မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, 29 January 2016

ရွှေကြည်ဆနွင်းမကင်း






















ရွှေကြည်ဆနွင်းမကင်း


ဆနွင်းမကင်းဆိုရင်မြန်မာအစားစာတခုဖြစ်လို့လူတိုင်းသိပြီးသားပါလုပ်နည်းလည်းတူကြပါတယ်။အချိုးကတော့တယောက်နဲ့တယောက်နည်းနည်းဆီကွဲကြတယ်။ခုလုပ်ထားတဲ့အချိုးလေးပြောပြပါ့မယ်။
ပါဝင်ပစ္စည်း
******
ရွှေကြည် - ၅၀ကျပ်သား
သကြား - ၄၀ကျပ်သား
အုန်းနို့ - တစ်ဘူး
ဘဲဥ - ၅လုံး
ဆီ - ၂၀သား
ထောပတ် - ၅ကျပ်သား
ဘိန်းစေ့ - ၂ဇွန်း
ရေ - လိုသလောက်
ပြင်ဆင်ပြုလုပ်နည်း 
**********
(၁)အိုးတခုတွင်ရွှေကြည်ကိုခွက်ဖြင့်အရင်ချိန်ကြည့်ပြီးထည့်ပါ ။ ရွှေကြည်၎ခွက်ရှိလျှင်ရေနဲ့အုန်းနို့အရော၅ခွက်ထည့်ရပါမယ်။ရွှေကြည်အစေ့ကြီးကပိုထည့်ပေးရပါ့မယ်။
(၂)ကျန်ပါဝင်ပစ္စည်းအားလုံးဘိန်းစေ့မှအပထည့်ပြီးနှံ့အောင်မွေပေးပါ။
(၃)ပြီးလျှင်မီးဖိုပေါ်တင်ကာမီးအေးအေးဖြင့်ဆီပြန်ပြီးလုံးလာသည်ထိမွေပေးပါ။
(၄)အိုးမကပ်ဘဲဆီပြန်၍လုံးလာပါကဘမ်းတွင်ထည့်ပြီးကျစ်နေအောင်ဖိပေးပါ။
(၅)မျက်နှာပြင်ချောမွေ့လာပါကဘိန်းစေ့ဖြူးပြီးအပေါ်မီးအောက်မီးဖြင့်ဖုတ်ပြီးအရောင်ရပါကအအေးခံကာလိုသလိုလှီးဖြတ်သုံးဆောင်နိုင်ပါပြီ။ 
မှတ်ချက် ။ မိမိစိတ်ကူးရှိသလိုဒူးရင်းယိုစပျစ်ခြောက်ဖရုံယိုအစရှိသည်တ်ို့ထည့်ပြီးလည်းပြုလုပ်နိုင်ပါတယ် ။

