မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, 21 January 2016

ထိုင်းစတိုင်ကြက်ပဲသီးဟင်း




















ထိုင်းစတိုင်ကြက်ပဲသီးဟင်း ♥♥♥

ပါဝင်ပစ္စည်းအနည်းငယ်ဖြင့်ချက်ရလွယ်ကူမြန်ဆန်ပြီးထမင်း
မြိန်စေမဲ့ယိုးဒယားဟင်းတခွက်ဖြစ်ပါတယ်။ကြက်ပဲသီးအစားမိမိနှစ်သက်ရာအသားဖြင့်ပြင်ဆင်ချက်ပြုတ်နိုင်ပါတယ်။
ကြက်ပဲသီးဟင်းတပွဲစာအတွက်ပါဝင်ပစ္စည်း
********************
ပဲတောင့်ရှည် - တစည်း
ကြက်သား သို့ နှစ်သက်ရာအသား - 100gm
အနီရောင်ငရုပ်သီးအနှစ် - 1 Tbsp
(Red Curry Paste)
ရှောက်ခါးရွက် - တရွက်
ငရုပ်သီး - နှစ်တောင့်
ယိုးဒယားငံပြာရည် - 1Tbsp
ခရုဆီ - 1 Tbsp
အချိုမှုန့်သကြား - 1 tsp
ဆီ - 2Tbsp
ကြက်ပြုတ်ရည် သို့ ရေ - အချိုပန်းကန်တလုံး
ပြင်ဆင်ချက်ပြုတ်ပုံ
**********
ဦးစွာ မိမိချက်မည့်အသားကိုပါးပါးလှီးပါ။ ပဲတောင့်ရှည်ကိုရေဆေးသန့်စင်ပြီးလိုသလိုလှီးဖြတ်ထားပါ။ ပုံပါအတိုင်းအထုံးလေးများပြုလုပ်လိုပါကအပင်လိုက် ရေဆူတွင်တမိနစ်ခန့်ဖျောကာအရောင်မပြောင်းရန်ရေခဲရေ
တွင်စိမ်ပေးကာအထုံးလေးများပြုလုပ်နိုင်ပါတယ်။ငရုပ်သီး
ထပ်ခြမ်းခြမ်းပါ။ ရှောက်ရွက်ကိုသေးသေးစိတ်ထားပါ။ အားလုံးပြင်ဆင်ပြီးပါကပန်းကန်တခုတွင် အသား၊ပဲသီး၊အနီရောင်ငရုပ်အနှစ်၊ရှောက်ရွက်၊ငရုပ်သီးခြမ်း၊ ငံပြာရည် ၊ခရုဆီ၊ အချိုမှုန့်သကြား အားလုံးထည့်ပါ။ဒယ်အိုးတခုကိုအပူပေးပြီးဆီထည့်ပါ ။ ဆီပူပါကပါဝင်ပစ္စည်းအားလုံးမီးပျင်းပျင်းဖြင့်ချကြော်ပါ။ အသားအရောင်ပြောင်းသည်ထိကြော်မိပါကကြက်ပြုတ်ရည်ထည့်ကာခဏမွေပေးပါ။ရေအနည်းငယ်ခမ်းလျှင်အရသာ
အပေါ့အငံမြည်းကာ တည်ခင်းသုံးဆောင်နိုင်ပါပြီ ။

Sofia Food Paradise   

No comments:

Post a Comment