မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday 19 January 2016

ပလာတာ>>ထပ်တရာ ♡ Paratha



















ပလာတာ>>ထပ်တရာ ♡ Paratha


ပလာတာခေါ်ထပ်တရာကိုနေရာတိုင်းမှာအလွယ်တကူဝယ်ယူနိုင်ပြီးများသောအားဖြင့်မနက်ခင်းစာအဖြစ်သုံးဆောင်ကြပါတယ်။အလွယ်တကူဝယ်စားဖို့လွယ်ကူသော်လည်းဆီသန့်သန့်ဖြင့်မိမိအိမ်သားများအတွက်ကိုယ်တိုင်ဖန်တီးလို့တည်ခင်းလိုသောအိမ်ရှင်မများဝါသနာရှင်များအတွက်လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ဂျုံနယ်ရန်ပါဝင်ပစ္စည်း (၆ခုစာ)
***************
ဂျုံမှုန့် (All Purpose Flour ) - ၂၅၀ဂရမ်
ဆား - ဇွန်းတဝက် စားပွဲဇွန်း
သကြား - တစ်ဇွန်း
ထောပတ် /ဆီ -၃ဇွန်း
နွားနို့/ရေ - ၁၅၀ ml
ဆီ -ကြော်ရန်နှင့်လက်ကိုင်ရန်
တွဲဖက်စားရန်
**********
ပဲဟင်း
အသားဟင်း
သကြား
လ္ဘက်ရည်
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ဇလုံတခုတွင်ဂျုံဆားသကြားထောပတ်သို့မဟုတ်ဆီထည့်ပြီးသမအောင်မွေပေးပါ။နွားနို့သို့မဟုတ်ရေကိုဖြည်းဖြည်းဆီထည့် ပြီးမွေပါ။လုံးလာပါကလက်ဖြင့်ချောမွေ့လာသည်ထိနယ်ပေးပြီးဆီလူးကာဖုံးအုပ်ထားပြီးနှစ်နာရီခန့်နှပ်ထားပေးပါ။
(၂)ဂျုံသားနှပ်ပါက၆လုံးအညီအမျှလုံးထားပါ။
(၅)ဂျုံတလုံးကိုယူပြီးဆီလူးကာလက်ဖြင့်ပြန်အောင်ဖြန့်ပေးပြီးပါးအောင်ရိုက်တတ်လျှင်ရိုက်ပါ။မရိုက်တတ်လျှင်လက်ဖြင့်ဖိဆွဲပေးပါ။
(၃)လိုအပ်သောအပြန့်အနေအထားရပါဆီအနည်းငယ်လူးကာအလယ်မှဘေးတဖက်ကိုခွဲပြီးအနားစကိုကိုင်၍လိပ်ပြီးခွေပေးပါ။လိပ်ချိန်တွင်အတွင်းသို့လေဝင်အောင်ပြုလုပ်ပြီးလိပ်ပါ။
❀❀❀ ပလာတာလို့တချို့ဒေသအခေါ် မှာမလိပ်ဘဲပြန့်အောင်ဖြန့်ပြီးလေးထောင့်ခေါက်၍တန်းကြော်ပါတယ်။ကြက်ဥထည့်လျှင်ကြက်ဥပလာတာငှက်ပျောပလာတာကီးမားပလာတာစသဖြင့်ခေါ်ကြပါတယ်။
(၄)ထပ်တရာအားလုံးလိပ်ပြီးပါကဆယ်မိနစ်ခန့်ပြန်နှပ်ထားပေးပါ။သို့မဟုတ်ပါကလိုသလိုဖြန့်မရဘဲပြန်ကျုံသွားပါတယ်။
(၅)လိပ်ထားသောထပ်တရာအခွေလေးများနှပ်ပါကတလိပ်ဆီကိုယူပြီးလက်ဖြင့်ဖိပြီးပြန့်အောင်ဖြန့်ပေးပါ။
ဒယ်ပြားကိုအပူပေးပြီးဆီအနည်းငယ်ထည့်ကာဖြန့်ထားသောထပ်တရာကိုထည့်ကြော်ပါ။
(၆)အရောင်ရပါကတဖက်သို့လှန်ပေးပြီးမျက်နှာပြင်ကြွပ်လာပါဆယ်ယူအအေးခံကာထပ်တရာ၏ဘေးဘက်မှနေ၍အတွင်းဖက်သို့လက်ဖြင့်ရိုက်ပေးခြင်းဖြင့်မွနေသောထပ်တရာကိုရရှိမှာဖြစ်ပြီးနှစ်သက်ရာပဲဟင်းအသားဟင်းသကြားလ္ဘက်ရည်တို့ဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
**လိုအပ်သလိုဆွဲဖြန့်နိုင်ရန်ဂျုံသားနှပ်အိနေရန်အရေးကြီးပါတယ်။


Sofia Food Paradise  

No comments:

Post a Comment