မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, 29 January 2016

ရှမ်းထမနဲ (ခေါက်ယာခု)
















ရှမ်းထမနဲ (ခေါက်ယာခု)

ခေါက်ယာခုလို့ခေါ်တဲ့ရှမ်းထမနဲလေးပါ။တောင်ပေါ်သူတောင်ပေါ်သားတိုင်းသိ ကြမယ်ထင်ပါတယ်။တပို့တွဲလပြည့်ရောက်တိုင်းရှမ်းပြည်မှာတော့ခေါက်ယာခုလုပ်ပြီးအိမ်နီးနားချင်းတွေကိုဝေပေးလေ့ရှိပါတယ်။
ပါဝင်ပစ္စည်း
*******
ကောက်ညင်းဆန် - ၄ခွက် (ဆန်ချိန်ခွက်)
ရေ - ၄ ခွက် ဆန်ချိန်ခွက်
ရှမ်းကြံသကာ - ၁၅ကျပ်သား
ဆီ - ၅ကျပ်သား (ချက်ပြီးသား)
မြေပဲလှော် - ၅ကျပ်သား
နှမ်းလှော် - ၃ဇွန်း 
ဆား - အနည်းငယ်
အုန်းသီး -တစ်စိတ် ခြစ်ထားပါ။
ပြင်ဆင်ပြုလုပ်နည်း
**********
(၁)ကောက်ညင်းကိုလေးနာရီခန့်ရေစိမ်ထားပြီးကောက်ညင်းနှင့်ရေဆတူထည့်ကာပေါင်းအိုးဖြင့်တည်ပါ။(ရှမ်းပြည်မှာတော့သစ်သားပေါင်းချောင်ဖြင့်ရေခံပေါင်း
ပါတယ်။ကျက်သည်ထိမကြာမကြာအပေါ်မှရေဖြန်းပေးရပါတယ်။)
(၂)ကောက်ညင်းကျက်လျှင်ကြံသကာကိုကောက်ညင်းများကြားသို့ထိုးထည့်ပါ။
(၃)ကြံသကာပျော်သွားပါကအဝကျယ်အိုးကြီးတွင်သွန်ထည့်ပါ။ချက်ထားသော ဆီ၊မြေပဲ၊နှမ်းတို့ကိုထည့်ပြီးအားလုံးနှံ့ေ အာင်မွေကာလုံးခြမ်းကွဲအနေထိရအောင်ထိုးပါ။
(၄)ပြီးလျှင်ဘမ်းတခုတွင်ဆီသုတ်ပြီးထိုးထားသောကောက်ညင်းများထည့်ကာနာနာဖိပေးပြီးမျက်နှာပြင်ညီအောင်လုပ်ပေးကာအအေးခံထားပါ။ (၅)လုံးဝအေးသွားပါကလိုသလိုလှီးဖြတ်ပြီးအုန်းသီးနှင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ ။

Sofia Food Paradise 

ဒူးရင်းသီးဆနွင်းမကင်း ♡ Durian Semolina Cake
















ဒူးရင်းသီးဆနွင်းမကင်း ♡ Durian Semolina Cake 

ဆနွင်းမကင်းဆိုရင်တော့မြန်မာအစားစာတခုဖြစ်လို့လူ တိုင်းသိ ပြီးသားပါ။လုပ်နည်းလည်းတူပြီးအချိုးကတော့တယောက်နဲ့တယောက်အနည်းငယ်ဆီကွဲကြပါတယ်။ဒူးရင်းသီးဆနွင်းမကင်းကိုကျကိုယ်တိုင်တခါမှမလုပ်ဖူးသေးဘဲပထမဆုံးအကြိမ်စားဖူးတာတော့အမေယောက္ခမလုပ်ကျွေးတာဘဲဖြစ်ပါတယ်။ခုလုပ်ထားတဲ့အချိုးလေးပြောပြပါ့မယ်။
ပါဝင်ပစ္စည်း
******
ရွှေကြည် - ၅၀ကျပ်သား
သကြား - ၃၀ကျပ်သား
(ပုံမှန်ထက်အချိုလျော့ထားပါတယ်ဒူးရင်းသီးပါလို့ )
အုန်းနို့ - နှစ်ဘူး (၄၀၀ ml)
ဘဲဥ - ၅လုံး
ဆီ - ၁၅ကျပ်သား
ထောပတ် - ၅ကျပ်သား
ဒူး၇င်းသီးအနှစ် - အစိတ်သား
(ဒူးရင်းယိုဖြင့် အစားထိုးနိုင်)
Almond - ၅ကျပ်သား
ဘိန်းစေ့ - ၂ဇွန်း
ရေ - လိုသလောက်
ပြင်ဆင်ပြုလုပ်နည်း 
**********
(၁)အိုးတခုတွင်ရွှေကြည်ကိုခွက်ဖြင့်အရင်ချိန်ကြည့်ပြီးထည့်ပါ ။ ရွှေကြည်၎ခွက်ရှိလျှင်ရေနဲ့အုန်းနို့အရော၅ခွက်ထည့်ရပါမယ်။ရွှေကြည်အစေ့ကြီးကပိုထည့်ပေးရပါ့မယ်။ေ၇ွှကြည်ကိုလှော်ပြီးလည်းပြုလုပ်နိုင်ပါတယ်။
(၂)ကျန်ပါဝင်ပစ္စည်းအားလုံးဘိန်းစေ့မှအပထည့်ပြီးနှံ့အောင်မွေပေးပါ။
(၃)ပြီးလျှင်မီးဖိုပေါ်တင်ကာမီးအေးအေးဖြင့်ဆီပြန်ပြီးလုံးလာသည်ထိမွေပေးပါ။
(၄)အိုးမကပ်ဘဲဆီပြန်၍လုံးလာပါကဘမ်းတွပြီးလျှင်မီးဖိုပေါ်တင်ကာမီးအေးေ(၅)မျက်နှာပြင်ချောမွေ့လာပါကဘိန်းစေ့ဖြူးပြီးအပေါ်မီးအောက်မီးဖြင့်ဖုတ်ပြီးအရောင်ရပါကအအေးခံကာလိုသလိုလှီးဖြတ်သုံးဆောင်နိုင်ပါပြီ။ 
မှတ်ချက် ။ မိမိစိတ်ကူးရှိသလိုစပျစ်ခြောက် ၊နှစ်သက်ရာသစ်သီးခြောက်ဖရုံယိုအစရှိသည်တ်ို့ထည့်ပြီးလည်းပြုလုပ်နိုင်ပါတယ် ။

Sofia Food Paradise