မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, 23 January 2016

အသားနှင့်ဆန်လုံးညိုထမင်းနယ်


















ရှမ်းအနွယ်ဝင်လူမျိုးတွေအများဆုံးပြုလုပ်စားသုံးကြတဲ့အသားနှင့်ဆန်လုံးညိုထမင်းနယ်ပါ။
အသားချဉ်အဆင့်ကိုမရောက်သေးသလိုထမင်းကိုဦးစားပေးပြီးမိမိနှစ်သက်တဲ့အသားကိုအသုံးပြုပေမယ့်ကြက်သားကိုတော့သုံးလေ့မရှိကြပါဘူး။
အသားနှင့်ဆန်လုံးညိုထမင်းနယ်
*****************************
ဆန်လုံးညို...................၁ဗူး
ဝက်သား(သို့)အမဲသား..၁၀ကျပ်သား
ဆား............................ဇွန်းဝက်
ဟင်းခတ်မှုန့်.. ..............ပါသည်ဆိုရုံ
ယမ်းစိမ်း မှုန့်.................အနည်းငယ်
ဆန်လုံးညို ကိုရေစင်စွာဆေးပြီး၁၅မိနစ်ခန့်ရေစိမ်ထားပါ။
အသားကိုညှက်နေအောင်ကြိတ်ပေးပါ။
ရေဆူအိုးမှာဆန်ကိုထည့်ပြုတ်ပြီးအနေတော်အနေအထားမှာရေစစ်ပြီးနှပ်ပါ။
ထမင်းကျက်ပြီဆိုဇလုံတစ်ခုမှာလုံးဝအေးအောင်အအေးခံပေးပါ။
ထိုထမင်းထဲသို့ကြိတ်ထားသောအသားနှင့်အရသာအားလုံးကိုရောထည့်ပြီးနှံ့အောင်နယ်
ပေးပါ။
ငှက်ပျောဖက်(သို့မဟုတ်)တောင်စွန်ဖက်ကိုကတော့ပုံ(တြိဂံပုံ)ခေါက်ထိုးပြီးနယ်ထားသောထမင်းနယ်ကိုထည့်ထုပ်ကာလေလုံအောင်ထုပ်ပိုးချည်နှောင်ပါ။
ပထမတစ်နေ့ကိုနေပူမှာပြပြီးနောက်၂ရက်ကိုနေရိပ်မှာပြောင်းရွှေ့ပေးပါ။
အသားကျက်ပြီးထမင်းကအချဉ်အရသာဖက်ကိုကူးပြောင်းပြီဆိုတာနဲ့စတင်စားသုံးလို့ရပါပြီ။
ကြက်သွန်ဖြူဆီချက်လေးဆမ်း၊ဂျုးမြစ်၊ကြက်သွန်စိမ်း၊သခွားသီး၊ငရုတ်ခြောက်တောင့်ကြော်တို့နှင့်တွဲဖက်စားသုံးနိုင်ပါတယ်။

ပာင်းချက်နည်းများ  

ဝက်ဆီဖတ်အကြွပ်ကြော်



















ဝက်ဆီဖတ်အကြွပ်ကြော်
***********************
ဝက်ဆီဖတ်...........၂၀ကျပ်သားခန့်
ဆား......................ပါသည်ဆိုရုံ
ဟင်းခတ်မှုန့်.........အနည်းငယ်
ဝက်ဆီဖတ်ဆိုရာမှာအဆီထူမျိုးတွေမဟုတ်ပဲ
အူမကြီးနံရံမှာကပ်နေတဲ့အဆီဖတ်များကိုအပိုင်းငယ်လေးတွေအဖြစ်ပိုင်းဖြတ်ပြီး
ဆား၊အရသာမှုန့်တို့ဖြင့်နယ်ပါ။
ဒယ်အိုးတစ်လုံးမှာရေပါသည်ဆိုရုံလေး
ဖြင့်အပူပေးပြီးအဖုံးအုပ်ထားပါ။
ရေခမ်းသွားပြီဆိုရင်ဆီတွေကတဖြည်းဖြည်းစိမ့်ထွက်လာပါမယ်။
ထိုဆီလေးနဲ့ပဲကြွပ်လာသည်အထိအဆက်မပြတ်မွှေပြီးကြော်ပေးရုံပါပဲ။
ထမင်းဖြူပူပူလေးနဲ့ဖြစ်စေ၊ရေနွေးကြမ်းနှင့်ဖြစ်စေတွဲဖက်သုံးဆောင်နိုင်ပါတယ်။

ပာင်းချက်နည်းများ