မင်္ဂလာပါ အာရှရွှေကမ္ဘာမြေမှနွေးထွေးစွာကြိုဆိုပါတယ် အခုလိုအလည်လာရောက်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ် အာရှရွှေကမ္ဘာမြေသို့အလည်ရောက်ရှိလာကြသော မိတ်ဆွေသူငယ်ချင်းများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, 30 January 2016

မြေဇာဥဆနွင်းမကင်း♡ Water Chestnut Cake





















မြေဇာဥဆနွင်းမကင်း♡  Water Chestnut Cake


မြေဇာဥဆနွင်းမကင်းကခွာ၇တာအနည်းငယ်လက်ဝင်ပြီးအ၇သာမှာတော့အမှန်တကယ်ကိုထူးခြားလှပါတယ်။Sis Lin Thawdar ရဲ့နည်းလေးဖြစ်ပါတယ် ။ကျေးဇူးပါ Sis smile emoticon
ပါဝင်ပစ္စည်း
*******
မြေဇာဥ - တစ်ကီလို
ဂျုံမှုန့် - ၂၀၀ ဂရမ်
ေ၇ွှကြည် - ၅၀ ဂရမ်
အုန်းနို့ - ၂၀၀ ml
သကြား - ၁၅၀ ဂရမ်
ထောပတ် - ၂၀၀ ဂရမ်
ကြက်ဥ - ၂လုံး
အုန်းသီးခြောက်မှုန့် - ၂ဇွန်း စားပွဲတင်ဇွန်း
ဘိန်းစေ့ - ၂ဇွန်း
ပြင်ဆင်ပြုလုပ်နည်း
*************
(၁)မြေဇာဥကိုအခွံသင်ေ၇ဆေးသန့်စင်ပြီးကြေညက်အောင်ကြိတ်ထားပါ။ကြေညက်၇န်မလွယ်ကူပါကအုန့်နို့ထည့်ပြီးကြိတ်ပါ။
(၂)ပြီးလျှင်အိုးတခုတွင်ပါဝင်ပစ္စည်းများအားလုံးဘိန်းစေ့နှင့်အုန်းသီးမှအပအားလုံးထည့်ပြီးသမအောင်မွေကာမီးအေးအေးဖြင့်ဆီပြန်လုံးလာသည်ထိကျိုပေးပါ။
(၃)လုံးလာပါကမုန်ဖုတ်မည့်ဘမ်းတွင်ထည့်ပြီးကျစ်နေအောင်ဖိပေးပါ။
(၄)မျက်နှာပြင်ချောမွေ့ပါကဘိန်းစေ့နှင့်အုန်းသီးခြောက်မှုန့်ဖြူးကာovenတွင်၂၀၀ဒီဂရီဖြင့်မိနစ်၂၀ခန့်ဖုတ်ပြီးအေ၇ာင်၇ပါကအအေးခံကာလိုသလိုလှီးဖြတ်သုံးဆောင်နိုင်ပါပြီ။

Sofia Food Paradise  

ချောကလတ်အုန်းနို့ကျောက်ကျော























ချောကလတ်အုန်းနို့ကျောက်ကျေ


ချောကလတ်အုန်းနို့ကျောက်ကျောကိုချောကလတ်အလွှာကို၁/၃နှင့်အုန်းနို့အလွှာကို၂/၃ဖြင်ပြုလုပ်ထားပါတယ်။တယ်လီဖုန်းအသေးတထုပ်ကိုရေ၁၅၀၀mlသကြား၃၀ကျပ်သားဖြင့်မိမိပြုလုပ်လိုသောကျောက်ကျောကိုချိန်ဆပြီးပြုလုပ်နိုင်ပါတယ်။
လိုအပ်သောပစ္စည်း
**********
(၁)ချောကလတ်အလွှာအတွက်
ကျောက်ကျောမှုန့် - ၁/၃ ပုံ
(တယ်လီဖန်းအသေးတထုပ် ၂၅ဂရမ်)
ချောကလတ် - ၂၀၀ ဂရမ်
သကြား - ၂ဇွန်း
ရေ - ၅၀၀ ml
(၂)အုန်းနို့အလွှာအတွက်
အုန်းနို့ခရမ် - ၃၀၀ ml
ရေ - ၇၀၀ ml
သကြား - ၃၀၀ ဂရမ် (၂၀ကျပ်သား)
ကျောက်ကျောမှုန့် - ၂/၃ပုံ
ပြင်ဆင်ပြုလုပ်နည်း
**********
(၁) ချောကလတ်အလွှာအတွက်ရေ ၊ ချောကလတ်သကြားတို့ကိုအိုးတခုတွင်ထည့်ပြီးအရင်ကျိုပါ။
(၂)ပွက်ခါနီးတွင်ကျောက်ကျောမှုန့်ကိုရေအနည်းငယ်ဖြင့်ဖျော်ပြီးထည့်ပါ။
(၃)ဆူပွက်ပါမီးအနည်းငယ်ဖြင့်ကျောက်ကျောမှုန့်ပျော်အောင်မွေပေးပါ။
(၄)ကျောက်ကျောမှုန့်ပျော်ပါကအအေးခံမည့်ဘမ်းသို့ထည့်ပြီးအအေးခံထားပါ။
(၅)အအေးခံထားစဉ်အပေါ်အုန်းနို့လွှာအတွက်ပြင်ဆင်ပါ။
(၆)အိုးတခုဖြင့်ရေအုန်းနို့သကြားတို့ကိုရောပြီးကျိုပေးပါ။
(၇)ပူလာပါကကျောက်ကျောမှုန့်ကိုရေဖျော်ထည့်ပြီးမီးနည်းနည်းဖြင့်ဆူအောင်တည်ပါ။
(၈)ကျောက်ကျောမှုန့်ပျော်ပါကအအေးခံထားသောချောကလတ်အလွှာအပေါ်မှဇွန်းခံပြီးသာသာလေးလောင်းထည့်ကာအအေးခံ၍လိုသလိုလှီးဖြတ်ပြီးသုံးဆောင်နိုင်ပါပြီ။ချောကလတ်အုန်းနို့ကျောက်ကျောကိုချောကလတ်အလွှာကို၁/၃နှင့်အုန်းနို့အလွှာကို၂/၃ဖြင်ပြုလုပ်ထားပါတယ်။တယ်လီဖုန်းအသေးတထုပ်ကိုရေ၁၅၀၀mlသကြား၃၀ကျပ်သားဖြင့်မိမိပြုလုပ်လိုသောကျောက်ကျောကိုချိန်ဆပြီးပြုလုပ်နိုင်ပါတယ်။

Sofia Food Paradise