မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, 20 January 2016

ဗန်းမော်မျှစ်ချဉ်ခေါက်ဆွဲ>>ငါးခေါက်ဆွဲ

















ဗန်းမော်မျှစ်ချဉ်ခေါက်ဆွဲ>>ငါးခေါက်ဆွဲ ♡


မျှစ်ချဉ်ခေါက်ဆွဲငါးခေါက်ဆွဲကိုဆိုဖီယာလည်းမစားဖူးလို့မေးလာတဲ့ညီမတွေကိုပြန်တင်မပေးနိုင်ခဲ့သလိုနီးစပ်ရာကိုမေးပေမဲ့အတိအကျလည်းမသိရတော့လုပ်မစားဖြစ်ခဲ့ပါဘူး။ပြီးခဲ့တဲ့အပတ်ကအစိမ်းရောင်လွင်ပြင်ကအစ်မတင်ထားတော့မှချက်နည်းလေးသေချာသိခဲ့ရပါတယ်။ကိုယ်တိုင်လည်းအရမ်းသိချင်စားဖူးချင်နေတော့ချက်စားကြည့်ပြီးပို့စ်တင်ဖို့ခွင့်တောင်းခဲ့ပါတယ်ပြန်လည်မျှဝေခွင့်ပေးတဲ့အတွက်ကျေးဇူးပါမချောရေ 
ဗန်းမော်ငါးခေါက်ဆွဲအတွက်အဓိကငါးနှင့်မျှစ်ချဉ်လိုအပ်ပါတယ်။တာပိန်မြစ်နဲ့ဧရာဝတီမြစ်ဘေးမှာတည်ရှိတဲ့ဗန်းမော်မြို့လေးကငါးပေါများတဲ့အတွက်ငါးနဲ့ချက်တဲ့ခေါက်ဆွဲလေးဟာအရသာထူးပြီးနာမည်ကြီးလူကြိုက်မျာတဲ့ဒေသစာလို့ဆိုပါတယ်။အလှမ်းဝေးလို့မရောက်နိုင်တဲ့ဒေသစာအရသာသစ်လေးကိုမိတ်ဆွေတွေလည်းမြည်းစမ်းခွင့်ရဖို့ချက်နည်းကိုတဆင့်ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ချက်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
********
ရေစိမ်/ဆန်စီးခေါက်ဆွဲ
ပဲရွက်
ငါးဆီချက်
မျှစ်ချဉ်သုပ်
အရောင်တင်ဆီချက်
ကြက်သွန်ဖြူဆီချက်
ငရုပ်သီးအလှော်မှုန့်
နံနံပင်/ကြက်သွန်မိတ်
ပြင်ဆင်ပြုလုပ်ပုံ
************
(၁)ဦးစွာပထမငါးဆီသပ်ပြုလုပ်ရန်ငါးကြင်းငါးမြင်းနှစ်သက်ရာငါးကိုသုံးနိုင်ပါတယ်။အခုတော့အသင့်ရှိနေတဲ့ငါးခူကိုသုံးထားပါတယ်။
(၂)ငါးခူကိုရေဆေးသန့်စင်ပြီးဂျင်းကြက်သွန်ဖြူစပါးလင်တချောင်းကိုထုထည့်ပြီးပြုတ်ပါ။နူးပါကအရိုးများထွင်ထားပါ။ငါးပြုတ်ရည်ကိုငရုပ်ကောင်းဆားခပ်ပြီးဟင်းချိုပြုလုပ်ထားပါ။
(၃)ကြက်သွန်ကိုပါးပါးစိတ်ပါ။ဂျင်းကြက်သွန်ဖြူနှင့်ကြက်သွန်နီကိုရောထောင်းသို့ကြိတ်ထားပါ။
(၄)ဒယ်အိုးတွင်ဆီထည့်ပြီးထောင်းထားသည်ကိုဆီသပ်ပါအရောင်တင်နနွင်းမှုန့်ထည့်ပါ။အရိုးထွင်ပြီးသားငါးကိုထည့်ပါ။ဟင်းခပ်မှုန့်ငံပြာရည်ထည့်ပြီးအရသာအပေါ့အငံမြည်းကာပန်းကန်တခုဖြင့်ထည့်ထားပါ။
(၅)မျှစ်ချဉ်ကိုဆားနှင့်နနွင်းထည့်ပြီးရေနှစ်ရေခမ်းလောက်ပြုတ်ထားပြီးဆားဟင်းခပ်မှုန့်နံနံပင်ငရုပ်သီးစိမ်းဖြင့်သုပ်ထားပါ။
(၆)ကြက်သွန်ဖြူဆီချက်အရောင်တင်ဆီချက်ချက်ထားပါ။
(၇)အားလုံးအသင့်ဖြစ်ပါကဆန်စီးသို့မဟုတ်ရေစိမ်ခေါက်ဆွဲကိုရေနွေးဖျောပြီးပန်းကန်တွင်ထည့်ပါပဲရွက်ကိုလည်းဖျောထည့်ပါ။ကြက်သွန်ဖြူဆီချက်အရောင်တင်ဆီချက်ငါးဆီသပ်မျှစ်သုပ်ကြက်သွန်မိတ်နံနံပင်ငရုပ်သီးမှုန့်တို့ကိုထည့်ပြီးအသုပ်ဖြစ်စေအရည်နဲ့ဖြစ်စေနှစ်သက်သလိုတည်ခင်းသုံးဆောင်နိုင်ပါပြီ။

