မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, 8 February 2016

အသည်းကင်ဆာအတွက် အိမ်တွင်းကုထုံး















အသည်းကင်ဆာအတွက် အိမ်တွင်းကုထုံး
အသည်းကင်ဆာရောဂါဖြစ်နေသူများအနေနဲ့ အရမ်းကြီးလည်း စိတ်ဓါတ်ကျသွားစရာ မလိုပါ။ ငွေကြေးမတတ်နိုင်လို့ ဆေးရုံမတက်နိုင်ရင်တောင်မှ ရိုးရာဆေးနည်းများနှင့် အနည်းဆုံး ကိုယ်တိုင်လုပ် အိမ်တွင်းကုထုံးများနဲ့ ကုသပြီး ပြန်လည်သက်သာလာတဲ့ အသည်းကင်ဆာသမားတွေ အမြှောက်အများ ရှိနေပါတယ်။
အသည်းကင်ဆာအတွက် တကယ်ထိရောက်တဲ့ အိမ်တွင်းကုထုံးလေးကို မျှဝေပေးလိုက်ပါတယ်။
(၁) ကြက်သွန်ဖြူခပ်များများနှင့်ကြက်သားကို ပေါင်းပါ။
(၂) ဂျင်ဆင်း၏အမြစ်ကို ပြုတ်၍ အအေးခံထားပါ။
(၃) ဂျင်ဆင်းမြစ်ပြုတ်ရည်ကို လက်ဖက်ရည်ခွက် တစ်ခွက်ခန့် ကြက်ပြုတ်ရည်ထဲသို့ ပေါင်းထည့်၍ တစ်နေ့ကို အနည်းဆုံး 500ml ခန့် သောက်ပေးပါ။
သတိပြုရန် - မွေးမြူရေးကြက်မဟုတ်ပဲ သဘာဝအိမ်ကြက်နှင့် ဂျင်ဆင်းစစ်စစ်ရပါက ပိုကောင်းပါတယ်။ ကြက်သားကိုပေါင်းစဉ် ဆား၊ အချိုမှုန့်၊ ဟင်းခတ်အမွှေးအကြိုင်များ လုံးဝမတည့်ပဲ ကြက်သွန်ဖြူများများသာ ထည့်ပါ။
ဂျင်ဆင်းမြစ်ကို တိုင်းရင်းဆေးဆိုင်များ၊ တရုတ်ရိုးရာဆေးဆိုင်များတွင် မေးမြန်း၍ ၀ယ်ယူရရှိနိုင်ပါတယ်။ အကိုင်းကူး၍လည်း ကိုယ်တိုင်စိုက်ပျိုးနိုင်ပါတယ်။ တစ်ကမ္ဘာလုံးတွင် အဖိုးတန်လှသော ဂျင်ဆင်းကို စိုက်ပျိုးနေကြပြီဖြစ်သော်လည်း ကိုရီးယားနိုင်ငံမှဂျင်ဆင်းသည် တန်ဖိုးအမြင့်ဆုံးနှင့် ဆေးစွမ်းအထက်ဆုံးဖြစ်ကြောင်း သိရပါတယ်။
အသည်းကင်ဆာရောဂါမဖြစ်သူများလည်း ကြိုတင်ကာကွယ်သည့်အနေဖြင့်
သောက်နိုင်သလို ကင်ဆာနောက်ဆုံးအဆင့် ရောက်နေသူများလည်း ဒီဆေးနည်းကိုသောက်၍ ပြန်လည်သက်သာလာသူများ ရှိခဲ့ပါတယ်။
ငွေကျပ်သိန်းပေါင်းများစွာ အကုန်အကျခံ၍ အသည်းကင်ဆာရောဂါကို ဆေးရုံတက်၍ ကုသရန် အခက်အခဲရှိနေသော ဝေဒနာရှင်များအနေဖြင့် ငွေကုန်ပိုမိုသက်သာစေမည့် အိမ်တွင်းကုထုံးလေးကို မျှဝေပေးခြင်းဖြစ်ပါတယ်။
ဒီဆေးနည်းလေးကိုလည်း အသည်းကင်ဆာရောဂါကိုခံစားနေရသော ဝေဒနာရှင်များအတွက် Share တစ်ချက်ဖြင့် မျှဝေပေး၍ ကုသိုလ်ယူနိုင်ကြပါတယ်။
 Dr.Marie Online Clinic

