မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, 21 January 2016

ဂေါ်ဖီထုပ်အစာသွပ်ချိုချဉ် Sweet & Sour Stuffed Cabbage























ဂေါ်ဖီထုပ်အစာသွပ်ချိုချဉ် Sweet & Sour Stuffed Cabbage

ဂေါ်ဖီထုပ်အစာသွပ်အတွက်လိုအပ်သောပစ္စည်း
********************************
ဂေါ်ဖီသေးသေး - တစ်လုံး
ကြက်သားစင်းပြီးသား - တစ်ဆယ်သား
ကြက်သွန်နီ - တစ်လုံး
ဂျင်းကြက်သွန်ဖြူ - လ္ဘက်ဇွန်းတစ်ဇွန်း
ဆား - ဇွန်းတဝက်
ကြက်သားမှုန့် - တစ်ဇွန်း
ငရုပ်ကောင်း - အနည်းငယ်
ကော်မှုန့် ပြောင်းဖူးမှုန့် - တစ်ဇွန်း
နှမ်းဆီမွေး - တစ်ဇွန်း
ချိုချဉ်ဆော့ချက်ရန်လိုအပ်သောပစ္စည်း
*********************
ဆီ - တဇွန်း
ကြက်သွန်နီ - တခြမ်း
သခွားသီး - ၁/၎
ငရုပ်ချို ၊ငရုပ်ပွ - အစိမ်း တခြမ်း ၊ အနီ တခြမ်း
ပြောင်းဖူးစေ့ သို့ နာနတ်သီး ၂ဇွန်း
ဆား - လ္ဘက်ဇွန်း၁ဇွန်း
သကြား - ၃ဇွန်း ဟင်းစားဇွန်း
ငရုပ်ဆီ - ၂ဇွန်း
သံပုရာသီး - တခြမ်း
ကြက်ပြုတ်ရည် သို့ ရေ - ပန်းကန်၁လုံး
ကော်မှုန့် - ၁ဇွန်း
ပြင်ဆင်ချက်ပြုတ်နည်း
****************
(၁)ဦးစွာ ရေဆူတအိုးတည်ထားပါ ။ဂေါ်ဖီကိုအလုံးလိုက်ေ ရဆေးထားပါ။ ဘေးတွင်ဇလုံတခုဖြင့်ရေခဲရေထည့်ထားပါ။(၂)ရေဆူပါကဂေါ်ဖီထုပ်ကိုအလုံးလိုက်ရေဆူတွင်ဆယ်စက္ကန့်ခန့်ချပြီးဆယ်ယူကာရေခဲရေတွင်စိမ်ပြီးအပေါ်ဆုံးတချပ်ကိုခွာယူပါပြီးလျှင်ရေဆူသို့ပြန်ချပြီးတထပ်ပြီးတထပ်ခွာယူပါ။(၃)အတွင်းဘက်အရွက်သေးသွားလျှင်ရပ်လိုက်ပြီးရေခဲရေမှဆယ်ယူကာရေစစ်ထားပြီးအလယ်ရိုးထူသောအပိုင်းများကိုဓားဖြင့်လှီးထုတ်ထားပါ။
(၄)အစာသွပ်ရန်အသားကိုပြင်ဆင်ပါ။ကြက်သားစင်ပြီးသား ကိုပန်းကန်တခုတွင်ထည့်ပါ။ ကြက်သွန်နီနုတ်နုတ်စင်းထ ည့်ပါ။ပြီးလျှင်ဆား၊ကြက်သားမှုန့်၊ကော်မှုန့်၊ဆီမွေး၊ဂျင်း ကြက်သွန်ဖြူ၊ငရုပ်ကောင်းတို့ထည့်ပြီးနာနာရိုက်ပေးပါ။ ပြီးလျှင်ရေစစ်ထားသောဂေါ်ဖီရွက်ကိုအတွင်းဖက်ကိုအပေါ်မှထားပြီးဖြန့်ခင်းပါ။(၅)ကြက်သားနှပ်ပြီးသားတဇွန်းကိုအလယ်တွင်ထည့်ပြီးဘေးနှစ်ဘက်ခေါက်ကာမိမိဘက်မှစ၍ရှေ့သို့လိပ်ပေးပါ။(၆)အားလုံးလိပ်ပြီးပါကပန်းကန်သို့ဘမ်းတခုတွင်စီထည့်ပြီးရေနွေးပေါင်းအိုးဖြင့်နာရီဝက်ခန့်ပေါင်းပါ။
(၇)ပေါင်းထားစဉ်ချိုချဉ်ဆော့အတွက်ပြင်ဆင်ထားပါ။ပါဝင်ပစ္စည်းအားလုံးကိုသေးသေးစိပ်ထားပါ(ပြောင်းဖူးအစားနာနတ်သီးသုံးနိုင်ပါတယ်)အရောင်လှအောင်ပြောင်းဖူးထည့်ထားခြင်းပါ။နှစ်သက်ကထည့်နိုင်ပါတယ်။ ချိုချဉ်ကြော် မှာဖြစ်တဲ့အတွက်နာနတ်သီးကပိုပြီးလိုက်ဖက်ပါတယ်။
(၈)အားလုံးစိပ်ပြီးပါကဒယ်အိုးတခုတွင်ဆီအနည်းငယ်ထည့်ပြီးအသီးနှံအားလုံးချကြော်ပါ။ပြီးလျှင်ကြက်သားပြုတ်ရည်သို့ရေထည့်ပြီးပါဝင်သည့်ဟင်းစပ်ပစ္စည်းများဆား၊သကြားငရုပ်ဆော့သံပုရာရည်တို့ကိုထည့်
ပြီး အရသာအပေါ့ငန်မြည်းပါ။မိမိစိတ်ကြိုက်အချိုအချဉ်အရသာရပါကကော်မှုန့်တဇွန်းကိုရေ၂ဇွန်းဖြင့်ဖျော်ပြီးချိုချဉ်ဆော့တွင်ထည့်ကာခပ်မြန်မြန်မွေပြီးမီးလျော့ထားပါ။
(၉)ပေါင်းထားသောဂေါ်ဖီအစာသွပ်ရပါကချက်ထားသောချိုချဉ်ဆော့တွင်အသာထည့်ကာ၂မိနစ်ခန့်အပူပေးပြီးဆော့ကိုဂေါ်ဖီအစာသွပ်ပေါ်မှဆမ်းပေးပြီးမီးဖိုမှချကာပန်းကန်တွင်တည်ခင်းသုံးဆောင်နိုင်ပါပြီ။

