မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday 30 January 2016

ဆယ်မိုင် ♡ Semiya Payasam




















ဆယ်မိုင် ♡ Semiya Payasam 


ဆယ်မိုင်လို့လူသိများတဲ့အချိုပွဲလေးကိုအိန္ဒိယ၊ပါကစ္စတန်၊နီပေါ၊ဘင်္ဂလားဒေ့ခ်ျ၊သီရိလင်္ကာတွေမှာတော့မွေးနေ့ပွဲ၊မင်္ဂလာပွဲတွေမှာရိုးရာအချိုပွဲအဖြစ်တည်ခင်းလေ့ရှိတဲ့အချိုပွဲလေးဖြစ်ပါတယ်။မအီမစိမ့်ဘဲအမွေးနံ့လျော့ပြီးလုပ်ထားတဲ့ဆိုဖီယာရဲ့ချက်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
******
ဆယ်မိုင်ခြောက် - ၁၇၅ ဂရမ် (လှော်ပြီးသား အမျှင်သေး)
နွားနို့ - တစ်လီတာ
ရေ - တစ်လီတာ
နို့ဆီ - တစ်ဘူး
ထောပတ် - ၂ဇွန်း စားပွဲတင်ဇွန်း
သာကူစေ့ - ၁၀၀ ဂရမ်
သီဟိုစေ့ သို့ Almond - ၁၀၀ဂရမ်
ဖာလာစေ့ - နှစ်စေ့
အုန်းသီး၊ စပျစ်ခြောက်၊သစ်သီးခြောက် - အပေါ်မှတင်ရန်
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)ဦးစွာအိုးသေးသေးတခုေ၇တည်ပြီးဆူပွက်ပါကသာကူစေ့ထည့်ကာ၅မိနစ်ခန့်ပြုတ်ပါ။သာကူအဆံပျောက်ခါနီးတွင်မီးပိတ်ပြီးအဖုံးအုပ်ထားပါ။
(၂)ဆယ်မိုင်ကျိုမည့်အိုးတွင်နွားနို့၊ေ၇၊နို့ဆီ၊ဖာလာစေ့၊သိဟိုဠ်စေ့၊သို့မဟုတ်Almondစေ့သေးသေးစိတ်၊ထောပတ်တို့ကိုထည့်ပြီးကျိုပေးပါ။
(၃)ဆယ်မိုင်ခြောက်လှော်ပြီးသားမဟုတ်ပါကထောပတ်အနည်းငယ်ဖြင့်လှော်ပေးပါ။
(၃)ပြုတ်ထားသောသာကူစေ့ကိုေ၇ဆေးပြီးရေစစ်ထားပါ။
(၄)တည်ထားသောနွားနို့အိုးဆူပွက်ပါကဆယ်မိုင်ခြောက်ကိုအနည်းငယ်ချိုးပြီးထည့်ပါ။ရေစစ်ထားသောသာကူစေ့ထည့်ပါ။
(၅)ပြန်လည်ဆူပွက်ပါကမီးပိတ်အဖုံးအုပ်ကာဆယ်မိနစ်ခန့် ဆယ်မိုင်ခြောက်များနှပ်သွားသည်ထိထားပြီးပန်းကန်တွင်တည်ခင်းကာအုန်းသီး၊စပျစ်ခြောက်၊သစ်သီးခြောက်တို့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။
****
ဆယ်မိုင်အမျှင်ကြီးဖြစ်ပါကအချိန်အနည်းငယ်ကြာဆူပွက်အောင်တည်ထားနိုင်ပြီးအမျှင်သေးဖြစ်ပါကဆူပွက်သည်နှင့်မီးပိတ်အဖုံးပိတ်ထားပါ။


Sofia Food Paradise 

No comments:

Post a Comment