Sofia Food Paradise


မုန့်သိုင်းခြုံ


















မုန့်သိုင်းခြုံ 

မနေ့ကမန္တလေးကငယ်သူငယ်ချင်းလေးကပွဲဈေးသွားမယ်ဘာစားချင်လည်းဆိုတော့စားချင်တဲ့ပွဲဈေးတန်းကမုန့်တွေတန်းစီရွတ်ပြလိုက်တယ်။ခဏနေတော့သူငယ်ချင်းပွဲဈေးကမုန့်တွေဓာတ်ပုံရိုက်ပို့လာပါရော။မြင်သာမြင်မကြင်ရပေါ့ ဒါနဲ့ဒီနေ့တော့လုပ်စားမယ်ဆိုပြီးလုပ်ဖြစ်သွားတဲ့မြန်မာမုန့်သိုင်းခြုံလေးပါ။
ဒီမုန့်လေးမှာဆိုဖီယာအတွက်အမှတ်တရတွေရှိခဲ့တယ်။မီးဖိုထဲစဝင်ခါစသုံးတန်းအရွယ်ထဲကမြန်မာမုန့်လုပ်နည်းစာအုပ်ဘေးချလို့မုန့်လုပ်တမ်းကစားလို့ကောင်းခဲ့တဲ့မုန့်လည်းဖြစ်ပါတယ်။စပြီးမုန့်တွေစမ်းလုပ်ခဲ့တဲ့အချိန်မှာဒီမုန့်ခေါက်တာလေးကိုသဘောကျနေခဲ့တာပေါ့။လွယ်လည်းလွယ်တော့ခဏခဏလုပ်စားဖြစ်ခဲ့တယ်။လုပ်ရင်းကစားလို့ကုန်တဲ့မုန့်လည်းဖြစ်ပါတယ်။မီးဖိုထဲဝင်မုန့်လုပ်တမ်းဆော့ချင်သူများအဖို့ဆိုဖီယာလုပ်ထားတဲ့မုန့်သိုင်းခြုံလုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။ 
ပါဝင်ပစ္စည်း(၁၀ခု)
*********
ဂျုံ - ၁၅၀ ဂရမ်
ကြက်ဥ - ၃လုံး
ရေ သို့ နွားနို့ - ၂၅၀ ml
ဆား - အနည်းငယ်
အုန်းသီးသကြား
ပြင်ဆင်ပြုလုပ်ပုံ
************
(၁)ပန်းကန်တခုတွင်ဂျုံမှုန့်ကြက်ဥဆားထည့်ပြီးမွေပေးပါရေသို့မဟုတ်နွားနို့ကိုဖြည်းဖြည်းဆီရောပြီးဂျုံအလုံးလေးများမကျန်အောင်မွေပေးပါ။ရေနဲ့ဘဲလုပ်လည်းရပါတယ်။ဆိုဖီယာတော့ပိုစိမ့်အောင်နွားနို့တဝက်ရောထည့်ထားပါတယ်။
(၂)မုန့်နှစ်မပျစ်မကျဲအနေအထားရပါကမုန့်လုပ်ရန်အသင့်ဖြစ်ပါပြီ။
အစာသွပ်ရန်အုန်းသီးနှင့်သကြားကိုရောပြီးအပူပေးပါ။သကြားရေပျော်ကာအနည်းငယ်ခြောက်ပါကအသုံးပြုနိုင်ပါပြီ။
(၃)အိုးမကပ်သောဒယ်ကိုအပူပေးပြီးဆီအနည်းငယ်လူးပေးပါ။
အိုးထဲသို့မုန့်နှစ်ရည်တဇွန်းကိုလောင်းထည့်ပါ။အိုးအနှံ့မုန့်နှစ်ရည်ပြန့်အောင်လှည့်ပေးပါ။အထူအပါးညီအောင်ပြုလုပ်ပေးပါ။ထူလျှင်ခေါက်ရခက်သည်။
(၄)အိုးထဲမှမုန့်နှစ်စခြောက်သည်နှင့်အလယ်တွင်အုန်းသီးထည့်ပေးပြီးပုံစံဖြင့်ခေါက်ပေးကာအရောင်ရရုံဂေါ်ပြားဖြင့်တဖက်လှန်ပေးပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
**အိမ်မှာလုပ်စားရင်အဆင်ပြေသလိုခေါက်နိုင်ပါတယ်။


Sofia Food Paradise