မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, 19 January 2016

မ၇မ်းသီးထမင်းထောင်း @ သက်သက်လွတ်ငါးချဉ်


















မ၇မ်းသီးထမင်းထောင်း @ သက်သက်လွတ်ငါးချဉ် ♡


ရှမ်းပြည်ကအစားအစာတခုဖြစ်တဲ့သက်လွတ်ငါးချဉ်ကြော်၊မရမ်းသီးထမင်းထောင်းလို့ခေါ်ပါတယ်။မရမ်းသီးအစားသ၇က်သီးလည်းသုံးလို့၇ပါတယ်။ထမင်းနဲ့တွဲစားလို့၇သလိုအစာပြေသားရေစာအဖြစ်လည်းလုပ်စားလေ့ရှိပါတယ်။လုပ်စားကြည့်၇အောင်နော် ။******
ထမင်းဖြူ - တစ်ပန်းကန်
မ၇မ်းသီး သို့ သ၇က်သီးစိမ်း - လက်တစ်ဆုပ်
ကြက်သွန်နီ -နှစ်လုံး
ကြက်သွန်ဖြူ - ၅ မြောင်း
ခရမ်းချဉ်သီး - တစ်လုံး
င၇ုပ်သီးစိမ်း - ၅တောင့်
နံနံပင် - အနည်းငယ်
ဆီ - အနည်းငယ်
အေ၇ာင်တင်မှုန့် - တစ်ဇွန်း 
နနွင်းမှုန့် - အနည်းငယ်
ဆား - လိုသလောက်
ဟင်းခပ်မှုန့် - အနည်းငယ်
နနွင်းအေ၇ာင်တင်မထည့်ဘဲအဖြူထည်လည်းကြော်စားနိုင်ပါတယ်။
ပြင်ဆင်ချက်ပြုတ်နည်း
************
(၁)ဦးစွာထမင်းနှင့်မ၇မ်းသီး သို့ သရက်သီးကိုထောင်းထားကြိတ်ထားပါ။
(၂)ကြက်သွန်နီပါးပါးစိတ်ထားပါ။ကြက်သွန်ဖြူသေးသေးစိတ်၊ခရမ်းချဉ်သီးသေးသေးစိတ်ထားပါ။င၇ုပ်သီးထက်ခြမ်းခြမ်းထားပါ။
(၃)အားလုံးအဆင်သင့်ဖြစ်ပါကအိုးထည်းတွင်ဆီထည့်ပြီးကြက်သွန်ကိုဆီသပ်ပါ။ကြက်သွန်ဖြူထည့်ပါ။နနွင်းအေ၇ာင်တင်ထည့်ပါ။
(၄)ကြက်သွန်နွမ်းပါကခ၇မ်းချဉ်သီးထည့်ပါ။ဆားဟင်းခပ်မှုန့်ထည့်ပါ။ထောင်းထားသောထမင်းကိုထည့်ပြီးသမအောင်မီးအေးအေးဖြင့် ကြော်ပါ။အိုးမကပ်စေ၇န်အဆက်မပျက်မွေပေးပါ။
(၅)အားလုံးသမပြီးဆီပြန်လုံးလာပါကအ၇သာအပေါ့အငံမြည်းပြီးင၇ုပ်သီးစိမ်းနှင့်နံနံပင်ထည့်ကာပန်းကန်တွင်တည်ခင်းသုံးဆောင်နိုင်ပါပြီ။

ပါဝင်ပစ္စည်း

Sofia Food Paradise 


ချာပါတီ ♡ Chapati




ချာပါတီ ♡ Chapati


ချပါတီလုပ်နည်းအမျိုမျိုးရှိပါတယ်။အခြေခံအားဖြင့်တော့တူညီကြပြီးပါဝင်ပစ္စည်းအနည်းငယ်ကွဲပြားကြပါတယ်။ဂျုံကြမ်းကိုသာအသုံးပြုပြီးပြုလုပ်ရပါတယ်။
ချပါတီDough
*********
Wheat Flour - ၃၅၀ဂရမ် (ဂျုံကြမ်း)
ကြက်ဥ - တစ်လုံး
ဆား - လ္ဘက်ဇွန်း တစ်ဝက်
သကြား - နှစ်ဇွန်း စားပွဲတင်ဇွန်း
ရေ - ၁၇၅ ml
ဆီ - ၂၀ ဂရမ်
ပြုလုပ်နည်း
*******
(၁)ဇလုံတခုတွင်ဂျုံမှုန့်နှင့်ပါဝင်ပစ္စည်းများကိုထည့်ပြီးဆယ်မိနစ်ခန့်နှယ် ပြီး နှပ်ထားပါ။
(၂)ဂျုံနှပ်လျှင်မိမိနှစ်သက်ရာဆိုဒ်အလုံးလေးများလုံးပါ(ခုလုပ်ထားတဲ့ ဆိုဒ်ရှစ်ခုရပါတယ်)
(၃)ပြီးလျှင်လုံးထားသောဂျုံကိုလိမ့်တုံးဖြင့်ဖြန့်ပြီးအလယ်တွင်ဆီသုတ်ကာလေးထောင့်လေးခေါက်ပြီးဘမ်းတခုတွင်ထည့်၍ဖုံးအုပ်ထားပါ။
(၄)ဂျုံလုံးအားလုံးခေါက်ပြီးပါကပထမဆုံးအလုံးမှစကာဂျုံမှုန့်ဖြူးပြီးသာသာ ဖြန့်ပါ ။
(၅)အိုးတခုတွင်ဆီ (သို့ ) ထောပတ်သုတ်ပြီး ကြော်ပါ မီးပျင်းရပါမယ်။အရောင်ရလျှင်တဖက်ကိုလှန်ပြီးဆက်ကြော်ပါ။အပေါ်မျက်နှာပြင်ကိုထောပတ်သို့ ဆီသုတ်ပေးပါ။
(၆)နှစ်ဘက်လုံးအရောင်ရလျှင်ချ ပြီးမသုံးဆောင်မှီအိုးတခုတွင် ထည့်ပြီးလေလုံအောင်အုပ်ထားပါ။(လေသလပ်ကမာခြောက်ခြောက် ဖြစ်တတ်ပါတယ်)
(၇)ကြက်သားဟင်း၊အာလူးဟင်း၊ပဲဟင်း၊စွတ်ပြုတ်နှစ်သက်၇ာဖြင့် (ကြက်သွန်၊ခရမ်းချဉ်သီးပူစီနံ)အချဉ်သုပ်ပြီးတွဲဖက်သုံးဆောင်နိုင်ပါပြီ။

Sofia Food Paradise