မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday 5 May 2017

မြေဆီလွှာ ချဉ်ရခြင်း အကြောင်းရင်းများနှင့် ပြု ပြင်ခြင်း



























မြေဆီလွှာ ချဉ်ရခြင်း အကြောင်းရင်းများနှင့် ပြု ပြင်ခြင်း
=======================================
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်မှ လယ်သမားကြီးတစ်ဦးက သူ့ရဲ့
လယ်မြေတွေဟာ မြေချဉ်နေ တယ်လို့ ထင်ပါတယ်။ စပါးလည်း အထွက်ကျ
သလို စပါးအပြီး မတ်ပဲလည်း စိုက်လို့မရဖြစ်ပါတယ်။
ဒီလိုဖြစ်တာ နှစ်နှစ်လောက်ရှိနေပြီလို့ ထင်ပါတယ်။ အဲဒါ မြေချဉ်လို့ဖြစ်တာ ဟုတ်၊ မဟုတ်နဲ့ မြေချဉ်နေတာ ဖြစ်ခဲ့ ရင် ဘယ်လိုပြုပြင်ရမလဲဆိုတာ အကြံပြုပေးပါလို့ ဖုန်းနဲ့တောင်းဆိုလာပါတယ်။
မြန်မာပြည်အောက်ပိုင်းဒေသတွေမှာရှိတဲ့ လယ်မြေတွေဟာ မြေချဉ်တတ်တာ
ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဒီလိုမြေကို ချဉ်စေတဲ့အကြောင်းရင်းတွေကတော့ အများကြီးရှိပါတယ်။ နိုက်ထရိုဂျင်မြေဩဇာကို အလွန် အကျွံသုံးမိလို့၊ အပင်အမြစ်တွေက စိမ့်ထွက်တဲ့ ဟိုက်ဒရိုဂျင်အိုင်းယွန်းများကြောင့်
မြေချဉ်တာလည်း ဖြစ်တတ်တယ်။
မြေဆီလွှာအတွင်းမှာရှိတဲ့ အလူမီနီယမ်များ ရေမှာပျော်ဝင်ပြီး ထွက်လာတဲ့ ဟိုက်ဒရိုအိုင်းယွန်းတွေကြောင့် လည်း မြေချဉ်နိုင်တယ်။ မှိုသတ်ဆေးများကဲ့သို့ အချို့သော စိုက်ပျိုးရေးသုံးဆေးများအတွင်း ပါဝင်တဲ့ ဆာလ်ဖာ ဓာတ်ဟာလည်း
မြေကိုချဉ်စေနိုင်တယ်။ လေထုထဲမှာရောက်ရှိနေတဲ့ အက်ဆစ်ဖြစ်စေသော
ဓာတ်ငွေ့များဟာ မိုးရေမှာပျော်၊ မြေပြင်သို့ မိုးရေနဲ့အတူ အက်ဆစ်အဖြစ် ပါဝင်လာတဲ့အတွက် မြေဆီလွှာအတွင်း၌ ထုံးနှင့် အယ်လ်ကာလီပစ္စည်းများ စိမ့်ယိုပျောက်ဆုံးတဲ့အတွက် မြေချဉ်စေတာလည်း ဖြစ်တယ်။
မြေချဉ်နေရင် သီးနှံပင်အာဟာရဓာတ်များ မျှမျှတတမစားသုံးနိုင်တဲ့အတွက် အပင်ကြီးထွားဖြစ်ထွန်းဖို့ ယုတ်လျော့စေပါတယ်။ မြေချဉ်တဲ့အတွက် အချို့ဓာတ်
များဟာ သီးနှံပင်ကို အဆိပ်သင့်စေပါတယ်။
