မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday 25 January 2016

ပိန်းဥမုန့်>> အော်ကွေး Chinese Dim Sum Taro Cake Steamed Yam Cake (Wu Tao Gou ;Orh Kueh)





















ပိန်းဥမုန့်>> အော်ကွေး
Chinese Dim Sum Taro Cake 
Steamed Yam Cake
(Wu Tao Gou ;Orh Kueh)

စင်္ကာပူမလေးရှားမှာတော့Chinese Dim Sumအနေနဲ့ပေးသလိုမနက်ခင်းစာBreakfastအတွက်လည်းကြော်ပြီးတည်ခင်းလေ့ရှိတဲ့ပိန်းဥနဲ့လုပ်ထားတဲ့မုန့်လေးဖြစ်ပါတယ်။

ပါဝင်ပစ္စည်း
********
• ပိန်းဥ - ၁ လုံး (၁ကီလို)
• ဆန်မှုန့် - ၆၅ ဂရမ်
• ပြောင်းဖူးမှုန့် - ၄၀ ဂရမ်
• Wheat Starch - ၆၅ ဂရမ်
• ရေ - ၈၅၀ ml
• ပုဇွန်ခြောက် - ၅၀ ဂရမ်
• ရှီတာခီမှိုခြောက် - ၃၀ ဂရမ်
• ဆား - စားပွဲဇွန်း ၁ ဇွန်း
• သကြား - စားပွဲဇွန်း ၂ ဇွန်း
• ငရုတ်ကောင်း - အနည်းငယ် 
• five spice - စားပွဲဇွန်း ၁ဇွန်း
• ကြက်သွန်နီ - နှစ်လုံး
• ဆီ - ၁၀၀ ဂရမ် 
• ကြက်သွန်မိတ်
• နှမ်း
• တွဲဖက်စားရန်ဆော့စ်
ပြင်ဆင်ပြုလုပ်နည်း 
**************
(၁)ပိန်းဥကိုအခွံသင်ပြီးခပ်သေးသေးအတုံးစိတ်ထားပါ။ပုဇွန်ခြောက်မှိုခြောက်ရေစိမ်ထားပါပြီးသေးသေးစိတ်ထားပါ။
ကြက်သွန်ပါးပါးစိတ်ထားပါ။
(၂) ဇလုံတစ်ခုတွင် ဆန်မှုန့်ပြောင်းမှုန့်နှင့် Wheat Starch တို့ကိုထည့်ပြီး ရေ၃၅၀ml ထည့်ဖျော်ထားပါ။
(၃)အားလုံးအဆင်သင့်ဖြစ်ပါကအိုးတခုကိုဆီထည့်ပြီးအပူပေးကာကြက်သွန်ကိုရွှေဝါရောင်ရသည်ထိကြော်ပြီးဆယ်ယူဆီစစ်ထားပါ။
(၄)လက်ကျန်ဆီဖြင့်ပုဇွန်ခြောက်ကြော်ပါ။မွေးလာပါကသေးသေးစိတ်ထားသောမှိုခြောက်ကိုထည့်ကြော်ပါ။
(၅)ပြီးလျှင်စိတ်ထားသောပိန်းဥကိုထည့်ကြော်ပါ။ဆားသကြားငရုပ်ကောင်းfiveSpiceနှင့်ကြော်ထားသောကြက်သွန်ကြော်တဝက်တို့ကိုထည့်ပြီးသမအောင်မွေပြီးကြော်ကာဇလုံတခုဖြင့်ဖယ်ထုတ်ထားပါ။
(၆)ပိန်းဥကြော်ထားသောအိုးထဲသို့ပင်ရေ၅၀၀mlထည့်ပြီးတည်ပါ။
(၇)ရေပွက်ပါကအသင့်ဖျော်ထားသောဆန်မှုန့်အရောကိုဖြေးဖြေးဆီထည့်ပြီးအဆက်မပျက်မွေပေးပါ။
(၈)ပျစ်လာပါကဖယ်ထုတ်ထားသောပိန်းဥကြော်ထားသည်တို့ကိုထည့်ပြီးသမအောင်မွေကာအရသာအပေါ့အငံမြည်းပါ။
(၇)မုန့်ဗန်းကိုဆီသုတ်ပြီးမုန့်နှစ်ကိုထည့်ကာမျက်နှာပြင်ညီအောင်လုပ်ပြီးရေနွေးပေါင်းအိုးဖြင့်တစ်နာရီခန့်ပေါင်းပါ။
(၈)ပြီးလျှင်အချွန်တစ်ခုဖြင့်မုန့်သားအလယ်ကိုထိုးကြည့်ပါ။မုန့်နှစ်များမကပ်တော့လျှင်မုန့်သားကျက်ပြီဖြစ်သဖြင့်ထုတ်ယူအအေးခံထားပြီးရရှိလာသောYamCakeကိုလိုသလိုလှီးဖြတ်ပြီးကြက်သွန်မိတ်နှမ်းကြက်သွန်ကြော်ဖြူးပြီးတည်ခင်းနိုင်သလိုအိုးကင်းကပ်အရောင်ရသည်ထိကြော်ပြီးနှစ်သက်ရာဆော့စ်ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါတယ်။

Sofia Food Paradise & တရုပ်အစားအစာများ  

No comments:

Post a Comment