မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday 30 January 2016

ငှက်ပျောဆနွင်းမကင်း
















ငှက်ပျောဆနွင်းမကင်း


ပါဝင်ပစ္စည်း
******
ရခိုင်ငှက်ပျောသီး - အလုံး၂၀
ဂျုံမှုန့် - ၁၀၀ဂရမ်
ရွှေကြည်မှုန့် အနု - ၁၀၀ဂရမ်
ကြက်ဥ - ၃လုံး
သကြား - ၁၂၀ဂရမ်
ထောပတ်/ဆီ -၁၀၀ဂရမ်
သစ်သီးခြောက်အရော - ၁၀၀ ဂရမ် (စပျစ်ခြောက်)
အုန်းနို့ခရင်မ် - ၃၀၀ ml
အုန်းသီးမှုန့် - တစ်ပန်းကန် ၃၀ ဂရမ်
ဆား - လ္ဘက်ဇွန်း တဝက်
အရောင်အနီ - ၃စက်
ဘိန်းစေ့ - တစ်ဇွန်း Tbsp
ပြင်ဆင်ပြုလုပ်နည်း
**********
(၁)ဦးစွာပထမဇလုံတခုတွင်ငှက်ပျောသီးမှည့်ကိုအာလူးချေတံဖြင့်ချေပေးပါ။
(၂)အားလုံးကြေပါကကျန်ပါဝင်ပစ္စည်းများအားလုံးကို(ဘိန်းစေ့မှအပ)တခုဆီထည့်ပြီးမွေပေးပါ။ဂျုံလုံးများမဖြစ်စေရန်သေချာမွေပေးပါ။
(၃)ပြီးလျှင်အိုးတခုတွင်ထည့်ပြီးမီးပေါ်တင်ကာဆီပြန်လုံးလာသည်ထိမွေပေးပြီးဆီလူးထားသောမုန့်ဖုတ်ဘမ်းတွင်မုန့်နှစ်ကိုလောင်းထည့်ပါ။
(၄)မျက်နှာပြင်ညီအောင်လုပ်ပြီးအပေါ်မှဘိန်းစေ့ဖြူးကာအပေါ်မီးများများအောက်မီးနည်းနည်းဖြင့်ဖုတ်ပါ။Ovenအပူချိန်အပေါ်၂၂၀ဒီဂရီအောက်၁၂၀ဒီကရီဖြင့်၃၀မိနစ်ခန့်ဖုတ်ပါ။၁၅မိနစ်တခါလှည့်ပေးပါ။
(၅)မုန့်မျက်နှာပြင်အရောင်ရလျှင်မုန့်ဘမ်းအလယ်ကိုတုတ်သေးသေးဖြင့်ထိုးကြည့်၍မုန့်သားကျက်မကျက်စစ်ကြည့်ပြီးမုန့်သားကျက်ပါကထုတ်ယူအအေးခံ၍လိုသလိုလှီးဖြတ်ပြီးသုံးဆောင်နိုင်ပါပြီ ။


Sofia Food Paradise 

ကြက်ဥပူတင်း ♡ Pudding with Gelato


















ကြက်ဥပူတင်း ♡ Pudding with Gelato


ပါဝင်ပစ္စည်း
********
ကြက်ဥ - ၆လုံး
နွားနို့ - ၆၅၀ ml
နို့ဆီ - တစ်ဘူး
ဗနီလာ အနံ့ - လ္ဘက်ဇွန်း တစ်ဇွန်း
ဂျုံ - ၅၀ဂရမ် (၄ဇွန်း စားပွဲဇွန်း)
ပြင်ဆင်ပြုလုပ်နည်း
*************
(၁)ovenကိုအပူချိန်၂၀၀ဒီဂရီအပူပေးထားပါ။မုန့်ဖုတ်မည့်ဘမ်းကိုထောပတ်လူးထားပါ။
(၂)ကြက်ဥ၊နို့ဆီ၊နွားနို့၊ဗီနီလာဂျုံတို့ကိုကြိ တ်စက်တွင်ထည့်ပြီးကျေညက်အောင်ကြိတ်ပါ။
(၃)ကျေညက်ပါကအိုးတခုထည်းသို့ဇကာဖြင့်စစ်ချပြီးထည့်ပါ။
(၄)ပြီးလျှင်မီးဖိုပေါ်တွင်မီးအနေတော်ဖြင့်တည်ပြီးမွေတံဖြင့်အဆက်မပျက်မွေပေးပါ။အခဲများမဖြစ်စေရန်မွေပါ။
(၅)ပူတင်းအနှစ်များစတင်ပျစ်လာပါကထောပတ်လူးထားသောဘမ်းတွင်လောင်းထည့်ပြီးမျက်နှာပြင်ညီအောင်ပြုလုပ်ပြီးovenတွင်မိနစ်၃၀ခန့်မျက်နှာပြင်အရောင်ရသည်ထိဖုတ်ပေးပါ။
(၆)အလယ်မုန့်သားကျက်မကျက်အချွန်တခုဖြင့်ထိုးကြည့်ပါ။ကြက်ဥနှစ်များကပ်ပါမလာတော့ပါကပူတင်းသားကျက်ပါပြီ။
(၈)ပူတင်းသားကျက်ပါကရေခဲသေတ္တာတွင်လုံးဝအေးသွားသည်ထိအအေးခံပြီးလိုသလိုလှီးဖြတ်တည်ခင်းသုံးဆောင်နိုင်ပါပြီ။

Sofia Food Paradise