မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday 23 January 2016

ဘဲပဲငံပြာရည်ပေါင်း

























ဘဲပဲငံပြာရည်ပေါင်းနည်း
==================
ပါဝင်ပစ္စည်းများ
~~~~~~~~~
ဘဲ ၆၅ကျပ်သားခန့်တစ်ကောင်
ပဲငံပြာရည်.. ထမင်းစားဇွန်း ၈ဇွန်း
သကြား.........။ ........။.....၂ဇွန်း
ခရုဆီ..............။.........။....၂ဇွန်း
ကြက်သွန်ဖြူ......တစ်ဥ
ဂျင်း.....လက်မခန့်တစ်တုံး
နာနတ်ပွင့်.. ..၂ပွင့်
ဟင်းခတ်မှူန့်.. ..၁ဇွန်း
ပဲနှောက်ရည်.....၁ဇွန်း
ပြုလုပ်နည်း
========
ဘဲကိုဆေးကြောသန့်စင်ပြီးဟင်းခတ်မှူန့် ပဲငံပြာရည်.. .သကြား...ခရုဆီတို့နဲ့ရောနယ်ကာ.၂နာရီခန့် နှပ်ထားပါ။
ရေတစ်လီခွဲခန့်ဆူအောင်တည်ပြီးနာနာပွင့်..ကြက်သွန်ဖြူ ဂျင်းနဲ့..ပဲနှောက်ရည်တို့ကိုထည့်၍.ရေပွက်ပွက်ဆူပါကဘဲထည့်ကာ အဖုံးအုပ်၍..မီးပြင်းပြင်းနဲ့နာရီဝက် မီးအရှိန်လျှော့ကာ.မီးဖြည်းဖြည်းဖြင့်မီနစ်၄၀ပေါင်းပါ...အပေါ့အငံမြည်းပြီးဘဲသားနူးပြီးဆိုပါက မီးပိတ်ကာ.အနေတော်လှီးဖြတ်၍အချဉ်ရည်ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီးရှင့်။ကြက်သားနဲ့လဲပေါင်းလို့ရပါတယ်။
အချဉ်ရည်လုပ်နည်း
===============
ကြက်သွန်ဖြူ ငရုပ်သီးစိမ်းညှက်အောင်ထောင်းပြီး.လျှာလကာရည်နဲ့သကြား..ငါးငံပြာရည်တို့ဖြင့်ရောဖျော်ကာ...ဘဲပေါင်းနဲ့တွဲဖက်သုံးဆောင်နိုင်ပါပြီးရှင့်။.

Thida lay lay

No comments:

Post a Comment