အဆိပ် အတောက်များကို ဖယ်ရှားနိုင်သည့် အစားအစာ(၁၀) မျိုး






















အဆိပ် အတောက်များကို ဖယ်ရှားနိုင်သည့် အစားအစာ(၁၀) မျိုး

ခန္ဓာကိုယ် အတွင်းမှ အဆိပ် အတောက်များကို ဖယ်ရှားနိုင်သည့် အစားအစာ(၁၀) မျိုး
(၁) အသီးအနှံ သင့်ခန္ဓာကိုယ်မှ အဆိပ်တွေ ဖယ်ရှားနိုင်တဲ့ နည်းလမ်းတွေ မျိုးစုံ ရှိပါတယ်။
ဒီအထဲက အကောင်းဆုံး နည်းဟာ အစားအစာ စားပြီး သဘာဝ အလျောက် အဆိပ် ဖယ်ရှားတဲ့ နည်းလမ်းမို့ ကိုယ်တွင်း အဆိပ်တွေ ဖယ်ရှားနိုင်တဲ့ အစားအစာ တွေကို ဖော်ပြ ပေးလိုက်ပါတယ်။
အသီးအနှံ တွေဟာ များသော အားဖြင့် အရည်ရွှမ်း တတ်တာကြောင့် ခန္ဓာကိုယ်မှ အဆိပ်တွေ ဖယ်ရှားဖို့ ကူညီနိုင်ပါတယ်။ အသီးတွေဟာ အစာကြေလွယ်ပြီး ဓာတ်တိုး ဆန့်ကျင်ပစ္စည်း၊ အာဟာရဓာတ်နဲ့ အမျှင်တွေလည်း များစွာပါဝင်ကာ ဗီတာမင်စီလိုမျိုး ခန္ခာကိုယ်အတွက် အရေးကြီးတဲ့ ဗီတာမင်ဓာတ်တွေလည်း အများအပြား ပါဝင်ပါတယ်။
(၂) အစိမ်းရောင်အစာများ
ခန္ဓာကိုယ်မှ အဆိပ်တွေပြေဖို့ စိမ်းပြာရောင် ရေညှိ၊ ဘာလီ၊ ကိုက်လန်၊ ဟင်းနုနယ်နဲ့ အစိမ်းရောင် ဟင်းရွက်တွေ များများစားပါ။ အဲဒီအရွက်တွေမှာ အစာချက် နိုင်တဲ့ ကလိုရို ဖေးတွေ ပါဝင်လို့ပါ။ ကလိုရိုဖေးဟာ ပတ်ဝန်းကျင်မှ တစ်ဆင့် ခန္ဓာကိုယ် တွင်းသို့ ဝင်ရောက် နေတဲ့ မီးခိုးငွေ့၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ သန့်စင်ပစ္စည်းနဲ့ ဓာတုပစ္စည်း အစ ရှိတာတွေမှ ထွက်ရှိလာတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်လို့ပါ။ ဒါ့အပြင် အသည်းမှ အဆိပ်ကိုလည်း ဖယ်ရှားနိုင်ပါတယ်။
(၃) ရှောက်သီး၊ လိမ္မော်သီးနှင့် သံပရာသီး
ဒီအချဉ် အရသာရှိတဲ့ အသီးတွေဟာ ခန္ဓာကိုယ်မှ အဆိပ်တွေ စွန့်ပစ်ဖို့ ကူညီနိုင်တဲ့ အပြင် အသည်းမှ အဆိပ် ဖယ်ရှားတဲ့ ဖြစ်စဉ်ကိုလည်း ကူညီ နိုင်ပါတယ်။ နေ့စဉ် မနက် အိပ်ရာထတိုင်း ရေနွေးတစ်ခွက်ထဲ ရှောက်ရည်ညှစ်ပြီး သောက်ပေးပါ။ ဗီတာမင်စီဟာ အဆိပ်ဖြေဖို့ အကောင်းဆုံး ဗီတာမင်ဖြစ်ပြီး အဆိပ်တွေကို အစာခြေနိုင်တဲ့ အင်ဇိုင်းအဖြစ် ပြောင်းလဲနိုင်ပါတယ်။
(၄) ကြက်သွန်ဖြူ
