မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday 5 May 2017

သရက်သီးအိတ်စွပ်ခြင်း၏ အားသာချက်နှင့် အားနည်းချက်များ





























သရက်သီးအိတ်စွပ်ခြင်း၏ အားသာချက်နှင့် အားနည်းချက်များ
==========================================
အိတ်စွပ်ခြင်း၏ အားသားချက်
----------------------
- အစေ့ထိုးပိုး၊ အသားထိုးပိုး၊ သီးထိုးယင်ကျရောက်မှုကို ကာကွယ်နိုင် သည်။
- အနာအတာ အပွန်းအပဲ့ကင်းသည်။
- အရောင်အသွေးတောက်ပပြီး အသီး၏ အရေခွံပြောင်ချောနေ၍ ရောင်ပန်းလှစေပြီး ဈေးပိုရစေသည်။
- ပိုးသတ်ဆေး၊ မှိုသတ်ဆေးများလျော့သုံးရ၍ စရိတ်သက်သာသည်။
- ပိုးသတ်ဆေးဓာတ်ကြွင်း အာနိသင်နည်းသဖြင့် စားသုံးသူအတွက် အန္တရာယ်ကင်းသည်။
- လေပြင်းဒဏ်၊ မိုးဒဏ်ပိုခံနိုင်ပြီး နေလောင်သက်သာသည်။
- အသီးအလေအလွင့် ဆုံးရှုံးမှုသက်သာသဖြင့် ၀င်ငွေပိုရသည်။
အိတ်စွပ်ခြင်း အားနည်းချက်
--------------------
- အိတ်ဖိုးငွေ အကုန်အကျပိုများလာသည်။
- လူအင်အားသုံးစွဲ၍ အိတ်စွပ်ရသဖြင့် လူအင်အား လိုအပ်ချက်ရှိသည်။ စရိတ်ပိုကုန်သည်။
- ပန်းပွင့်ရက် မမှတ်သားသူတို့အတွက် အသီးခူးရက် အလွယ်တကူ မသိနိုင်ပါ။
- အိတ်အတွင်း ပိုးမွှားရောဂါကျရောက်မှုကို ရုတ်တရတ် မမြင်နိုင်ပါ။



No comments:

Post a Comment