Tuesday, 19 January 2016
ပလာတာ>>ထပ်တရာ ♡ Paratha
ပလာတာ>>ထပ်တရာ ♡ Paratha
ပလာတာခေါ်ထပ်တရာကိုနေရာတိုင်းမှာအလွယ်တကူဝယ်ယူနိုင်ပြီးများသောအားဖြင့်မနက်ခင်းစာအဖြစ်သုံးဆောင်ကြပါတယ်။အလွယ်တကူဝယ်စားဖို့လွယ်ကူသော်လည်းဆီသန့်သန့်ဖြင့်မိမိအိမ်သားများအတွက်ကိုယ်တိုင်ဖန်တီးလို့တည်ခင်းလိုသောအိမ်ရှင်မများဝါသနာရှင်များအတွက်လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ဂျုံနယ်ရန်ပါဝင်ပစ္စည်း (၆ခုစာ)
***************
ဂျုံမှုန့် (All Purpose Flour ) - ၂၅၀ဂရမ်
ဆား - ဇွန်းတဝက် စားပွဲဇွန်း
သကြား - တစ်ဇွန်း
ထောပတ် /ဆီ -၃ဇွန်း
နွားနို့/ရေ - ၁၅၀ ml
ဆီ -ကြော်ရန်နှင့်လက်ကိုင်ရန်
တွဲဖက်စားရန်
**********
ပဲဟင်း
အသားဟင်း
သကြား
လ္ဘက်ရည်
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ဇလုံတခုတွင်ဂျုံဆားသကြားထောပတ်သို့မဟုတ်ဆီထည့်ပြီးသမအောင်မွေပေးပါ။နွားနို့သို့မဟုတ်ရေကိုဖြည်းဖြည်းဆီထည့် ပြီးမွေပါ။လုံးလာပါကလက်ဖြင့်ချောမွေ့လာသည်ထိနယ်ပေးပြီးဆီလူးကာဖုံးအုပ်ထားပြီးနှစ်နာရီခန့်နှပ်ထားပေးပါ။
(၂)ဂျုံသားနှပ်ပါက၆လုံးအညီအမျှလုံးထားပါ။
(၅)ဂျုံတလုံးကိုယူပြီးဆီလူးကာလက်ဖြင့်ပြန်အောင်ဖြန့်ပေးပြီးပါးအောင်ရိုက်တတ်လျှင်ရိုက်ပါ။မရိုက်တတ်လျှင်လက်ဖြင့်ဖိဆွဲပေးပါ။
(၃)လိုအပ်သောအပြန့်အနေအထားရပါဆီအနည်းငယ်လူးကာအလယ်မှဘေးတဖက်ကိုခွဲပြီးအနားစကိုကိုင်၍လိပ်ပြီးခွေပေးပါ။လိပ်ချိန်တွင်အတွင်းသို့လေဝင်အောင်ပြုလုပ်ပြီးလိပ်ပါ။
❀❀❀ ပလာတာလို့တချို့ဒေသအခေါ် မှာမလိပ်ဘဲပြန့်အောင်ဖြန့်ပြီးလေးထောင့်ခေါက်၍တန်းကြော်ပါတယ်။ကြက်ဥထည့်လျှင်ကြက်ဥပလာတာငှက်ပျောပလာတာကီးမားပလာတာစသဖြင့်ခေါ်ကြပါတယ်။
(၄)ထပ်တရာအားလုံးလိပ်ပြီးပါကဆယ်မိနစ်ခန့်ပြန်နှပ်ထားပေးပါ။သို့မဟုတ်ပါကလိုသလိုဖြန့်မရဘဲပြန်ကျုံသွားပါတယ်။
(၅)လိပ်ထားသောထပ်တရာအခွေလေးများနှပ်ပါကတလိပ်ဆီကိုယူပြီးလက်ဖြင့်ဖိပြီးပြန့်အောင်ဖြန့်ပေးပါ။
ဒယ်ပြားကိုအပူပေးပြီးဆီအနည်းငယ်ထည့်ကာဖြန့်ထားသောထပ်တရာကိုထည့်ကြော်ပါ။
(၆)အရောင်ရပါကတဖက်သို့လှန်ပေးပြီးမျက်နှာပြင်ကြွပ်လာပါဆယ်ယူအအေးခံကာထပ်တရာ၏ဘေးဘက်မှနေ၍အတွင်းဖက်သို့လက်ဖြင့်ရိုက်ပေးခြင်းဖြင့်မွနေသောထပ်တရာကိုရရှိမှာဖြစ်ပြီးနှစ်သက်ရာပဲဟင်းအသားဟင်းသကြားလ္ဘက်ရည်တို့ဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
