မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday 5 May 2017

ဂေါ်ဖီစိုက်ပျိုးနည်း







ဂေါ်ဖီစိုက်ပျိုးနည်း
============
စိုက်ပျိုးနည်း
ပျိုးသေတ္တာကလေးများပြုလုပ်၍ လည်းကောင်း၊ သို့မဟုတ် ပျိုးပေါင်းပြုလုပ်၍ လည်းကောင်း၊ ပျိုးထောင်၍ ပျိုးပင်ကလေးများ အရွက်လေးရွက်မှ ခြောက်ရွက် ထွက်လာသည့်အရွယ်တွင် ပြောင်းရွေ့စိုက်ပျိုးရသည်။ ပြောင်းရွေ့စိုက်ပျိုး ရာတွင် တစ်ပင်နှင့်တစ်ပင် တစ်ပေခွာ၍ စိုက်ရမည်။
ဂေါ်ဖီမထုပ်ခြင်း
-----------
တစ်ခါတစ်ရံ ဂေါ်ဖီထုပ်များ အထုပ်ဘဲနေတတ်သည်။ ထိုသို့ ဖြစ်ရသည်မှာ မျိုးကြောင့်လည်း ဖြစ်နိုင်သည်။ ရာသီဥတုကြောင့်လည်း ဖြစ်နိုင်သည်။ ဂေါ်ဖီ ထုပ်သည် သက်တမ်းရက်ပေါင်း ၉၀ မှ ၁၃၀၊ တချို့ရက်ပေါင်း ၁၆၀ ထိရှိသည် ။ တစ်ခါတစ်ရံ ထိုသို့ ရက်ပေါင်း ၁၆၀ မျှရှိသော အအေးပိုင်းတွင် စိုက်သည်။ သက်ကြီးမျိုး များကို စိုက်မိလျှင် ထိုသို့မထုပ်ဘဲ နေတတ်သည်။ စိုက်ချိန်နောက် ကျသွားလျှင်လည်း ဆောင်းရာသီအအေး ကုန်၍ ပူလာသောအချိန်သို့ ရောက် သွားပြီး ဂေါ်ဖီမထုပ်တော့ပေ။ ဂေါ်ဖီသည် ရှမ်းကုန်းမြင့်ဒေသများတွင် တစ်နှစ်လုံး စိုက်ပျိုးဖြစ်ထွန်းသော်လည်း ပြည်မတွင် ဆောင်းရာသီတွင်သာ စိုက်ပျိုးဖြစ်ထွန်းသည်။
ဂေါ်ဖီထုပ်ကောင်းအောင်ပြုပြင်ပုံ
-----------------------
စောစောပျိုးထောင်ပါ။ တော်သလင်းလလောက်တွင် စတင်ပျိုးထောင်ပါ။ ပျိုးပင်ကလေးများ လေးရွက်မှ ခြောက်ရွက်ထွက်လာသောအခါ ပြောင်းရွေ့ စိုက်ပျိုးနိုင်သည်။ ပြောင်းရွေ့စိုက်ပျိုးရာတွင် နှစ်ခါ သုံးခါ ပြောင်းရွေ့ စိုက်ပျိုးနိုင်ပါကပိုကောင်းသည်။စိုက်ပေါင်များတွင်နွားချေး၊မြေဆွေးကောင်းကောင်းထည့်ပေးပါ။ နှမ်းပတ်ပုပ်ရည်များလောင်းပေးပါ။ ဓာတ်ဆား ဓာတ်မြေသြဇာကျွေးပါ။
ဓာတ်ဆာကျွေးပုံ
-------------
၁၄ပေရှိစိုက်ပေါင်တစ်ခုအတွက်ဓာတ်ဆားလေးကျပ်သားခန့်ကိုမြေဆွေးလေးပြည်နှင့်ရော၍ ဖြည့်ပေးပါ။ နောက်မြေနှင့် သမပြီးမှ ပြောင်းရွေ့စိုက်ပါ။ အပင်များ အထနှေးလျှင် ဓာတ်ဆားကို ရေဖျော်လောင်းပါ။ ဓာတ်ဆား သုံးကျပ် သား (ရေလေးဂါလန်ဝင် ရေနံဆီပုံးကြီးရှစ်လုံး) နှင့်ဖျော်ပါ။ ၁၅ ရက် တစ်ကြိမ်လောင်းပေးပါ။




No comments:

Post a Comment