Sofia Food Paradise   

ထိုင်းစတိုင်ကြက်ပဲသီးဟင်း




















ထိုင်းစတိုင်ကြက်ပဲသီးဟင်း ♥♥♥

ပါဝင်ပစ္စည်းအနည်းငယ်ဖြင့်ချက်ရလွယ်ကူမြန်ဆန်ပြီးထမင်း
မြိန်စေမဲ့ယိုးဒယားဟင်းတခွက်ဖြစ်ပါတယ်။ကြက်ပဲသီးအစားမိမိနှစ်သက်ရာအသားဖြင့်ပြင်ဆင်ချက်ပြုတ်နိုင်ပါတယ်။
ကြက်ပဲသီးဟင်းတပွဲစာအတွက်ပါဝင်ပစ္စည်း
********************
ပဲတောင့်ရှည် - တစည်း
ကြက်သား သို့ နှစ်သက်ရာအသား - 100gm
အနီရောင်ငရုပ်သီးအနှစ် - 1 Tbsp
(Red Curry Paste)
ရှောက်ခါးရွက် - တရွက်
ငရုပ်သီး - နှစ်တောင့်
ယိုးဒယားငံပြာရည် - 1Tbsp
ခရုဆီ - 1 Tbsp
အချိုမှုန့်သကြား - 1 tsp
ဆီ - 2Tbsp
ကြက်ပြုတ်ရည် သို့ ရေ - အချိုပန်းကန်တလုံး
ပြင်ဆင်ချက်ပြုတ်ပုံ
**********
ဦးစွာ မိမိချက်မည့်အသားကိုပါးပါးလှီးပါ။ ပဲတောင့်ရှည်ကိုရေဆေးသန့်စင်ပြီးလိုသလိုလှီးဖြတ်ထားပါ။ ပုံပါအတိုင်းအထုံးလေးများပြုလုပ်လိုပါကအပင်လိုက် ရေဆူတွင်တမိနစ်ခန့်ဖျောကာအရောင်မပြောင်းရန်ရေခဲရေ
တွင်စိမ်ပေးကာအထုံးလေးများပြုလုပ်နိုင်ပါတယ်။ငရုပ်သီး
ထပ်ခြမ်းခြမ်းပါ။ ရှောက်ရွက်ကိုသေးသေးစိတ်ထားပါ။ အားလုံးပြင်ဆင်ပြီးပါကပန်းကန်တခုတွင် အသား၊ပဲသီး၊အနီရောင်ငရုပ်အနှစ်၊ရှောက်ရွက်၊ငရုပ်သီးခြမ်း၊ ငံပြာရည် ၊ခရုဆီ၊ အချိုမှုန့်သကြား အားလုံးထည့်ပါ။ဒယ်အိုးတခုကိုအပူပေးပြီးဆီထည့်ပါ ။ ဆီပူပါကပါဝင်ပစ္စည်းအားလုံးမီးပျင်းပျင်းဖြင့်ချကြော်ပါ။ အသားအရောင်ပြောင်းသည်ထိကြော်မိပါကကြက်ပြုတ်ရည်ထည့်ကာခဏမွေပေးပါ။ရေအနည်းငယ်ခမ်းလျှင်အရသာ
အပေါ့အငံမြည်းကာ တည်ခင်းသုံးဆောင်နိုင်ပါပြီ ။

Sofia Food Paradise