**လိုအပ်သလိုဆွဲဖြန့်နိုင်ရန်ဂျုံသားနှပ်အိနေရန်အရေးကြီးပါတယ်။
Sofia Food Paradise
ယိုးဒယားကျောက်ပွင့်သုပ်
ယိုးဒယားကျောက်ပွင့်သုပ် ♡
ကျောက်ပွင့်ကိုပုံစံမျိုးစုံလုပ်စားကြတဲ့ထဲကယိုးဒယားပုံစံသုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။အစာပြေအဖြစ်စားနိုင် သလိုဟင်းတခွက်အနေနဲ့လည်းတည် ခင်းနိုင်ပါတယ်။
ပါဝင်ပစ္စည်း
******
ကျောက်ပွင့် - တစ်ပွင့်
ကြက်သွန်နီ - တစ်လုံး
ခရမ်းချဉ်သီး- တစ်လုံး
ကြက်သွန်မိတ် - နှစ်ပင်
တရုပ်နံနံ - နှစ်ပင်
ငရုပ်သီးစိမ်း - ၅တောင့်
ကြက်သွန်ဖြူ - တစ်မြောင်း ကြီးကြီး
ယိုးဒယားငံပြာရည် - 1Tbsp
သံပုရာရည် - 1Tbsp
အချိုမှုန့်သကြားအရော - 1tsp
(သို့)ဟင်းခပ်မှုန့်သကြား
နှစ်သက်ရာပင်လယ်စာလည်းထည့်နိုင်ပါတယ်။
ပြင်ဆင်ပြုလုပ်နည်း
**********
(၁)ဦးစွာကျောက်ပွင့်ကို ရေစိမ်ထားပါ။ (၂)ပါဝင်ပစ္စည်းများမှကြက်သွ န်နီပါးပါးလှီး၊ကြက်သွန်မိတ်၊တရုပ်နံနံကိုလက်တစ်ဆစ်ခန့် ဖြတ်ထားပါ။ငရုပ်သီးကြက်သွန်ဖြူနုတ်နုတ်စိပ်ထားပါ။ခရမ်းချဉ်သီးအမြောင်းလှီးဖြတ်ထားပြီးအားလုံးကိုပန်းကန်တခုတွင်ထည့်ထားပါ။
(၃)လက်ကိုင်အိုးတခုဖြင့်ရေ ဆူတည်ပါ။ရေဆူပါကကျောက်ပွင့် ကို၂မိနစ်ခန့်ထည့်ပြုတ်ပါ။ြ ပီးလျှင်အိုးကိုစောင်းပြီးေ ရများကိုသွန်လိုက်ပါ။ ပင်လယ်စာထည့်လိုပါကကျောက်ပွ င့်နှင့်အတူရောပြုတ်နိုင်ပါ တယ် (၄)ပြင်ဆင်လှီးဖြတ်ထားသည်တို့ကိုအိုးထည်းထည့်ပြီးငံပြာ ရည်အချိုမှုန့်သကြားသံပရာရည်တို့ကိုထည့်ပြီးသမအောင်မွေ ပါ။အရသာချိုချဉ်ငံစပ်ရပါကပန်းကန်တွင်ပူပူနွေးနွေးတည်ခင်းသုံးဆောင်နိုင်ပါပြီ။အရော င်အနည်းငယ်လိုချင်ပါက ချီလီဆော့ထည့်နိုင်ပါသည်။
❀❀
အသုပ်များသုပ်လျှင်သံပုရာရည်ကိုနောက်ဆုံးမှထည့်ရန်။
ကျောက်ပွင့်ကိုပုံစံမျိုးစံ
ပါဝင်ပစ္စည်း
******
ကျောက်ပွင့် - တစ်ပွင့်
ကြက်သွန်နီ - တစ်လုံး
ခရမ်းချဉ်သီး- တစ်လုံး
ကြက်သွန်မိတ် - နှစ်ပင်
တရုပ်နံနံ - နှစ်ပင်
ငရုပ်သီးစိမ်း - ၅တောင့်
ကြက်သွန်ဖြူ - တစ်မြောင်း ကြီးကြီး
ယိုးဒယားငံပြာရည် - 1Tbsp
သံပုရာရည် - 1Tbsp
အချိုမှုန့်သကြားအရော - 1tsp
(သို့)ဟင်းခပ်မှုန့်သကြား
နှစ်သက်ရာပင်လယ်စာလည်းထည့်န
ပြင်ဆင်ပြုလုပ်နည်း
**********
(၁)ဦးစွာကျောက်ပွင့်ကို ရေစိမ်ထားပါ။ (၂)ပါဝင်ပစ္စည်းများမှကြက်သွ
(၃)လက်ကိုင်အိုးတခုဖြင့်ရေ
❀❀
အသုပ်များသုပ်လျှင်သံပုရာရည
Sofia Food Paradise
Subscribe to:
Comments (Atom)