အလျူမီနီယမ်အဆိပ်သင့်ခြင်း၊ မဂ္ဂနီးစ်အဆိပ်သင့်ခြင်း၊ကယ်လ်ဆီယမ်ချို့တဲ့ခြင်း၊ မဂ္ဂနီစီယမ်ချို့တဲ့ခြင်း၊ မော်လစ်ဒီနမ်ချို့တဲ့ခြင်းများဖြစ်ပေါ်စေပါတယ်။ ဒီလိုမြေချဉ်
နေတာကို ပြုပြင်ဖို့ကတော့ ထုံးကိုအသုံးပြုခြင်းဟာ လွယ်ကူရိုးရှင်းတဲ့နည်းလမ်း
တစ်ခုပါဘဲ။ အသုံးပြုနိုင်တဲ့ ထုံးအမျိုးမျိုးကတော့ ထုံးကျောက်၊မဖောက်ထုံး၊
ဖောက်ထုံး၊ ဒို့လိုမိုက်တို့ဘဲ ဖြစ်ပါတယ်။
ထုံးထည့်တဲ့နေရာမှာ သီးနှံကိုမထိခိုက်စေ ဖို့အတွက် ထုံးနဲ့မြေသား အသားကျ
သွားအောင် သီးနှံမစိုက်ပျိုးမီ ၁-၆ လကြိုတင်ထည့်ထားပေးတာ စိတ်အချရဆုံး
ဖြစ်ပါတယ်။
မြေချဉ်နေလို့ ထုံးကို မြေဆီလွှာမှာ ထည့်ပေးရင် မြေတွင်းရှိအာဟာရဓာတ်များ အပင်က စားသုံးနိုင်တဲ့အနေ အထား ရောက်အောင် ဖန်တီးပေးတယ်။
ထုံးဟာ မြေဆီလွှာအတွင်း ထိန်းချုပ်ခံနေရတဲ့ ဖော့စ်ဖိတ်ဓာတ်ကို အပင်က
စားသုံးလို့ရတဲ့အခြေအနေရောက်အောင် ဆွဲထုတ်ပေးတယ်။ မြေဆီလွှာ
အတွင်း မရှိမဖြစ်တဲ့ထုံးဓာတ် (ကယ်လ်ဆီယမ်) ကို ထောက်ပံ့ပေးတယ်။
မြေဆီလွှာအတွင်း ထုံးဓာတ်ရှိနေခြင်းဟာ အပင်များက ပိုတက်စီယမ်ဓာတ်ကို
ကောင်းစွာစုပ်ယူနိုင်အောင် ကူညီပေးတယ်။
ထုံးဓာတ်သည် မြေဆီလွှာအတွင်းရှိ အော်ဂဲနစ်ပစ္စည်းများကို လျင်မြန်စွာ
ဆွေးမြည့်စေပြီး အပင်များက မြန်မြန်စားသုံးရအောင် ဖန်တီးပေးတယ်။ ဒိုလိုမိုက်ကဲ့သို့ ထုံးကို အသုံးပြုပါက အပင်များအတွက် လိုအပ်တဲ့ မဂ္ဂနီဆီယမ် ကိုပါ ဖြည့်ဆည်းပေးတယ်။ ထုံးထာည့်ပေးခြင်းဖြင့် မြေဆီလွှာအတွင်းရှိ အကျိုးပြု ဘက်တီးရီးယားများ နိုးကြားလာပြီး မြေဆီလွှာမြေရှင်ဖြစ်အောင်
ဆောင်ရွက်ပေးတယ်။
မြေဆီလွှာအတွင်း ထုံးဓာတ်ရှိနေပါက မြေဆီလွှာအတွင်းရှိအလျူမီနီယမ်၊ မဂ္ဂနီဆီယမ်အိုင်းယွန်းများသည် ရေတွင်မပျော်ဝင်နိုင် သဖြင့် အဆိပ်သင့်မှု
မဖြစ်စေပါ။ ထုံးထည့်ခြင်းဖြင့် မြေဆီလွှာရူပဂုဏ်သတ္တိ တိုးတက်လာတယ်။ ဓာတ်သတ္တုအဆိပ်သင့်မှုများ လျော့နည်းစေပါတယ်။ နိုက်ထရိုဂျင်ဓာတ်ဆုံးပါးမှုကို လျော့နည်းစေပါကြောင်း အကြံပြု ရေးသားအပ်ပါတယ်။

အောင်ဆန်း (စိုက်ပျိုးရေး) 



No comments:

Post a Comment