Sofia Food Paradise

အီကြာကွေး&Youtiao (Chinese Oil Stick)-Chinese Cruller





















အီကြာကွေး&Youtiao (Chinese Oil Stick)-Chinese Cruller

တရုတ်အစားအစာတမျိုးဖြစ်တဲ့အီကြာကွေးကိုစင်္ကာပူမလေးရှားမှာလည်းနေရာတိုင်းမှာရောင်းချထားတာတွေ့နိုင်ပါတယ်။ပဲနို့နဲ့လိုက်ဖက်တဲ့မနက်ခင်းစာလည်းဖြစ်ပါတယ်။
အီကြာကွေးလုပ်နည်းကတယောက်နဲ့တယောက်မတူတဲ့လုပ်နည်းတွေရှိပါတယ်။အိမ်ရှင်မများမိမိအိမ်သားတွေကိုသန့်ရှင်းလပ်ဆပ်စွာလုပ်ကျွေးနိုင်ဖို့ဆိုဖီယာတို့မိရိုးဖလာလုပ်လာတဲ့နည်းကိုမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း (ပုံပါ၁၅ချောင်းစာ)
********
ဂျုံ - ၅၀၀ ဂရမ်
ရေ သို့ နွားနို့ - ၃၅၀ ml
ဆား - လ္ဘက်ဇွန်း တစ်ဇွန်း
သကြား - ၃ ဇွန်း စားပွဲဇွန်း
ဆီ - ၂ဇွန်း စားပွဲဇွန်း
Yeast - လ္ဘက်ဇွန်းတဝက်
ဆော်ဒါ - လ္ဘက်ဇွန်းတဝက်
ကြက်ဥ - တစ်လုံး
ပြင်ဆင်ပြုလုပ်နည်း
*************
(၁)ခွက်တခုတွင်နွားနို့ကိုခပ်နွေးနွေးအပူပေးပြီးyeastထည့်ကာဖျော်ထားပါ။
ဇလုံတခုတွင်ပါဝင်ဂျုံ ဆားသကြားကြက်က်ဥဆီတို့ကိုထည့်ပြီးသမအောင်မွေပေးပါ။နို့နွေးနွေးနှင့်yeastရောစပ်ထားသည်ကိုထည့်ပြီးသမအောင်မွေပေးပါ။
ဂျုံသားများဟာအလွန်ပျော့နေရပါ့မယ်။(၂)ပြီးလျှင်ဂျုံသားအားလုံးကိုစားပွဲပေါ်တင်ကာလက်ဖြင့်ဖိချေပြီးရေခြောက်လာသည်ထိ၁၅မိနစ်ခန့်နှယ်ပေးပါ။
❀❀အီကြာကွေးပြုလုပ်ရာမှာအရေးကြီးဆုံးအချက်ကဂျုံနှယ်တဲ့အချိန်ဖြစ်ပါတယ်။(၃)ရေခြောက်ပြီးလက်တွင်မကပ်စားပွဲတွင်မကပ်တော့သောအနေထားရပါကဂျုံဖြူးပြီးလေးထောင့်အနေခေါက်ကာရေစိုဖန့်ဖန့်အဝတ်သို့မဟုတ်ပလပ်စတစ်ဖြင့်အုပ်ပြီးမိနစ် ၃၀ မှ ၄၅ မိနစ်ထိအပွခံထားပါ။(၄)လိုအပ်သောအပွအနေထားရပါကစားပွဲတွင်ဂျုံမှုန့်ဖြူးကာခေါက်ထားသောလေးထောင့်အနေထားအတိုင်းအောက်ဘက်မှလက်လျိုပြီးလိုအပ်သောအထူအနေထားထိဆွဲဖြန့်ပေးပါ။အထူးအပါးညီအောင်ဖြန့်ပါ။လိုအပ်ပါက၁၀မိနစ်ခန့်ပြန်ပွအောင်ထားပါ၊ (၅)အပေါ်ယံမျက်နှာပြင်မခြောက်အောင်အဝတ်ပါးအုပ်ထားပါ။ကြော်ရန်ဆီအိုးအဆင်သင့်တည်ထားပါ။(၆)ဆီပူပါကဖြန့်ထားသောဂျုံကိုတစ်လက္မအကျယ်ခန့်ဖြတ်ပေးပါ။ဖြတ်ပြီးသားဂျုံကိုအလယ်မှထပ်ပိုင်းပိုင်းကာတစ်ပိုင်းကိုရေစွတ်ပေးပြီးကျန်တပိုင်းကိုအပေါ်မှထပ်တင်ပေးပါ။အရှည်ပြုလုပ်လိုပါကနှစ်ချောင်းထပ်ပါ။ပြီးလျှင်ခေါက်ဆွဲစားသောတူဖြင့်ထပ်ထားသောဂျုံသားကိုအပေါ်မှဖိပေးပါ။ပြီးလျှင်လက်ဖြင့်ကိုင်ပြီးမိမိလိုချင်သောအရှည်အနေထားထိသာသာဆွဲပြီးဆီပူထည့်ချကြော်ပါ။(၆)ဆီပူထည်းချကြော်စဉ်တူဖြင့်မုန့်ကိုပွလာစေရန်လှုပ်ခပ်ထိုးဆွပေးရပါမယ်။ရွှေဝါရောင်ရသည်ထိကြော်ပြီဆယ်ယူဆီစစ်ကာပူပူနွေနွေးသုံးဆောင်နိုင်ပါပြီ။


Sofia Food Paradise & တရုပ်အစားအစာများ