါတီပွဲ၊မိတ်ဆုံစားပွဲတွေမှာလှပတဲ့ခံတွင်းဖွင့်စာအနေနဲ့တည်ခင်းနိုင်ပါတယ်။ပါဝင်ပစ္စည်းအနည်းငယ်နဲ့ပြုလုပ်ရလွယ်ကူတဲ့ပုဇွန်ပေါင်းနဲ့ဆော့စ်ပြုလုပ်နည်းလေးကိုမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
******
ပုဇွန် - လိုသလောက်
ကြက်သွန်ဖြူ - လေးမြောင်း
ငရုပ်သီးစိမ်း - ငါးတောင့်
ယိုးဒယားငံပြာရည် - ၂ဇွန်း စားပွဲဇွန်း
သံပုရာရည် - ၂ဇွန်း
ဟင်းခပ်မှုန့် - တစ်ဇွန်း လ္ဘက်ဇွန်း
သကြား - တစ်ဇွန်း လ္ဘက်ဇွန်း
နံနံပင်အရိုး - တစ်ဇွန်း( နုတ်နုတ်စင်း)စားပွဲတင်ဇွန်း
နံနံပင်/သံပုရာသီး - အလှဆင်ရန်
ပြုလုပ်နည်း
******
(၁)ဦးစွာအိုးတွင်ေ၇ထည့်ပြီးအသင့်တည်ထားပါ။လပ်ဆပ်သောပုဇွန်ကိုအမွှေးအမျှင်များသန့်စင်ထားပါ။ဘေးတွင်ဇလုံတခုဖြင့်ေ၇ခဲေ၇အဆင်သင့်ပြုလုပ်ထားပါ။
(၂)ေ၇ဆူပွက်ပါကေ၇ထဲသို့သံပု၇ာသီးတစ်ခြမ်းညစ်ထည့်ပါ။
(၃)သန့်စင်ပြီးသားပုဇွန်ကိုေ၇ဆူတွင်လေးမိနစ်ခန့်ပြုတ်ပြီးဆယ်ယူကာအသင့်ပြုလုပ်ထားသောရေခဲရေတွင်စိမ်ပြီးဆယ်ယူရေစစ်ထားပါ။
(၄)ဆော့စ်ပြုလုပ်ရန်အတွက် ကြက်သွန်ဖြူ၃မြောင်းကိုနုတ်နုတ် စင်းပြီးတစ်မြောင်းကိုပါးပါးစိတ်ထားပါ။
(၅)ငရုပ်သီးစိမ်းနှင့်နံနံပင်အရိုးကိုနုတ်နုတ်စိတ်ထားပါ။
(၆)ပန်းကန်လုံးတခုတွင်ကြက်သွန်ဖြူ၊ငရုပ်သီး၊နံနံရိုးစင်းထားသည်တို့ကိုထည့်ပြီးငါးငံပြာရည်၊သံပုရာရည်၊ဟင်းခတ်မှုန့်၊သကြားတို့ကိုထည့်၍မွေပေးပါ။
(၇)ချဉ်ငံစပ်အရသာလိုအပ်ပါကဖြည့်စွက်ပါ။ဆော့စ်များများပြုလုပ်လိုပါကဆတိုးပြုလုပ်နိုင်ပါတယ်။
(၈)ပွဲပြင်မည့်ပန်းကန်တွင်ပုဇွန်များကိုဖြန့်၍စီထည့်ပြီးဆော့စ်ပန်းကန်ဖြင့်တွဲဖက်အလှဆင်ကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
*** (အကျက်မလွန်စေ၇န်ရေခဲစိမ်ရခြင်းဖြစ်ပါတယ်)


Sofia Food Paradise