မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, 23 January 2016

ဝက်သားမောင်မယ်အကြွပ်ကြော်















ဝက်သားမောင်မယ်အကြွပ်ကြော်
*****************************
ဝက်သားကိုပုံစံနှစ်မျိုးကြော်ပြီးတည်ခင်းဧည့်ခံ
ကြရအောင်

ဝက်ပေါင်သား.......၃၀ကျပ်သား
ဝက်ဂုတ်သား........၂၀ကျပ်သား
နာနတ်ပွင့်အမှုန့်....၁ဇွန်း(လက်ဖက်ရည်ဇွန်း)
ချင်း.....................၁တက်
သကြား...............၂ဇွန်း
ပဲငံပြာရည်အပျစ်...၁ဇွန်း
ဟင်းချက်ဝိုင်.........အနည်းငယ်
နှမ်းလှော်.............အနည်းငယ်
ဝက်ပေါင်သားကို၂ပိုင်းခန့်ပိုင်းပါ။ဝက်ဂုတ်သားကို၁လက်မခွဲအရွယ်အနေတော်လှီးပါ။
အသား၂မျိုးလုံးကိုပေါင်းပြီး..ထောင်းထားသောချင်းရည်၊ဟင်းချက်ဝိုင်၊ဆား၊သကြား၊နာနတ်ပွင့်အမှုန့်၊ပဲငံပြာရည်အပျစ်တို့ဖြင့်စိမ့်ဝင်နေအောင်နယ်ကာအနည်းဆုံးနာရီဝက်ခန့်နှပ်ထားပါ။
ဝက်ပေါင်သားကိုဦးစွာပြုတ်ပါ။အသားနှုးပြီးရေခမ်းသည်အထိပြုတ်ပါ။
ဝက်ဂုတ်သားကိုလည်းထိုနည်းအတိုင်းပြုတ်ပါ။(ရေခမ်းအောင်ပြုတ်ဖို့တော့အရေးကြီးပါတယ်)
ဒယ်အိုးတစ်လုံးမှာဆီများများကိုအပူပေးပြီး
ဝက်ပေါင်သားကိုရွှေညိုရောင်ရအောင်ကြော်ယူပြီးစစ်ယူအအေးခံထားပါ။
ဝက်ဂုတ်သားကိုလည်းထိုနည်းအတိုင်းကြော်ပါ။
ပြင်ဆင်မယ့်ပန်းကန်တစ်ခြမ်းမှာဝက်ပေါင်သားကြော်ကို..မိမိနှစ်သက်သလိုမထူမပါးလှီးပြီးပြင်ဆင်ပါ။အခြားတစ်ဖက်မှာဝက်ဂုတ်သားကြော်လေးတွေပြင်ဆင်ပြီးအကြွပ်ကြော်ထားတဲ့ချင်းနှင့်ကြက်သွန်ဖြူကြော်လေးအလှဆင်ပါ။
မိမိနှစ်သက်ရာချို ချဉ်စပ်ဆော့စ်ရည်လေးနှင့်တွဲဖက်သုံးဆောင်ပါ။
မှတ်ချက်..နာနတ်ပွင့်အမှုန့်ကိုတရုတ်ဆိုင်တွေမှာပါကော့အမှုန့်လို့မေးဝယ်ပါ။ အင်္ဂလိပ်လိုကတော့..Star Anise Powder ပါ။

ပာင်းချက်နည်းများ  

ဝက်နံရိုးချိုစပ်



















ဝက်နံရိုးချိုစပ်
************
ဒါကလည်းထိုင်းဟင်းပွဲတစ်မျိုးပါ။
မူထော့ကထီယမ်ဖစ်ထိုင်းဆိုတဲ့ဟင်းပွဲပုံစံမျိုးလေးဆိုပေမယ့်..ကြက်သွန်ဖြူ ကြော်ပြီးသားသုံးတာနဲ့အစိမ်းသုံးတာအနည်းငယ်လေးပဲကွာခြားသွားတာပါ။ဒီဟင်းမှာငရုတ်သီးစိမ်းလေးပါသွားတာကလည်းတမျိုးထူးခြားတယ်..။
ဝက်နံရိုး.............၂၅ကျပ်သား
ကြက်သွန်ဖြူ.........၅တက်
ငရုတ်သီးစိမ်း.......၃တောင့်
ချင်းသေးသေး......၁တက်
ကြက်ဖဆော့စ်......၁ဇွန်း
ငရုတ်ကောင်းမှုန့်..အနည်းငယ်
သကြား...............၁ဇွန်း
ခရုဆီ..................၁ဇွန်း
ပဲငံပြာရည်အကြည်..၂ဇွန်း
ဝက်နံရိုး ကိုအနေတော်တုံး၊ရေဆေးသန့်စင်ပြီးဆား၊သကြား၊ဟင်းခတ်မှုန့်တို့နှင့်အရသာနယ်ပြီးချင်းဓားပြားရိုက်ထည့်ကာရေမြုပ်ရုံထည့်ပြီးအဖုံးပိတ်ကာပြုတ်ပါ။
ထိုစဉ်အတွင်းကြက်သွန်ဖြူ ၊ငရုတ်တောင့်နီတို့
ကိုခပ်ကြမ်းကြမ်းနုပ်နုပ်စဉ်းထားပါ။
ဝက်နံရိုးတွေရေခမ်းပြီးနှုးအိပြီဆိုမီးဖိုပေါ်မှချထားပါ။
ဒယ်အိုးတစ်လုံးမှာဆီပါသည်ဆိုရုံလေးထည့်ပြီးနုပ်နုပ်စဉ်းထားတဲ့ကြက်သွန်ဖြူ ၊ငရုတ်သီးအရောကိုထည့်ပြီးမှစတင်အပူပေးပါ။
(ဆီပူမှလောင်းထည့်တာမျိုးကိုရှောင်ကြဉ်ပါ)
အနည်းငယ်စိမ်းနံ့ပျောက်ပြီးမွှေးလာပြီဆိုတာနဲ့သကြား၊ကြက်ဖဆော့စ်၊ခရုဆီ၊ပဲငံပြာရည်၊ငရုတ်ကောင်းမှုန့်တို့ထည့်ပေါင်းပြီးချက်ချင်းဆိုသလိုအအေးခံထားတဲ့ဝက်နံရိုးတွေထည့်ပြီးနှံ့အောင်မွှေပေးလိုက်ရုံပါ။
ပန်းကန်ထဲထည့်ခေတ္တအအေးခံပြီးနံနံပင်လေးအလှဆင်သုံးဆောင်ပါ။

ပာင်းချက်နည်းများ