မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, 30 January 2016

မုန့်ဆီကြော်














မုန့်ဆီကြော်

မြန်မာ့ရိုးရာမုန့်တမျိုးဖြစ်တဲ့မုန့်ဆီကြော်ကိုမြန်မာတိုင်းသိကြသလိုနှစ်လည်းနှစ်သက်ကြမှာပါ။အထူးသဖြင့်အဝေးရောက်နေသူများကပိုပြီးတမ်းတလေ့ရှိကြပါတယ်။ဆိုဖီယာတော့အိမ်ပြန်တိုင်းမဖြစ်မနေသွားရှာဝယ်စားတတ်သလိုအပြန်လည်းအမြဲယူလာဖြစ်ပါတယ်။ငယ်ငယ်ကမန္တလေးမှာကြီးတော့ရပ်ကွက်ထဲကတနှစ်တခါအသိမိတ်ဆွေအိမ်တွေမှာမုန့်ဆီကြော်ပြီဆိုရင်ဘေးကထိုင်ကြည့်ခဲ့တယ်။မုန့်ဖြူမုန့်နီဆိုပြီးကြော်ကြပါတယ်။အဝေးရောက်နေသူများအဖို့ခုကြော်ထားတဲ့အချိုးလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း(ရှစ်ချပ်စာ)
****************
ကောက်ညင်းမှုန့် - ၂၀၀ ဂရမ်
ဆန်မှုန့် - ၂၅ ဂရမ်
ထန်းလျက် -၂၂၅ဂရမ်
ရေ - ၂၈၀ ml
ဆား - အနည်းငယ်
မြေပဲထောင်း- တစ်ပန်းကန်
နှမ်း - တစ်ပန်းကန်
ပြင်ဆင်ပြုလုပ်နည်း
*************
(၁)ဦးစွာထန်းလျက် ၂၂၅ ဂရမ်ကိုရေ ၂၈၀mlထည့်ပြီးကျိုပါ။
(၂)ထန်းလျက်ပျော်ပါကဇကာဖြင့်အမှိုက်များကိုစစ်ပြီးအအေးခံထားပါ။
(၃)ဆန်မှုန့်နှင့်ကောက်ညင်းမှုန့်အရောကိုဇလုံတခုတွင်ထည့်ပါ။ဆားအနည်းငယ်ထည့်ပါ။ထန်းလျက်ရည်ခပ်နွေးနွေးအနေအထားတွင်ရောထည့်ပြီးသမအောင်မွေပါ။မြေပဲထောင်းနှင့်နှမ်းထည့်ပါ။အုန်းသီးထည့်လိုကပါးပါးစိတ်ထည့်ပါ။
(၄)ပြီးလျှင်အိုးအပြန့်တွင်ဆီလက်တလုံးခန့်ထည်ပြီးအပူပေးပါ။
(၅)ဆီပူလာပါကမုန့်နှစ်ရည်တစ်ဇွန်းခပ်ပြီးလောင်းထည့်ပါ။
(၆)မုန့်နှစ်ပြန့်ရန်အိုးကိုအနည်းငယ်လှုပ်ပေးပါ။
(၇)အနည်းငယ်အရောင်ရပါကတဖက်သို့လှန်ပေးပြီးဆက်ကြော်ပါ။ကြာကြာကြော်လျှင်ကြွပ်ပြီးမာသွားတတ်ပါတယ်။
(၈)၂ဖက်လုံးအရောင်ရပါကဆယ်ယူဆီစစ်ပြီးဒန်အိုးတွင်ငှက်ပျောဖက်တထပ်ဆီခင်းထည့်ကာအဖုံးအုပ်ထားပါ။
***ငှက်ပျောဖက်နံ့သင်းသင်းမုန့်ဆီကြော်မှာကြော်ပြီးနောက်ရက်များတွင်ပိုစားကောင်းပါတယ် ။

Sofia Food Paradise  

ကရေကရာ
















ကရေကရာ 


မြန်မာအချိုပွဲတမျိုးဖြစ်တဲ့ကရေကရာကိုလူတိုင်းသိပြီးသားဖြစ်မှာပါ။အထူးသဖြင့်ကလေးဘဝမှာစားခဲ့ရတာများပါတ ယ်။ဆိုဖီယာကတော့မန္တလေးပြန်ချိန်ကလွဲရင်တကူးတက ရှာပြီးမဝယ်စားဖြစ်ပါဘူး။သန့်ရှင်းလတ်ဆပ်ပြီးဆေး သကြားကင်းတဲ့ကရေကရာလေးကိုအိမ်မှာလုပ်စားနိုင်ဖို့လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
********
ကောက်ညင်းမုန့် - ၂၀၀ ဂရမ်
အုန်းနို့ - ၁၅၀ ml
သကြား - ၁၅၀ ဂရမ်
ဆား - အနည်းငယ်
အုန်းသီးဖတ် - ၂၀၀ ဂရမ် ( ထမင်းစားပန်းကန်၂လုံး )
ပြင်ဆင်ပြုလုပ်နည်း
*************
(၁)ဦးစွာကောက်ညင်းမုန့်ကိုလှော်ပေးပါ။အရောင်အနည်းငယ်ညိုအောင်လှော်ပြီးအအေးခံထားပါ။
(၂)အိုးတခုတွင်အုန်းနို့၊သကြား ၁၀၀ ဂရမ်(၅၀ဂရမ်ချန်ထားပါ)၊ဆားအနည်းငယ်ထည့်ပြီးမီးဖိုပေါ်တွင်ကျိုပေးပါ။
(၃)သကြားပျော်ပါကခြစ်ထားသောအုန်းသီးဆံထည့်ပြီးဆူပွ က်အောင်တည်ပါ။
(၄)ဆူပွက်ပါက၂မိနစ်ခန့်တည်ထားပြီးမီးကိုအသေးဆုံးလျော့ချကာဆန်မှုန့်၁၅၀ဂရမ်ထည့်ပါ။(၅၀ဂရမ်ချန်ထားပါ)
(၅)ဆန်မှုန့်ထည့်ပြီးအုန်းနို့အုန်းသီးတို့ကိုသမအောင်အဆ က်မပျက်မွေပေးပါ။
(၆)တဖြေးဖြေးပျစ်ခဲလာပါကမီးပိတ်ပြီး၅မိနစ်ခန့်အအေးခံ ကာချန်ထားသောသကြား၅၀ဂရမ်ကိုထည့်ပြီးမွေပေးပါ။
(၇)ဘမ်းတခုအောက်ခြေတွင်ချန်ထားသောဆန်လှော်မှုန့်တဝက်ဖြူးပါ။ပြီးလျှင်အပေါ်မှကျိုထားသည့်အရောကိုထည့်ပါ။မျက်နှာပြင်ညီအောင်ဖိပြီးညိ၍အပေါ်မှဆန်မုန့်တဝက်ဖြူးပြီးအအေးခံကာလိုသလိုလှီးဖြတ်တည်ခင်းနိုင်ပါပြီ။

Sofia Food Paradise