ကြက်သွန်ဖြူဟာ အသည်းမှ အဆိပ်ဖြေနိုင်တဲ့ အင်ဇိုင်းတွေ ထွက်လာအောင် လှုံ့ဆော် ပေးတာကြောင့် အစာခြေစနစ်အတွင်းမှ အဆိပ် အကြွင်းအကျန်တွေကို စစ်ထုတ် ပေးနိုင်ပါတယ်။ ကြက်သွန်ဖြူကို အစိမ်းအတိုင်း ဒါမှမဟုတ် ဟင်းထဲထည့်ပြီး ချက်စားပါ။
(၅) အစိမ်းရောင် ပန်းဂေါ်ဖီ အညှောက်
ဓာတ်တိုး ဆန့်ကျင် ပစ္စည်း အများအပြား ပါဝင်တာမို့ အစာခြေ လမ်းကြောင်းမှ အဆိပ်ဖြေတဲ့ အင်ဇိုင်းတွေ ထုတ်လုပ်နိုင်အောင် လှုံ့ဆော်ပေးပါတယ်။ အညှောက်ဟာ အပွင့်ထက်ပိုပြီး ထိရောက်မှု ရှိပါတယ်။
(၆) လက်ဖက်ရည်ကြမ်း
ဓာတ်တိုးဆန့်ကျင် ပစ္စည်း အများအပြား ပါဝင်တာမို့ လက်ဖက်ရည် ကြမ်းဟာ ကိုယ်တွင်း စနစ်အတွင်းမှ အဆိပ်တွေ ဖယ်ရှားနိုင်ရုံမက သူ့မှာ ပါဝင်တဲ့ Catechins ဆိုတဲ့ ဓာတ်တိုး ဆန့်ကျင် ပစ္စည်းကြောင့် အသည်းရဲ့ လုပ်ငန်းဆောင်တာလည်း ပိုကောင်းစေပါတယ်။
(၇) ပဲစေ့ အမျိုးမျိုး
အစာခြေရ လွယ်ကူပြီး အူနံရံအတွင်း အဆိပ် အကြွင်းအကျန် တွေကို စုပ်ယူနိုင်ပါတယ်။
(၈) ဟင်းသီးဟင်းရွက် အစိမ်းများ (Raw Vegetable)
ကြက်သွန်နီ၊ မုန်လာဥနီ၊ ကညွတ်၊ ဂေါ်ဖီထုပ်၊ အစိမ်းရောင် ပန်းဂေါ်ဖီ၊ ကိုက်လန်၊ မုန်ညင်း၊ ပန်းဂေါ်ဖီ၊ ကြက်သွန်ဖြူ၊ နနွင်းနဲ့ ဟင်းမွှေးရွက်တွေကို မချက်ပြုတ်ဘဲ အစိမ်းတိုင်းစားရင် အသည်းမှ အဆိပ်သန့်စင်တဲ့ လုပ်ငန်းကို ကူညီနိုင်ပါတယ်။ အဲဒီအစာတွေမှာ ဆာလဖာနဲ့ ဂလူတာသီရုန်းတွေ များစွာ ပါဝင်ပါတယ်။ ဆာလဖာဟာ အသည်းမှ ဓာတုပစ္စည်း အဆိပ်တွေကို ဖယ်ရှား ပေးနိုင်ပါတယ်။
(၉) အစေ့နှင့် အခွံမာသီးများ
ဖရုံစေ့၊ ဗာဒံစေ့၊ သီဟိုဠ်စေ့၊ နှမ်းစေ့နဲ့ နေကြာစေ့တွေဟာ အစာကြေလွယ်ပြီး အဆိပ်တွေကို ဖယ်ရှားနိုင်ပါတယ်။ အဆိပ် ဖြေနေစဉ် အတွင်း အခွံမာသီးနဲ့ ပြုလုပ်တဲ့ ထောပတ် (ဥပမာ-မြေပဲ ထောပတ်) ကို ရှောင်ထားပါ။
(၁ဝ) အိုမီဂါ ၃ အဆီ
ထောပတ်သီး၊ သံလွင်ဆီ ဒါမှမဟုတ် ဂုန်လျှော်စေ့ ဆီကို အဆိပ်ဖြေစဉ်မှာ အသုံးပြုပါ။ အူနံရံတွေကို ချောဆီ ဖြစ်စေကာ အဆိပ်တွေကို စုပ်ယူနိုင်ပြီး ခန္ဓာကိုယ်မှ စွန့်ပစ်နိုင်လို့ပါ။ စားသင့်သော အစားစာတွေ ဖြစ်ပါတယ်။